ပိုမိုမြင့်မားတဲ့ အခွင့်အလမ်းတွေ ရယူနိုင်ဖို့အတွက်

ကောင်းမွန်တဲ့ အပြောင်းလဲတွေ လုပ်နိုင်ဖို့ ကျော်ဖြတ်ရမယ့် အဓိက အတားအဆီး
August 9, 2020
ရာထူးကို အားကိုးလွန်တဲ့ ဦးဆောင်သူတွေမှာ ရှိတတ်တဲ့ အယူအဆအမှား (၅) ခု
August 11, 2020

ကျွန်တော်တို့ စဉ်းစားကြည့်ရအောင် ကျွန်တော် Leadership သင်တန်း သင်ပေးတဲ့အခါမှာ တချို့လူတွေက လူတွေကို သူတို့က ဦးဆောင်နိုင်မှာ မဟုတ်ဘူးလို့ စဉ်းစားတယ်။ ကျွန်တော့် အမြင်တော့ ဒါက Limiting Belief ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတာလို့မြင်တယ်။ ဘယ်သူမဆို ကိုယ်က တစ်နေရာရာမှာတော့ တစ်ယောက်ယောက်ကိုတော့ ဦးဆောင်နေတယ်။ သေချာစဉ်းစားကြည့် ကိုယ်အိမ်မှာပဲဖြစ်ဖြစ် ရုံးမှာပဲဖြစ်ဖြစ် ဒါလေးဒီလိုလုပ်ရမယ်လို့ လမ်းမပြပေးဖူးဘူးလား။ ဒါက ကျွန်တော်တို့ ဦးဆောင်တာပဲ အဲဒီအခါကျတော့ လူတိုင်းက တစ်နေနေရာရာမှာတော့ လူတွေကို ဦးဆောင်နေပြီးသားဖြစ်တယ်။
အဲဒီအဓိပ္ပာယ်ကဘာလဲ ကျွန်တော်တို့ နောက်တစ်ဆင့်ကို တက်နိုင်ဖို့အတွက် ကိုယ့်မှာအလားလာရှိတယ်။ ဒါပေမဲ့ ကိုယ့်မှာယုံကြည်မှု မရှိလို့ရှိရင်တော့ နောက်တစ်ဆင့်ကို သွားဖို့ဆိုတာ မလွယ်ဘူး။ ကိုယ့်ရဲ့ခေါင်းဆောင်မှု အလားအလာကို ကိုယ်တိုင်ယုံကြည်မှု ရှိဖို့လိုတယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်တာက အလကားနေရင်း ခေါင်းဆောင်မှုနဲ့ ပတ်သတ်ပြီးတော့ အရူးထပြီးတော့ တခြားလူတွေရဲ့ ခေါင်းဆောင် သိပ်ဖြစ်ချင်နေလို့မဟုတ်ဘူး။
အရေးကြီးတာဘာလဲ သူတို့ ကြီးကျယ်ခမ်းနားတဲ့ ရလဒ်တွေ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတွေဆိုတာ တစ်ယောက်တည်း လုပ်လို့မရဘူး။ အများရဲ့ ကူညီမှုတွေလိုတယ်။ တခြားလူတွေက ကိုယ့်စကားကို လွယ်လွယ်ကူကူ နားထောင်မလားဆိုတော့ နားထောင်မှာမဟုတ်ဘူး။ သူတို့လေးစားလောက်စရာ အခြေအနေမျိူးတွေ ရှိနေမှပဲ ကိုယ့်စကားကို နားထောင်မှာ။ အဲဒီလို အခြေအနေမျိုး ဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားယူလို့ ရတယ်။
ကိုယ်လေးစားအားကျရတဲ့ ဦးဆောင်သူတွေ ဘယ်နှစ်ယောက်ရှိလဲ စဉ်းစားကြည့်ရအောင်။ ကျွန်တော်ဆိုရင်တော့ ကျွန်တော့ရဲ့ အရင်ရှိခဲ့တဲ့ အဖွဲ့အစည်းက ဥက္ကဌကို ကျွန်တော် လေးစားတယ်။ ပြီးတော့ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ကို အင်မတန်လေးစားတယ်။ ပြီးသွားရင် နိုင်ငံတကာမှာ ဆိုရင် ကျွန်တော် လေးစားရတဲ့ Trainer တွေ Coach တွေ John C Maxwell, Les Brown, Tony Robbins ဒီလိုမျိုး ပုဂ္ဂိုလ်တွေ Marshall Goldsmith ဒီလိုမျိုး ပုဂ္ဂိုလ်တွေထဲက နေပြီးတော့ ကျွန်တော် အတုယူတယ်။
အရေးကြီးတာက ဘာလဲ တစ်ယောက်နဲ့ တစ်ယောက် သွားချင်တဲ့ လိုင်းချင်းမတူဘူး။ ကိုယ်သွားနေတဲ့လိုင်းမှာ ရှေ့ကိုရောက်နေပြီးသား ဦးဆောင်သူတွေ ဘယ်သူတွေရှိလဲ။ သူတို့ဆီမှာ ကိုယ်အတုယူစရာ အရည်အချင်းတွေ ဘာတွေရှိသလဲ။ ကိုယ်လိုက်ပြီးတော့ တိုးတက်အောင် လုပ်သင့်တဲ့ အရည်အချင်းတွေ ဘာတွေရှိလဲ အဲဒါတွေကို ကိုယ်လေ့လာသင့်တယ်။ ပြီးသွားလို့ရှိရင် ထိပ်ဆုံးက အရည်အချင်း ၃ ခုကို ဆွဲထုတ်ပါ ဆွဲထုတ်ပြီးသွားရင် အဲဒါတွေကို စပြီးတော့ လေ့ကျင့်ပါ။
လေ့ကျင့်ရင်းလေ့ကျင့်ရင်းနဲ့ တစိုက်မတ်မတ် အာရုံစိုက်ပါ ဒါက အရေးကြီးတာ သေချာပြီဆိုလို့ရှိရင် ကျန်တာတွေ ဟိုပြောင်းဒီပြောင်း မလုပ်နဲ့တော့ လုံးဝ တစိုက်မက်မက် ဒါကိုလုပ်။ လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ့်အနေနဲ့ တကယ်ကို ပိုမိုမြင့်မားတဲ့ အခွင့်အလမ်းတွေ ရလာလိမ့်မယ်။ လူတွေက ဒီလူတစ်ယောက် တကယ်ကို ကြိုးစားနေတာ သိပြီဆိုရင် Business Owner ဆိုလို့ရှိရင် သူနဲ့ Business လုပ်ချင်လာမယ်။ ဝန်ထမ်းဆိုရင်လဲ သူ့ကိုပိုပြီးတော့ ကောင်းတဲ့နေရာကို ပေးချင်လာမယ်။ အဲဒီအတွက်ကြောင့် ကိုယ်တကယ် ကြိုးစားနေရင် လူတွေကသိတယ်။ သိတဲ့အတွက်ကြောင့် ကိုယ့်မှာ ကိုယ်လိုချင်တဲ့ အခွင့်အလမ်းတွေဆိုတာ ဆက်ဆက်ပြီးတော့ ရလာလိမ့်မယ်။ အဲဒီအတိုင်း လုပ်ကြည့်ပါ။
Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial