သင့်ဘဝဟာ ပျော်စရာကောင်းလာပြီး ပိုကောင်းတဲ့ ရလဒ်တွေရလာဖို့ သိသင့်တဲ့အ

ဦးတည်ရာမဲ့ဖြစ်နေတာကို ရပ်ရမယ့်အချိန်ရောက်ပြီ။
August 8, 2020
ကောင်းမွန်တဲ့ အပြောင်းလဲတွေ လုပ်နိုင်ဖို့ ကျော်ဖြတ်ရမယ့် အဓိက အတားအဆီး
August 9, 2020

သင့်ဘဝဟာ ပျော်စရာကောင်းလာပြီး ပိုကောင်းတဲ့ ရလဒ်တွေရလာဖို့ သိသင့်တဲ့အရာ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
သင်အခု ဘယ်နေရာရောက်နေလဲဆိုတာ ကိုယ်အရင်တုန်းက ဘာတွေကို စဉ်းစားခဲ့လဲ ဘာတွေတွေးခဲ့လဲပေါ်မှာ မှုတည်တယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်ပါ။ ကိုယ်အခု ကိုယ့်ရဲ့ဝင်ငွေအခြေနေ ဘယ်လိုရှိလဲ။ အဲဒါက အရင်တုန်းက ကိုယ့်ရဲ့စဉ်းစားမှုနဲ့ဆိုင်တယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေနေက ဘယ်လိုရှိလဲ အဲဒါက အရင်က ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ဆိုင်တယ်။ ကိုယ့်ရဲ့ မိသားစုအခြေနေ ဘယ်လိုရှိလဲ အဲဒါက ကိုယ့်ရဲ့ ဘယ်လိုစဉ်းစားခဲ့လဲနဲ့ဆိုင်တယ်။

ကျွန်တော်တို့ အရင်တုန်းက စဉ်းစားခဲ့တဲ့အတိုင်း ကျွန်တော်တို့ အခုဖြစ်လာတယ်။ ကျွန်တော်တို့ အခုစဉ်းစားနေတဲ့အတိုင်း တွေးနေတဲ့အတိုင်း ကျွန်တော်တို့ အနာဂတ်မှာဖြစ်လာတယ်။ အဲဒီတော့ လူတစ်ယောက်က အရင်တုန်းက အပျက်သဘော မကောင်းတဲ့ဘက်ကနေ အရမ်း တွေးနေတယ်ဆိုရင် ဘာဖြစ်လဲဆိုရင် မကောင်းတဲ့ ရလဒ်တွေပဲ ရနေမှာပဲ။ အရင်တုန်းက ကောင်းတဲ့ဟာတွေပဲ တွေးလာတယ်ဆိုရင် အခုကောင်းတဲ့ဟာကို ရနေလိမ့်မယ်။

မကောင်းတဲ့စိတ်က မကောင်းတဲ့ အတွေးတွေ တွေးတာကနေ ကောင်းတဲ့အတွေးတွေဘက်ပြောင်းလဲနိုင်တာက လူတစ်ယောက်ရဲ့ဘဝကို သိသိသာသာ ပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ ကိုယ်က အပြောင်းလဲလုပ်ရမှာ မကြိုက်ဘူး ဒီအတိုင်းပဲ နေရတာကြိုက်တယ်။ ငါ့ဘာသာ နေချင်သလိုနေမယ် တွေးချင်သလိုတွေးမယ် ဘာမှမဖြစ်ဘူးဆိုရင် အပြောင်းလဲလုပ်ဖို့က မလွယ်နိုင်ဘူး။ တကယ်လည်း မလွယ်နိုင်ဘူး။ ဘေးကတစ်ယောက်က ကိုယ့်ကို လာကူညီပေးနိုင်မှာလည်း မဟုတ်ဘူး။

အဲဒါဆိုရင် အဲဒီအခြေနေက တောက်လျှောက်ကြာသွားနိုင်တယ်။ ကြာသွားလို့ရှိရင် ကိုယ့်အနေနဲ့ မကောင်းတဲ့ ရလဒ်တွေပဲ တောက်လျှောက်ဆက်ပြီးတော့ ရင်ဆိုင်နေရလိမ့်မယ်။ အဲဒါကြောင့် ဘဝဆိုတာ ဘာလဲဆိုတော့ ကိုယ်ရချင်တာ ရဖို့အတွက် တိုက်ပွဲဝင်ရတယ်။ အဲဒါကြောင့် ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ရအောင်လုပ်ဖို့အတွက် မကြိုးစားဘူး တိုက်ပွဲမဝင်ဘူးဆိုရင် ဘာဖြစ်မလဲ ကိုယ်မလိုချင်တာတွေနဲ့ပဲ နေနေရမယ်။

အဲဒီတော့ဘာဖြစ်လဲ အရင်ဆုံးတိုက်ရမှာက ဘယ်သူ့ကိုတိုက်ရမလဲ ကိုယ့်ကိုယ်ကိုယ် တိုက်ရမယ်။ ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ စရိုက်တွေ မကောင်းတဲ့ အတွေးအခေါ်တွေကို ကျွန်တော်တို့ ဖယ်ခြားပြီးတော့ ကောင်းတဲ့ အတွေးအခေါ်တွေကို ကျွန်တော်တို့ အစားထိုးဖို့အတွက် ကျွန်တော်တို့ ဘာတွေလုပ်ရင်ကောင်းမလဲ။ ဒါလေးတွေ ကျွန်တော်တို့ အဖြေရှာကြည့်ဖို့လိုမယ်။ အဲဒီလိုမျိုး အဖြေရှာတယ်ဆိုရင် ကျွန်တော်တို့ Life က ပိုပြီးတော့ ပျော်စရာကောင်းလာမယ် ရလဒ်ကောင်းတွေလည်း ပိုပြီးတော့ ရလာလိမ့်မယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial