သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို မြင့်တင်ဖို့ အရေးကြီးတဲ့အရာ အပိုင်း(၁)

သင့်ဘဝရဲ့ ကဏ္ဍအသီးသီးကို တိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ
August 14, 2020
သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို မြင့်တင်ဖို့ အရေးကြီးတဲ့အရာ အပိုင်း (၂)
August 17, 2020

သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို မြင့်တင်ဖို့ အရေးကြီးတဲ့အရာ အပိုင်း(၁)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

အမျှော်အမြင်ရှိမှုနဲ့ ခေါင်းဆောင်မှု ဘယ်လိုပတ်သက်လဲ အဲဒီအပိုင်းလေးကို ဒီနေ့ဆွေးနွေးချင်တယ်။ အမျှော်အမြင်ရှိတယ်ဆိုတာ ဘာလဲ။ အမျှော်အမြင်ရှိတယ်ဆိုတာ ကိစ္စတစ်ခုနဲ့ ပတ်သက်လာရင် အရင်းမြစ်ကို နားလည်နိုင်တယ်။ ဒီအခြေနေတစ်ခုဟာ ဘယ်ကနေ ဦးတည်လာလည်း ပြီးသွားလို့ရှိရင် အခုဘယ်နေရာကို ရောက်နေတာလည်း ဘယ်လိုမျိုးတွေ ဆက်ပြီးဖြစ်လာမှာလည်း ဒါတွေနဲ့ ပတ်သက်ပြီး နားလည်လာမယ်။ ပြီးတော့ တစ်နည်းပြောရရင်တော့ သူမှာ Logic ကျကျ စဉ်းစားတာ ဖြစ်နိုင်သလို ထိုးသွင်းစဉ်းစားတာ အလိုလိုသိတဲ့စိတ်နဲ့ ပေါင်းစပ်စဉ်းစားတာလည်းပါတယ်။

ကိုယ့်ရဲ့ခေါင်းဆောင်မှုကို မြင့်တင်ချင်တဲ့ ဘယ်သူမဆို ကျွန်တော်တို့က အမျှော်အမြင်ရှိမှုက ကိုယ်မှာ မရှိမဖြစ်တဲ့ အရည်အချင်းလို့ လက်ခံရမယ်။ တစ်ဖက်ကတော့ အမျှော်အမြင်ရှိမှု သင်တန်းလို့ အလွယ်တကူ သွားတက်လို့မရဘူး။ အမျှော်အမြင်ရှိချင်ရင် ကိုယ်က အတွေ့အကြုံယူရတယ်။ အတွေ့အကြုံယူပြီးတော့ ကိုယ်က အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးသွားတော့မှပဲ အမျှော်အမြင်က ရှိလာနိုင်တယ်။ ဒါပေမဲ့ တစ်ချို့တွေလည်း အသက်တာကြီးသွားတယ် အမျှော်အမြင်က ရှိမလာဘူး။ အဲဒီလိုမျိုး အခြေနေရောက်မလာအောင်လို့ ကျွန်တော်တို့ ပြင်ဆင်နိုင်တယ်။

အဲဒီတော့ ဒီနေရာမှာက ကျွန်တော်တို့သိရမှာက အမျှော်အမြင်ရှိရင် ဘာကောင်းသလဲ အမျှော်မြင်ရှိရင် ဘာကောင်းလဲဆိုတော့ ကျွန်တော်တို့က ပြဿနာတွေကို ရှာဖွေနိုင်တယ်။ အဓိကပြဿနာကို ရှာဖွေနိုင်တယ်။ ကျွန်တော်တို့မှာ တစ်နေ့တစ်နေ့ ခေါင်းဆောင်ရယ်လို့ ဖြစ်လာရင် ပြဿနာတွေက ပုံနေတာပဲ သေးသေးလေးတွေကော အကြီးကြီးတွေကော ဒီလိုမျိုးတွေ ပုံနေတာ။ အဲဒီအခါမှာ ကျွန်တော်တို့ ဘယ်ပြဿနာက အဓိက ကိုယ်ဖြေရှင်းသင့်တဲ့ ပြဿနာလဲ။ ဒါမျိုးတွေ ကျွန်တော်တို့သိရမယ်။

အဲဒီအခါမှာ အမျှော်အမြင်ရှိရင် ဘာကောင်းလဲ။ အမျှော်အမြင်ရှိရင် ဘာကောင်းလဲဆိုရင် ကျွန်တော်တို့က တစ်ခါတစ်လေကျရင် ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်တွေ ချကျတဲ့အခါမှာ လုံလောက်တဲ့ Information သတင်းအချက်အလက်ဆိုတာ အကုန်မသိနိုင်ဘူး။ ကိုယ့်ကိုယ် ဘယ်သူကမှလဲ အချိန်နဲ့တစ်ပြေးညီ လာပြောပြနေမှာ မဟုတ်ဘူး။ များနိုင်သမျှများအောင် စုတယ်ဆိုတာ မှန်တယ် ဒါပေမဲ့ တစ်ရာမှာ ကိုယ်လိုချင်တဲ့ Information တစ်ရာလုံး ရအောင်လိုတော့ ကျွန်တော်တို့ မလုပ်နိုင်ဘူး။

အဲဒီအခါမှာ ဖြည့်ရတော့မယ် ၉၀ ဖိုးရတယ် ၈၀ ဖိုးရတယ်ဆိုရင် ကျန်တဲ့ ၁၀၊၂၀ ကို ကျွန်တော်တို့ ဘယ်လိုမျိုး လုပ်ရမလဲ။ ကျွန်တော်တို့ရဲ့ ဗီဇ အသိစိတ် ကျွန်တော်တို့ရဲ့ အမျှော်အမြင် ကျွန်တော်တို့ အရင်သိခဲ့တဲ့ အတွေ့အကြုံ အခြေအနေ အသိပညာတွေပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ချရတော့မယ်။ သဘောတရားကဘာလဲ ကိုယ်ခုနတုန်းက ၈၀ ၊ ၉၀ ပဲ ရှိတဲ့ Information က ၈၀၊ ၉၀၊ ပဲ ရတယ်ဆိုရင် ကိုယ့်အနေနဲ့ ကျန်တဲ့နေရာတွေကို စွန့်စားမှုယူပြီးတော့ ဆုံးဖြတ်ရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။

အဲဒီနေရာမှာ ကျွန်တော်တို့ ဘာလိုလာသလဲဆိုတော့ အမျှော်အမြင် လိုလာတယ်။ အမျှော်အမြင် မရှိဘဲနဲ့ ခေါင်းဆောင်တစ်ယောက်က အချိန်နဲ့ တပြေးညီ ဆုံးဖြတ်ချက်တွေချဖို့ဆိုတာ မလွယ်နိုင်ဘူး။ အမျှော်အမြင်မရှိဘဲနဲ့ ပြဿနာတွေကို ဘယ်ဟာကို အဓိက ဖြေရှင်းရမလဲ အဲဒီဟာကို ဘယ်လိုဖြေရှင်းရမှာလဲဆိုတာကို ကျွန်တော်တို့ အနေနဲ့ လွယ်လွယ်ကူကူ ဆုံးဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီအတွက်ကြောင့် ခေါင်းဆောင်တစ်ယောက်ဟာ အမျှော်အမြင်ရှိဖို့လိုတယ်။ ကိုယ့်အနေနဲ့ လူတွေကို လေးစားအားကျတဲ့ ဦးဆောင်သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ့်အမျှော်အမြင်ရှိဖို့ တိုးတက်အောင်လုပ်ဖို့ ပြင်ဆင်သင့်ပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial