သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို မြင့်တင်ဖို့ အရေးကြီးတဲ့အရာ အပိုင်း (၂)

သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို မြင့်တင်ဖို့ အရေးကြီးတဲ့အရာ အပိုင်း(၁)
August 14, 2020
ဘဝမှာ သင်လိုချင်တဲ့ ရလဒ်တွေကို ရအောင်လုပ်ဖို့ ပြောင်းလဲပစ်ရမယ့် အရာ
August 17, 2020

သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို မြင့်တင်ဖို့ အရေးကြီးတဲ့အရာ အပိုင်း (၂)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

အမျှော်အမြင်ရှိမှုဟာ ကျွန်တော်ပြောသလိုပဲ အဓိကက အဖွဲ့အစည်းမှာ ဘယ်လိုမျိုးပြဿနာတွေကို ရင်ဆိုင်နေရတာလဲ ဒီပြဿနာတွေက ဘယ်ကနေဖြစ်လာတာလဲ အခုဘယ်လိုဖြစ်နေတာလဲ နောင်ဆိုရင်ကော ဘယ်လိုဖြစ်လာမလဲ ဒါတွေနဲ့ ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းရမလဲ။ အဲဒါမျိုးတွေကို ကျွန်တော်တို့ ဖြေရှင်းဖို့ ဖြစ်လာတယ်။ အဲဒီတော့ ကျွန်တော်တို့ သတင်းအချက်လက်တွေ အကုန်လုံးကလည်း မသိနိုင်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ အမျှော်အမြင်ကို အခြေခံပြီးတော့ ဆုံးဖြတ်ချက်တွေ ချရတယ်။အဲဒါကြောင့် ခေါင်းဆောင်တွေမှာ အမျှော်အမြင်ရှိမှုက မဖြစ်မနေ အရေးပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ရောဂါတွေကပ်ဆိုးတွေ ဖြစ်တယ်။ တစ်ခြားနိုင်ငံတွေ တစ်ကမ္ဘာလုံးနဲ့ ဆက်စပ်နေတဲ့အခါကျတော့ ကိုယ့်နိုင်ငံမှာ မဖြစ်သေးရင်တောင်မှ ဖြစ်လာမလားဆိုပြီး စိုးရိမ်ပူပန်ရတာတွေရှိတယ်။ အကယ်လို့ ဖြစ်လာခဲ့တဲ့အခါကျရင်ကော ကျွန်တော်တို့ ဘာတွေဖြစ်လာနိုင်လဲ။ ပြီးတော့ နောက်ထပ်အကျိုးဆက်တွေ ဘာတွေဖြစ်လာနိုင်လဲ အဲဒါဆိုရင် လုပ်ငန်းက ရပ်သွားနိုင်လား နှေးသွားနိုင်လား ခန့်ထားတဲ့ဝန်ထမ်းတွေ အများကြီးနဲ့ဆို ဘယ်လိုလုပ်မလဲ။ ဒါတွေကို ကျွန်တော်တို့ စဉ်စားရတယ်။

ကျွန်တော်တို့ စဉ်းစားတဲ့အခါမှာ အမျှော်အမြင်ရှိတဲ့ လူတစ်ယောက်က အဲဒီလိုမျိုး နောက်ဆက်တွဲတွေကို စဉ်းစားနိုင်တယ်၊ ဆင်ခြင်နိုင်တယ်၊ တွေးနိုင်တယ်။ ပြီးရင် အမျှော်အမြင်မရှိတဲ့သူက အဲဒီလို စဉ်းစားမှုတွေမရဘူး။ အလိုလိုနေရင်း ပြီးသွားမှာပဲထင်နေတယ်။ ဒီနေရာမှာ အကောင်းမြင်နေပြီးတော့ အရာအားလုံး အဆင်ပြေသွားမှာပဲလို့ ထင်နေလို့မရဘူး။ အဲဒါဘယ်လိုခေါ်မလဲ လောင်းကစား လုပ်တာနဲ့တူတယ် အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ဘာဖြစ်လဲ အတွေ့ကြုံများများ ရှိအောင်လုပ်တယ်။

အသိပညာတွေ များများမြှင့်ထားတယ်ဆိုရင် မကောင်းတဲ့ အဖြစ်ပျက်တွေကြုံလာရင် ဒီဟာတွေနဲ့ပတ်သတ်ပြီး Impact တွေ ကျွန်တော်တို့ သိလာမယ်။ နောက်ဘာကောင်းလဲဆိုတော့ ခေါင်းဆောင်တစ်ယောက်က အတွေ့အကြုံတွေ အသိပညာတွေ များလာတဲ့အခါမှာ ဘာဖြစ်လာလဲဆိုတော့ တစ်ခုခု အခွင့်အလမ်းတွေ ရှိလာပြီဆိုရင် အကောင်းဆုံး အသုံးချနိုင်တယ်။ သူများတွေက အခွင့်အရေး တစ်ခုလိုမမြင်ဘူး။ ဒါပေမဲ့ ကိုယ်ကမြင်တယ် ဘာလို့မြင်လဲဆိုတော့ ကိုယ့်မှာ အတွေ့အကြုံရှိတယ် အသိပညာရှိတယ်။

တခြားသူတွေ ဒီလိုလုပ်ထားဖူးတယ် ကိုယ်သာ ဒီလိုလေးလုပ်လိုက်ရင် ရသွားမယ်။ ဒါလေးကို သိမယ်ဆိုရင် ကျွန်တော်တို့က ကိုယ့်မှာရှိတဲ့ ဗီဇသိစိတ် အလိုလိုသိစိတ်ကို အသုံးချပြီးတော့ အဲဒီအခွင့်အလမ်းကို မြင်တယ်။ အဲဒီတော့ တစ်ချို့တွေက ခေါင်းဆောင်တွေက နာမည်ကျော်တဲ့ ခေါင်းဆောင်တွေ ဒါမှမဟုတ် နယ်ပယ်တစ်ခုမှာ အောင်မြင်နေတဲ့သူတွေ သူတို့တွေကို ကံကောင်းတယ်လို့မြင်တယ်။

ဒါပေမဲ့ တကယ့်တကယ်တမ်းမှာကျတော့ သူတို့က ကံကောင်းတာထက်ကို သူတို့မှာရှိတဲ့ အသိပညာ အတွေ့အကြုံ ဗီဇအသိစိတ် ဒါတွေကိုပေါင်းစပ်ပြီးတော့ သူတို့ရဲ့ကံကို သူတိုဘာသာ ဖန်တီးတာဖြစ်တယ်။ အဲဒါကြောင့် ကိုယ်ကလည်း သူတို့လိုဖြစ်ချင်ရင် သူတို့လိုလုပ်ရမယ် အဲဒီတော့ အဓိကကဘာလဲ ကိုယ့်ရဲ့ အဖွဲ့အစည်းမှာ ဘာတွေ ဖြစ်လာနိုင်လဲ ဘယ်လိုမျိုး အခွင့်အလမ်းတွေ ရှိလာနိုင်လဲ ဘယ်လိုမျိုး အခက်ခဲတွေ ရှိလာနိုင်လဲ အနာဂတ်မှာ အဲဒါတွေကို အရင်တုန်းက ဘယ်သူတွေက ဘယ်လိုဖြေရှင်းခဲ့ကျလဲ အဲဒါတွေကို ကျွန်တော်တို့ လေ့လာဖို့လိုတယ်။

သုတေသန လုပ်ဖို့တယ်။ အဲဒါတွေပြီးရင် ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ အဲဒါလေးတွေကို ဖြစ်နိုင်ရင် ဖြေရှင်းနည်း ၁၊ ၂၊ ၃၊ ၄ ဒီလိုမျိုးလေး ချရေးတတ်တဲ့ အကျင့်မျိုးလေး လုပ်သွားမယ်ဆိုရင် အဲဒါဘာလဲဆိုတော့ ကိုယ်ရဲ့ အမျှော်မြင်ရှိမှုကို ကြိုတင်ပြီးတော့ ပြင်ဆင်ရာရောက်တယ်။ အဲဒါတစ်ခြားသူက လာပြီးတော့ လုပ်ပေးလို့မရဘူး။ ကိုယ့်ဟာကို အချိန်ယူပြီး လုပ်ကြည့်မှရမယ်။ ကိုယ်ဟာကို အချိန်ယူပြီး လုပ်ထားတာက တကယ်ဖြစ်လာတဲ့အချိန်မှာ အများကြီး အကြိုးရှိနိုင်တယ်။

ဥပမာ ကျွန်တော်တို့ဆိုရင် လေယဉ်ပျံစီးသွားရင် အားနေတော့ ဖုန်းတွေဘာတွေပွတ်လို့မရတော့ အဲဒီအချိန်ဆို ကျွန်တော်တို့ အားရင်အားသလိုချရေးတယ် တစ်ခါတစ်လေကျရင် စာသင်တဲ့ အချိန်လေးတွေမှာ ကြားထဲမှာ ဘရိတ်တိုင်းအချိန်လေးတွေရှိတယ်။ ထမင်းစားနားတဲ့ အဲဒီလိုအချိန်လေးတွေမှာ ပြန်ပြီးတော့ သုံးသပ်ပြီးတော့ ရေးတာလေးတွေရှိတယ်။ အဲဒီလို ရေးတဲ့အတွက်ကြောင့် တစ်ခုခုဖြစ်လာပြီဆိုရင် ဒီလိုအခြေနေမျိုးမှာ ကိုယ်က စဉ်းစားပြီးသား ဖြစ်နေပြီဆိုရင် ကိုယ့်အနေနဲ့ ကြုံလာတဲ့အရာတွေကို အခွင်အရေးဆိုရင်လည်း ရယူနိုင်တယ်။ အခက်ခဲဆိုရင်လည်း ကျော်လွှားဖို့အတွက် အများကြီးအဆင်ပြေတယ်။ အဲဒီတော့ အဲဒါလေးကို ကြိုးစားကြည့်ပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial