ရေရှည်မှာ သင်လိုချင်တဲ့ အောင်မြင်မှုကို ရရှိဖို့ စွန့်လွှတ်ရမယ့်စိတ်

အလုပ်တွေကို ထိထိရောက်ရောက်နဲ့ လုပ်နိုင်ဖို့ဆိုရင်
July 30, 2020
ညွှန်ကြားတာထက် ပိုပြီးထိရောက်တဲ့အရာ
July 30, 2020

ရေရှည်မှာ သင်လိုချင်တဲ့ အောင်မြင်မှုကို ရရှိဖို့ စွန့်လွှတ်ရမယ့်စိတ်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

အခုရေတွင်းတူး အခုရေကြည်သောက်ချင်တဲ့စိတ်၊ အဲဒီစိတ်ကို ကျွန်တော်တို့အနေနဲ့ စွန့်လွှတ်ဖို့လိုတယ်။ ကျွန်တော်တို့က လူငယ်တွေဆိုရင်လည်း သူ့အနေနဲ့ လုပ်ငန်းတစ်ခုမှာ ဝင်လုပ်တယ်။ ဝင်လုပ်ပြီဆိုရင် သိပ်မကြာခင် ရာထူးတိုးချင်တယ်၊ လစာတက်ချင်တယ်။ ဒါကဆန္ဒအလျှောက်ဖြစ်ချင်တာ သဘာဝကျတယ်။ ဒါပေမယ့် တကယ့်အရှိတရား တကယ့်လက်တွေ့ အခြေအနေနဲ့တော့ မကိုက်နိုင်ဘူး။ အဲဒီတော့ သူ့ကိုဘယ်သူကမှ ချက်ချင်းကြီး နေရာတွေပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။

အဲဒီအတိုင်းပဲ ကိုယ်ကပိုပြီး မြင့်မားတဲ့ ရာထူးမှာနေချင်တယ်။ လူတွေအသိအမှတ်ပြုတာ ခံချင်တယ်။ ဒီဟာတွေက ကျွန်တော်တို့ အချိန်စောင့်ရတယ်။ အချိန်တစ်ခုကို မစောင့်ဘဲနဲ့ ဘယ်လိုမှ ကျွန်တော်တို့ မရနိုင်ဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ စွန့်လွှတ်ရမှာက အခုရေတွင်းတူး အခုရေကြည်သောက်ချင်တဲ့စိတ်၊ ချက်ချင်းအကျိုးခံစားချင်တဲ့စိတ် ဒါမျိုးကို ကျွန်တော်တို့ စွန့်လွှတ်ဖို့လိုတယ်။ ပစ္စည်းအကောင်းအစားတွေ လိုချင်တယ်။ လူတွေအများကြီးက ကိုယ့်ကို လက်ခံလာတာ လိုချင်တယ်။ ပကာသနတွေ အသိုင်းအဝိုင်းတွေ နာမည်တွေ ဒါတွေကို ကျွန်တော်တို့ လိုချင်တယ်။ ပေါ်ပြူလာဖြစ်ချင်တယ်။ ဒါတွေက တကယ့်တကယ်တမ်းမှာ လက်တွေ့မကျနိုင်ဘူး။

အဲဒီအခါကျတော့ ကျွန်တော်တို့ ဘာဖြစ်ရမလဲ။ ကျွန်တော်တို့ တကယ်အာရုံစိုက်ရမယ့်ဟာက ဘာလဲ Personal Growth လို့ခေါ်တယ်။ Personal Growth ဆိုတာ ဘာလဲဆိုတော့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုလို့ ခေါ်တယ်။ ကျွန်တော်တို့ MBA တွေဘာတွေမှာတော့ Personal Professional Development (PPD) ဒါမျိုး ပြောတာပေါ့နော်။ ကျွန်တော်တို့ ဒီနေရာမှာတော့ Personal Growth လို့ခေါ်တယ်။ ဒါက ကျွန်တော် ဘယ်ကရလဲဆိုတော့ World No.1 Leadership Expert ဖြစ်တဲ့ John Maxwell ဆီကရတယ်။

ကျွန်တော်သင်နေတဲ့ TLJ ဆိုတာ ( Transformational Leadership Journey ) TLJ ဆိုတဲ့သင်တန်း အဲဒီသင်တန်းမှာဆိုရင်လည်း ကျွန်တော်တို့ အဓိက Personal Growth အကြောင်းကို အများကြီး ပြောတယ်။ အဓိက Personal Growth ကဘာလဲ။ ကျွန်တော်တို့က လိုချင်တဲ့ Goal တစ်ခုရှိတယ် အဲဒီ Goal က ဘယ်လောက်ပဲ မြင့်တယ်နိမ့်တယ်ဆိုတာထက် ပိုအရေးကြီးတာကဘာလဲ။ အဲဒီ Goal နဲ့ အဲဒီ Goal ကို ရယူရလောက်တဲ့ ထိုက်တန်တဲ့ အရည်အချင်း ကိုယ့်မှာရှိဖို့လိုတယ်။

ကျွန်တော်က အောင်မြင်မှုကို မသင်ဘူး အောင်မြင်မှုကို Focus လုပ်ရမယ့်အစား ကျွန်တော်တို့ အဓိကက Personal Growth နဲ့ Leadership ကိုသွားတယ်။ အဓိကကတော့ ဒီနေရာမှာ ကျွန်တော်ကတော့ Personal Growth ကို Focus လုပ်ပြီး အဓိကထားပြောသွားမယ်။

ကိုယ်ခုနက ကိုယ်ဖြစ်ချင်တာတွေရှိတယ်။ အကျိုးခံစားခွင့်တွေ လိုချင်ရင် ဘာတွေဖြစ်ချင်တယ် အဲဒါတွေကို ရယူရလောက်အောင် ကိုယ့်မှာ အရည်အချင်းရှိပြီလား အဲဒီလိုပြောရင် ခုနကပြောတဲ့ အတွေ့အကြုံနိမ့်တဲ့ သူတွေဆိုရင် ချက်ချင်းရှိမှာမဟုတ်ဘူး။

ကျွန်တော်တို့ ဘာရှိရမလဲဆိုရင် အဲဒီအခြေအနေမျိုး ဖြစ်လာဖို့အတွက် ကိုယ့်မှာ ဘယ်လို အရည်အချင်းမျိုးတွေ ရှိဖို့လိုလဲ။ အသိပညာတွေ ဘာတွေလိုလဲ။ အတတ်ပညာတွေ ဘာတွေလိုလဲ။ အတွေ့အကြုံ ဘာတွေလိုသလဲ။ ဒါလေးတွေကို ကျွန်တော်တို့က စာရင်းပြုစုသင့်တယ်။ ပြီးသွားရင် အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ လိုတဲ့အရည်အချင်းတွေကို ကိုယ်က တစ်ခုပြီးတစ်ခု ဖြည့်ရမယ်။ ကျွန်တော်တို့ ဘာစာအုပ်တွေ ဖတ်ရင်ကောင်းမလဲ။ ဘာသင်တန်းတွေ တက်ရင်ကောင်းမလဲ။ ဘယ်လို အတွေ့အကြုံတွေ ယူရင်ကောင်းမလဲ။

ဒါလေးတွေကို ကျွန်တော်တို့ စာရင်းပြုစုပြီးတော့ လအလိုက် ကျွန်တော်တို့က အချိန်ဇယားလေးတွေ ဆွဲရမယ်။ ပြီးရင် တစ်ခုပြီးတစ်ခု ပြီးသွားအောင် လုပ်ရမယ်။ ပြီးသွားရင် ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်ထပ်ပြီးသိဖို့ လိုတာဆိုရင် ကိုယ်စာအုပ်တွေ ဖတ်မှာလား၊ သင်တန်းတွေ ဆက်တက်မှာလား၊ သိတဲ့သူတွေ သွားပြီးမေးမှာလား။ ပြီးရင် ကိုယ့်ရဲ့လက်တွေ့ အတွေ့အကြုံကနေပြီးတော့ သင်ခန်းစာယူပြီး ဘာတွေပိုကောင်းအောင် လုပ်မလဲ။ ဒီလိုမျိုးနဲ့ ကျွန်တော်တို့က တစိုက်မတ်မတ် လုပ်ရင်းလုပ်ရင်းနဲ့ Personal Growth ကဖြစ်လာမှာ။

အဲဒါက အချိုးကျတယ်။ ဒါပေမယ့် သေချာတယ်။ ဆိုလိုတဲ့ သဘောက ဘယ်လိုခေါ်မလဲ ရည်မှန်းချက်တစ်ခုကို မရရအောင် ကြိုးစားရင် အဲဒီရည်မှန်းချက် ရကောင်းရနိုင်တယ်။ ဒါပေမယ့် အဲဒီရည်မှန်းချက် ထိမ်းထားနိုင်ဖို့က ထင်သလောက် မလွယ်ဘူး။ ခုနကပြောသလို Personal Growth ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ပြီဆိုရင် ကိုယ့်မှာရှိတဲ့ ပညာက ပညာရွှေအိုး လူမခိုးဆိုသလိုပဲ ကျွန်တော်တို့မှာ ပိုင်နေတယ်။ ပိုင်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဒီပညာက သုံးလေလေ ကိုယ်က တော်လာလေလေ၊ သုံးလေလေ သိလာလေလေ ပြီးရင် ကျွန်တော်လုပ်လို့ရတာ နောက်တစ်ခုက ပတ်ဝန်းကျင်က လူတွေပြန်ပြီး ကျွန်တော်တို့ မျှဝေပေးလို့ရတယ်။ Share လို့ရတယ်။

သူတို့ ပြောပြလိုက်ရင် ကိုယ်ကတောင် ပိုပြီးတော့ ကျွမ်းကျင်လာသလို၊ ပိုပြီးတော့ နားလည်လာသလိုလို ဖြစ်လာဦးမယ်။ အဲဒီအတွက်ကြောင့် ကိုယ့်ရဲ့ Personal Growth Plan ကို သေချာချပါ။ အခုကျွန်တော်တို့က 2020 ဆိုရင် 2020 ဘယ်နှစ်လပိုင်းမှာ 2020 အတွင်းမှာ ကိုယ့်မှာ တိုးလာရတဲ့ အသိပညာတွေ၊ အတတ်ပညာတွေ၊ အတွေ့အကြုံတွေ၊ အရည်အချင်းတွေ အဲဒါတွေက ဘာတွေလဲ စာရင်းပြုစုပါ။ အဲဒါတွေကလည်း ကိုယ်သွားရတဲ့ ရေရှည်ဘဝရည်ရွယ်ချက် ဒါမှမဟုတ်ရင် ကိုယ့်ရဲ့ Business၊ ကိုယ့်ရဲ့ Carrier Goal ဒါတွေနဲ့ ကိုက်ညီဖို့လိုတယ်။

အဲဒီအတွက် ကိုယ်ဖြည့်ရမယ့် အသိပညာ၊ အတတ်ပညာတွေကို ကိုယ်ကချရေးပါ။ ချရေးပြီးသွားရင် လအလိုက် အချိန်ဇယားစွဲပြီး ထည့်လိုက်ပြီးရင် အဲဒါတွေကို စာအုပ်ကနေ ဖတ်မှာလား၊ အတွေ့အကြုံကနေ ရှာမှာလား ဒါမှမဟုတ်ရင် သင်တန်း သွားတက်မှာလား။ ဒါလေးတွေ သင်တန်းဆိုရင် ဘာသင်တန်း တက်မှာလည်း အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုကောင်းလည်း ဒါလေးတွေ လေ့လာပါ။ လေ့လာပြီးသွားရင် အဲဒါလေးတွေကို တစိုက်မတ်မတ် စပြီးဖြည့်ပါ။ ဖြည့်ရင်းဖြည့်ရင်းနဲ့ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ် လုပ်ရင်း တောက်လျောက်လုပ်သွားရင်းနဲ့ ကိုယ့်က အဲဒီကဏ္ဍနဲ့ ပတ်သက်လာရင် လူတွေက ကိုယ့်ကို တော်တော်များများ အသိအမှတ်ပြုလာကျလိမ့်မယ်။

အသိအမှတ်ပြုလာပြီဆိုရင် ဒီကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ရှာမယ်ဆိုရင် ကိုယ့်ကို တကူးတက လာရှာလာကြလိမ့်မယ်၊ အဲဒီအခါမှာ ကိုယ်လိုချင်တဲ့ အကျိုးခံစားခွင့်တွေဆိုတာလည်း အလိုလိုနေရင်း နောက်ကလိုက်လာပါလိမ့်မယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ တကယ်စစ်မှန်တဲ့ တာရှည်ခံတဲ့ ရလဒ်တွေလိုချင်ရင် အချိန်စောင့်ဖို့လိုတယ်။ စိတ်ရှည်လက်ရှည်နဲ့ ကိုယ့်ရဲ့ Personal Growth Plan မှာ Investment လုပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့လိုတယ်။ ဒီလိုဟာလုပ်ဖို့ဆိုရင် ရေရှည်မှာ ကိုယ်လိုချင်တဲ့ ရလဒ်တွေကို ကိုယ့်ရည်မှန်းထားတဲ့အတိုင်း ရလာမှာ သေချာပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial