အလုပ်တွေကို ထိထိရောက်ရောက်နဲ့ လုပ်နိုင်ဖို့ဆိုရင်

သင့်ရဲ့ စိတ်နေသဘောထား ပိုပြီးကောင်းလာဖို့ သိနေရမယ့် အချက် (၆) ချက်
July 30, 2020
ရေရှည်မှာ သင်လိုချင်တဲ့ အောင်မြင်မှုကို ရရှိဖို့ စွန့်လွှတ်ရမယ့်စိတ်
July 30, 2020

အလုပ်တွေကို ထိထိရောက်ရောက်နဲ့ လုပ်နိုင်ဖို့ဆိုရင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ကျွန်တော်တို့ ဘာကိုပဲလုပ်လုပ် အပြည့်အဝ အာရုံစိုက်ပါ။ အဲဒီနေရာမှာ ကျွန်တော်တို့ ပစ္စုပ္ပန် မှာ တည့်တည့်နေပါ။ ဆိုလိုတဲ့သဘောက ကိုယ်က လူတစ်ယောက်နဲ့ စကားပြောမယ်။ အဲဒီအချိန်မှာ ကိုယ်က ဟိုရောက်ဒီရောက်ဖြစ်နေမယ် ဖုန်းပွတ်နေမယ် အတွေးတွေများနေမယ်ဆိုရင် စကားလည်း မထိရောက်နိုင်သလို ကိုယ်လုပ်တဲ့ အလုပ်ကလည်း မထိရောက်နိုင်ဘူး။

အဲဒီအတိုင်းပဲ ကိုယ့်ကိုပြောနေတဲ့ သူကလည်း ကျေနပ်မှု မရနိုင်ဘူး။ စဉ်းစားကြည့်ပါ။ ကိုယ့်ရဲ့သားသမီးတွေနဲ့ ဖုန်းပြောနေမယ်။ ကိုယ့်ရဲ့သားသမီးတွေနဲ့ စကားပြောနေမယ် အဲဒီအချိန်မှာ ကိုယ်က တစ်ဖက်က ဖုန်းကိုင်ထားမယ် ဒါမှမဟုတ် TV ကြည့်နေမယ်။ အဲဒီအခါမှာ စကားဝိုင်းလဲ မထိရောက်သလို ကိုယ်ကြည့်တဲ့ဟာကလဲ ပြည့်ပြည့်ဝဝ ကြည့်ရမှာမဟုတ်ဘူး။ အဲဒီအတိုင်းပဲ ကိုယ်က ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ ဆိုင်တွေဘာတွေ သွားထိုင်တယ်၊ စကားတွေဘာတွေပြောနေတယ်။ အဲဒီအချိန်မှာ ကိုယ်က တစ်ဖက်က ဖုန်းပွတ်လိုက်၊ Message ပို့လိုက် အဲဒီလိုလုပ်နေမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုမှ အရည်အသွေးရှိတဲ့ အချိန်လေး ဖြတ်သန်းနိုင်မှာမဟုတ်ဘူး။

အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ကိုယ်လုပ်နေတဲ့ အဓိက အလုပ်ကဘာလဲ ။ အဲဒီအလုပ်ကို ကျွန်တော်တို့သိပြီးတော့ အဲဒီအလုပ်ကို အာရုံစိုက်ဖို့လိုတယ်။ ဆိုလိုတဲ့သဘောက တစ်ကြိမ်မှာ ကျွန်တော်တို့ တစ်ခုကိုပဲ အာရုံစိုက်ရမယ်။ ဥပမာ ကျွန်တော်တို့ အရမ်းကို လောနေတဲ့ အချိန်ကျရင် ကားမောင်းရင်းနဲ့ ဖုန်းတွေပြောကြတယ်။ ကားမောင်းရင်းနဲ့ ဖုန်းတွေပြောတော့ ဖုန်းပြောနေရင်းနဲ့ အခန့်မသင့်ရင် ကျွန်တော်တို့ ဖုန်းပြောရင်းနဲ့ ကားမောင်းတာမှာ အာရုံစိုက်တာလွတ်သွားရင် မတော်တဆ ဖြစ်တာတွေဘာတွေ ဒါမျိုးတွေ ဖြစ်နိုင်တယ်။

အဲဒီအတိုင်းပဲ တစ်ခါတလေကျရင် ကျွန်တော် အင်မတန် မကြိုက်တဲ့ဟာက ကိုယ်ကိုယ်တိုင်လဲလုပ်ဖူးတာကိုး။ ဘာလဲဆိုတော့ အစည်းအဝေးခန်းထဲမှာ ကွန်ပျူတာတစ်လုံးနဲ့ လာပြီးတော့ တစ်ခုခု လုပ်နေတာ။ ဆိုလိုတဲ့သဘောက အစည်းအဝေးခန်းထဲမှာ ဆွေးနွေးတဲ့သူတွေက ဆွေးနွေးနေကြပြီးတော့ တစ်ယောက်က ကွန်ပျူတာကြီး ဖွင့်ပြီးတော့ အဲဒီကွန်ပျူတာနဲ့ တစ်ယောက်မဟုတ်ဘူး သုံးလေးငါးယောက်ပဲဖြစ်ဖြစ် လုပ်နေတယ်ဆိုရင် အဲဒီအစည်းအဝေးက လုံးဝမထိရောက်ဘူး။ ဆိုလိုတဲ့သဘောက Power Point တွေ ဘာတွေနဲ့ ပြရမယ် Presentation အနေနဲ့ပြရမယ်ဆိုရင်လဲ အားလုံး မြင်အောင်ပြလို့ရတယ်။

ဒါမှမဟုတ် တစ်ခုခု Data ထွက်အောင် လုပ်ရမယ်ဆိုလဲ အပြင်က ဝန်ထမ်းငယ်တွေကို ခိုင်းရင်လဲခိုင်း အဲဒီလိုမဟုတ်ဘဲနဲ့ အခန်းထဲမှာ ရှိနေပြီးတော့ တစ်ဖက်က နားထောင်နေမယ် တစ်ဖက်က လုပ်နေမယ်ဆိုတဲ့ဟာက တစ်ကယ့်တစ်ကယ်တမ်းမှာ ဘယ်လိုမှမရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်က တစ်ပြိုင်တည်းမှာ နှစ်ခုအာရုံစိုက်ဖို့ မလွယ်ဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ တစ်ကြိမ်မှာ တစ်ခုကိုပဲ အဓိကလုပ်ဖို့လိုတယ်။ အဲဒီအတွက်ကြောင့် ကိုယ်ဘာလုပ်မှာလဲ ကိုယ်လုပ်တဲ့ အလုပ်နဲ့ပတ်သက်ပြီးတော့ အပြည့်အဝအာရုံစိုက်ပါ။

ကိုယ့်အတွက် အဲဒီအချိန်မှာ ဘာကိုအရေးကြီးနေတာလဲ ဒါကို ကျွန်တော်တို့ သေသေချာချာ ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ဥပမာ ကျွန်တော်တို့ ကားမောင်းပြီးသွားနေတယ်ဆိုရင် အဲဒီနေရာမှာ ကားမောင်းဖို့က အရမ်းအရေးကြီးတယ် ။ အဲဒီအချိန်မှာ ကက်စက်ခွေဖွင့်ဖို့ အခွေဖွင့်ဖို့၊ CD ဖွင့်ဖို့၊ ဖုန်းပွတ်ဖို့၊ Facebookသုံးဖို့ ဒါတွေက အရေးမကြီးဘူး။ ဒါကို ကျွန်တော်တို့ နားလည်ဖို့လိုတယ်။ Meeting တက်နေတယ်ဆိုရင် အဲဒီ Meeting မှာ ဘယ်လိုရလဒ်မျိုးတွေ ရဖို့လဲ။ တစ်ဖက်လူက ဘာကိုပြောချင်တာလဲ၊ ကိုယ်က ဘာကိုတင်ပြချင်တာလဲ၊ အဓိကကျတဲ့ အချက်တွေက ဘာလဲ၊ ငါတို့ဘယ်လို Results တွေ လိုချင်တာလဲ ဒါလေးတွေကို ရှင်းဖို့လိုတယ်။

ပြီးသွားရင် ကို့ရဲ့သားသမီးနဲ့ ထိုင်ပြောနေတာဆိုလည်း သူလိုချင်တာဘာလဲ ကိုယ်လိုချင်တာဘာလဲ။ ဒီစကားဝိုင်းကနေပြီးတော့ ငါလိုချင်တာဘာလဲ၊ ဒါလေးတွေကို သိရမယ်။ အကယ်၍ ကျွန်တော်တို့က သင်တန်းတစ်ခု သင်နေတာဆိုရင် ကျွန်တော်ဆိုရင် တစ်ခါတစ်လေကျရင် ကျွန်တော့် Team ကလူတွေကို ကျွန်တော်ပြောတယ်။ ကျွန်တော်က သင်တန်းသင်နေတာ သင်နေတဲ့အချိန်မှာ နောက်လမှာလုပ်မယ့်သင်တန်းကို သွားပြီးတော့ စိုးရိမ်ပူပန်မှုတွေ သိပ်များနေတယ်ဆိုရင် ကျွန်တော် ဘယ်လိုမှ ဒီသင်တန်းမှာ ကျွန်တော့်ရဲ့မျက်နှာအမူအရာပဲဖြစ်ဖြစ် စိတ်အားတက်ကြွမှုပဲဖြစ်ဖြစ် ဘယ်လိုမှ ကောင်းမှာမဟုတ်ဘူး။

အဲဒီအတွက်ကြောင့် ကျွန်တော် ဒီ (၃) ရက်သင်တန်းသင်ရမှာဆိုရင် ကျွန်တော့်စိတ်က ဒီ (၃) ရက်မှာပဲ ရှိချင်တယ် ။ ကျွန်တော် တစ်ခုခု လုပ်မယ်ဆိုရင် ကျွန်တော့်စိတ် အဲဒီနေရာမှာပဲ ရှိနေအောင်ကို လေ့ကျင့်ထားဖို့လိုတယ်။ ဒီလိုမျိုး လေ့ကျင့်ထားတော့မှပဲ ကျွန်တော့်အလုပ်က ပိုပြီးတော့ ထိရောက်နိုင်တယ်။ ကျွန်တော်တို့က တစ်ခါတလေ Multitasking ဆိုတာ ကျွန်တော်တို့ အလုပ် နှစ်ခု၊ သုံးခု တစ်ပြိုင်တည်း လုပ်နိုင်တာဆိုတာ စဉ်းစားကြတယ်။ ဒါပေမဲ့ အဲဒါတစ်ကယ့်တစ်ကယ်တမ်းမှာ နှစ်ခု၊ သုံးခု မဟုတ်ဘူး။ တစ်ပြိုက်တည်းမှာ နှစ်ခု၊ သုံးခု ဘယ်သူမှ မလုပ်နိုင်ဘူး။ အရေးကြီးတာကဘာလဲ။ ကျွန်တော်တို့ လုပ်မယ့်အလုပ် နှစ်ခု၊ သုံးခု ချရေးထားဖို့လိုတယ်။

ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာ ဘာလုပ်မယ် ဆိုပြီးတော့ ခွဲထားလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ကြိမ်မှာ တစ်ခုကိုပဲ အပြည့်အဝ အာရုံစိုက်ဖို့လိုတယ်။ ဒီနေရာမှာတောင်မှ ကျွန်တော် လေ့လာဖြစ်တဲ့ Online Course လေးတစ်ခုမှာ သင်တဲ့ Mentor ၊ သူက ဘာပြောလဲဆိုလို့ရှိရင် ကျွန်တော်တို့ အဓိက တူညီတဲ့ အလုပ်တွေကို တစ်ဆက်တည်း တစ်ဆက်တည်း လုပ်တာက အာရုံစိုက်မှု မြင့်စေတယ်တဲ့။ ဟိုပြောင်း ဒီပြောင်း ဟိုပြောင်း ဒီပြောင်း သိပ်များလို့ရှိရင် လုပ်တာက အရည်အသွေးက အဲဒီလောက်ကြီး မကောင်းနိုင်တော့ဘူး။

ဆိုလိုတဲ့သဘောက နောက်အလုပ်တစ်ခုကို ပြောင်းလိုက်ပြီဆိုကတည်းက အဲဒီအလုပ်ကို အာရုံစိုက်တာက အာရုံစိုက်မှုကို အပြည့်တင်နိုင်ဖို့ အချိန်ပြန်ယူနေရတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ တစ်ခုခုလုပ်ပြီဆို အဲဒီအလုပ်တစ်ခုကို ပြည့်ပြည့်ဝဝ အာရုံစိုက်ပြီးလုပ်ပါ။ အဲဒီတော့ အဲဒီမှာမှ လုံလောက်တဲ့အချိန် နှစ်နာရီလား သုံးနာရီလား အချိန် တစ်ခုခုပေးပြီးတော့မှ နောက်တစ်ခုကို ပြောင်းပြီးတော့လုပ်။ ဒါပေမဲ့ ကိုယ်လုပ်တဲ့ အမျိုးအစားပေါ်မှာတော့ မူတည်တယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အနှစ်သာရက ဘာလဲ။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ အပြည့်အဝ အာရုံစိုက်ပါ။

ကိုယ့်ရဲ့ Objective က ဘာလဲ။ အဲဒီပေါ်မှာတင်ထားပါ။ တစ်ခြားအရာတွေ အခြားအနှောင့်အယှက်တွေကို တတ်နိုင်သမျှ ဘေးဖယ်ထားပါ။ အဲဒါဆိုရင် ကိုယ့်ရဲ့အလုပ်မှာ ထိရောက်မှုက အများကြီး မြင့်တတ်လာနိုင်ပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial