ဘဝမှာ သင်လိုချင်တဲ့ ရလဒ်တွေကို ရအောင်လုပ်ဖို့ ပြောင်းလဲပစ်ရမယ့် အရာ

သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို မြင့်တင်ဖို့ အရေးကြီးတဲ့အရာ အပိုင်း (၂)
August 17, 2020
သင်ကိုယ်တိုင်ရဲ့ လုပ်ငန်းဦးဆောင်မှု အမှားတွေကနေ သင်ယူသင့်တဲ့ အကြောင်းရင်း (၄) ခု
August 17, 2020

ဘဝမှာ သင်လိုချင်တဲ့ ရလဒ်တွေကို ရအောင်လုပ်ဖို့ ပြောင်းလဲပစ်ရမယ့် အရာ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ကိုယ်လက်ရှိ ရနေတဲ့ ရလဒ်တွေကို ပြောင်းချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ အတွေးတွေကို ပြောင်းဖို့လိုတယ်။ ကျွန်တော်တို့အတွေးရဲ့ အရည်အသွေးက ရလဒ်ရဲ့ အရည်အသွေးကို ဆုံးဖြတ်တယ်။ ဆိုလိုတဲ့သဘောက အတွေးကောင်းမှ ရလဒ်ကောင်းမယ်။ အတွေးမကောင်းရင် ရလဒ်မကောင်းဘူး။ အဲဒီတော့ လူတွေ သူတို့ရဲ့ဘဝမှာ သူတို့လိုချင်တာကို မရရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတော့ သူတို့ဟာ စဉ်းစားပုံ စဉ်းစားနည်းနဲ့ အတွေးအခေါ်တွေ မပြောင်းလဲဘဲနဲ့ ရလဒ်ကိုပဲ ပြောင်းချင်နေကြတယ်။ ဆိုလိုတဲ့သဘောက လုပ်နေကျ အရာတွေကိုပဲ လုပ်နေရင် ရနေကျ အရာတွေပဲ ရနေမယ်။

အဲဒီအတွက်ကြောင့် သူတို့ အဲဒီလိုပဲ ဆက်လုပ်နေရင် ဘယ်လိုမှ ပြောင်းလဲမှာ မဟုတ်ဘူး။ အဲဒီတော့ ဘာလုပ်ရမလဲ။ တစ်ကယ်စစ်မှန်တဲ့ အပြောင်းလဲတွေ လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ ပြောင်းလဲရမှာက ဘာလဲ။

ကိုယ့်မှာရှိတဲ့ အတွေးတွေ ပြောင်းရတော့မယ်ဆိုတာ ကျွန်တော်တို့ လက်ခံဖို့လိုတယ်။ အရေးကြီးတာ ဘာလဲဆိုတော့ ကျွန်တော် ဆွေးနွေးဖူးတယ်။ ကောင်းတဲ့အတွေးတွေကနေပြီးတော့ ကောင်းတဲ့ခံစားမှုတွေ ဖြစ်လာတယ်။ ကောင်းတဲ့ခံစားမှုတွေကနေ ကောင်းတဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာတယ်။ ကောင်းတဲ့ လုပ်ဆောင်ချက်တွေကနေ ကောင်းတဲ့ရလဒ်တွေရနိုင်တယ်။

အဲဒီတော့ ကိုယ်အခုအချိန်မှာ ရလဒ်တွေ မကောင်းဘူးဆိုရင် ကိုယ်လုပ်တဲ့ လုပ်ဆောင်ချက်တွေ မကောင်းဘူးလို့ နားလည်ရမယ်။ လုပ်ဆောင်ချက်တွေ ဘာလို့မကောင်းလဲ။ ကျွန်တော်တို့ ခံစားမှုနဲ့ အတွေးတွေက မကောင်းဘူး။ အဲဒီတော့ အဲဒါကို ကျွန်တော်တို့အနေနဲ့ နားလည်ပြီးတော့ ကိုယ်ရဲ့အတွေးတွေကို ပြောင်းလဲနိုင်ဖို့အတွက် နည်းလမ်းတွေ ရှာဖို့လိုတယ်။ ပြောင်းလဲဖို့အတွက် နည်းလမ်းတွေ ရှာနိုင်ဖို့ ဘာတွေလုပ်လို့ရလဲ။ ကျွန်တော်တို့ မကောင်းတဲ့ အတွေးတွေက ဘယ်ကလာလဲဆိုရင် မကောင်းတဲ့ ခံစားမှုတွေကနေ လာတယ်။

အဲဒီတော့ မကောင်းတဲ့အတွေးတွေ ဖြစ်မလာဖို့အတွက်ဆိုရင် ကောင်းတဲ့အတွေးတွေနဲ့ အစားထိုးရမယ်။ ကောင်းတဲ့အတွေးတွေနဲ့ အစားထိုးဖို့အတွက်ဆိုရင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ။

မနက်ခင်းမှာ ကျွန်တော်တို့ အိပ်ယာက နိုးလာပြီဆိုရင် ကောင်းတဲ့စာလေးတွေ ဖတ်ပါ။ ဒါမှမဟုတ် ဘုရားရှိခိုးလို့ ရတယ်၊ မေတ္တာပို့တာတွေ လုပ်လို့ရတယ်။ ဒါမှမဟုတ်ရင် ကိုယ့်ရဲ့အသိပညာ တိုးစေမယ့်၊ ကိုယ့်ကို ကောင်းတဲ့ဘက်ကို ပြောင်းလဲစေမယ့် စာလေးတွေ ဖတ်တာ အများကြီး အကျိုးရှိစေမယ်။ ဒါမှမဟုတ်ရင် YouTube တွေ ဘာတွေမှာ ကိုယ်က English လို နားလည်ရင်လည်း Talk လေးတွေ နားထောင်လို့ ရနိုင်တယ်။ စာအုပ်တွေ ရှိတယ်ဆိုရင်လည်း စာအုပ်တွေ ဖတ်နိုင်ပါတယ်။

အဲဒီလိုမျိုးတွေ လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ဦးနှောက်ကို မနက်စောစောစီးစီးမှာ ပြောင်းလဲပေးလိုက်တယ်ဆိုရင် မနက်ခင်းမှာ သာယာဖို့အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။

နောက်တစ်ခု ဘာလုပ်လို့ရလဲဆိုရင် မနက်ခင်းမှာ ကိုယ့်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ကိုယ်ဖြစ်ချင်တဲ့ Goal တွေ ချရေးလိုက်ပါ။ အဲဒီတော့ တစ်နေ့လုံးမှာ ကိုယ့်ရဲ့ အဲဒီ Goal ကို ရအောင်လုပ်မယ်လို့ စဉ်းစားတဲ့အတွက်ကြောင့် ကိုယ်က ပျော်တယ်။ အခက်ခဲတွေ ရှိလို့ရင်လည်း ငါဒါတွေကို ကျော်နိုင်ရင်တော့ ကိုယ်လိုချင်တဲ့ ရည်းမှန်းချက်တွေ ရမှာပဲဆိုတဲ့ စိတ်တွေရှိတယ်။

အဲဒီအခါကျတော့ ဘဝက ကျေနပ်စရာကောင်းတယ်။ ဒါမှမဟုတ်ရင် ကိုယ့်မှာ လက်ရှိရှိနေပြီးသား အောင်မြင်နေတဲ့အချက်တွေ ပျော်ရွှင်စရာကောင်းတဲ့အချက်တွေကို ချရေးပါ။ ချရေးရင် စိတ်က ကြည်လင်သွားပါလိမ့်မယ်။

အဲဒီတော့ တစ်နေ့တာမှာ ကိုယ်ဖြတ်သန်းရတာ အများကြီး အဆင်ပြေသွားလိမ့်မယ်။ ပြီးတော့ ကိုယ့်ရဲ့ Team Member တွေကိုလည်း အဲဒီအချက်လေးတွေ သင်ပေးလို့ ရတယ်။ အဲဒါဆိုရင် လုပ်ငန်းခွင်က ပိုပြီးတော့ သာယာလာလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးတင်တဲ့ အချက်လေးတွေ ချရေးမယ်ဆိုရင်လည်း ပျော်ရွှင်တဲ့လုပ်ငန်းခွင် ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ရလဒ်တွေပြောင်းချင်တယ်ဆိုရင် ကိုယ့်ရဲ့အတွေးတွေ ပြောင်းဖို့လိုတယ်။ အတွေးတွေ ပြောင်းဖို့ဆိုရင် ပြောင်းလဲနိုင်တဲ့၊ ထိရောက်တဲ့ နည်းစနစ်လေးတွေ လေ့လာထားဖို့ လိုတယ်။ လေ့လာပြီး တကယ်လည်း အသုံးချဖို့ လိုပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial