လူမှုဆက်ဆံရေးမှာ အရေးပါ တဲ့ Body language အကြောင်း

အခြေအနေနဲ့ ကိုက်ညီတဲ့ လိုက်လျောညီထွေမှုမျိုး ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ
July 21, 2020
အပြောင်းအလဲတွေကို ဘယ်လိုခံယူမလဲ
July 25, 2020

ဦးဆောင်သူတွေ အတွက် မဖြစ်မနေ အရေးပါတဲ့ အရာတစ်ခု အဲဒါကဘာလဲ ဆိုတော့ Body Language ပေါ့၊ ဆိုလိုတဲ့ သဘောက ကျွန်တော်တို့ ခေါင်းဆောင်ရယ်လို့ ဖြစ်ပြီဆိုရင် ကျွန်တော်တို့ Leadership သင်တဲ့အခါ အင်မတန် အံ့သြတာ တစ်ခုက Leadership က ဘယ်သူမဆို သုံးရမှာ၊ ခုချိန်မှာ အောက်ခြေကနေ စဝင်တဲ့သူကလည်း Leadership Behavior တွေကို ကျင့်သုံးရင် သူတဖြည်းဖြည်းချင်း အဲဒီနေရာမှာ ပိုပြီး ထိရောက်လာလိမ့်မယ်။

သူ့အနေနဲ့ သူ့ကိုလူချစ်လူခင် များလာမယ်။ သူ့ကို ကူညီချင်တဲ့သူတွေ များလာမယ်။ သူနောက်တဆင့်ကိုတက်ပီး တာဝန်ယူတဲ့ အခါမှာ ပိုပြီးအဆင်ပြေသွားလိမ့်မယ်။ အဲဒီတော့ Leadership က အားလုံးအတွက် အရေးကြီးတယ်။ အဲဒီအခါမှာ ခုနက Body Language အကြောင်းပြန်ကောက်ရင် လူရယ်လို့ ဖြစ်လာပြီး အလုပ်လုပ်လာပြီဆိုရင် လူတွေနဲ့ ဆက်ဆံရမယ်။ အလုပ် လုပ်လုပ်မလုပ်လုပ် လူတွေနဲ့ ဆက်ဆံရမယ်။ လုပ်ငန်းခွင်မှာ ပိုပြီး ဆက်ဆံရမယ်။ အဲဒီအခါမှာ ကျွန်တော်တို့ Body Language က အရေးကြီးတယ်။ ဘယ်လိုအရေးကြီးလဲဆိုတော့ ကျွန်တော်တို့ တစ်ရာမှာ လူတွေအများစု အာရုံစိုက်ကြတာက စကားလုံး ဘာပြောမလဲဆိုတာ အာရုံစိုက်ကြတယ်။

အဲဒီထပ်အရေးကြီးတာက အသံအနိမ့်အမြင့် အတက်အကျ အနှေးအမြန် ဒါတွေ ပိုအရေးကြီးတယ်။ အဲဒီတော့ အဲဒီစကားလုံးရယ် အသံအနှိမ့်အမြင့် အတက်အကျရယ်ထက် ဇနဲ့ချီပြီးတော့ ပိုပြီးတော့ အရေးကြီးတာက ဘာလဲ၊ ခန္ဓာကိုယ် ဘယ်လိုနေလဲ၊ ဒါက အများကြီး ပိုအရေးကြီးတယ်။ အဲဒီတော့ တခြားသူတစ်ယောက်နဲ့ စကားပြောပြီဆိုရင် ကိုယ့်ရဲ့ Body Language ကို ဂရုစိုက်ဖို့ လိုတယ်။ ကိုယ်က တခြားသူကို မချေမငံ မလေးမစားနဲ့၊ လက်ပိုက်ခြေထောက်ချိတ်ပြီး အဲဒီလိုမျိုး လုပ်နေမယ်ဆိုရင်၊ ဟိုဘက်က ကိုယ့်ကို မြင်တဲ့အမြင်က တစ်မျိုးဖြစ်သွားမယ်။

ကျွန်တော်တို့ မြန်မာလူမျိုးတွေဆိုရင် လူကြီးတွေရှေ့ ဖြတ်သွားရင် ခါးလေးကိုင်းပြီး သွားမယ်။ ဒီလိုမျိုး ဟာမျိုးလေးတွေပေါ့၊ အဲဒီအခါကျတော့ မျက်နှာအမူအရာ၊ ကျွန်တော်တို့ စကားပြောတာကို လိုက်ပြီးတော့ အာရုံစိုက်နေရဲ့လား။ ဒါမှမဟုတ်ရင် သူပြောတဲ့ နေရာလေးတွေမှာ ထောက်ပေးတဲ့ ဟာမျိုးလေးတွေ သူဆက်ပြောလို့ရအောင် ကိုယ်က သူပြောတာကို စိတ်ဝင်စားနေပါတယ်ဆိုတဲ့ အပြုအမူမျိုး ပြလို့ရအောင် ခေါင်းလေးတွေ လိုက်ငြိမ့်တာမျိုးတို့ သူ့ကိုမေးခွန်းလေးတွေ ပြန်ပြီးမေးတာမျိုးတို့၊ ဒါမျိုးလေးတွေ ကျွန်တော်တို့ လုပ်သလား၊ ဒါလေးတွေက အများကြီး စကားပြောတာပေါ့။

အဲဒီအခါမှာ ကိုယ်က လူတွေရှေ့မှာထွက်ပြီး စကားပြောနေတယ်ဆိုရင် တခြားသူတွေကို မယဉ်မကျေး ဖြစ်စေမယ့် ကိုယ်ဟန်အနေအထားမျိုးတွေ မလုပ်သင့်ဘူး။ အဲဒီလိုမျိုးပဲ နံရံကို မှီ ခြေထောက် ခေါက်ထားပြီး ဒီလိုမျိုးနေတာမျိုး၊ ခုနက ပြောသလိုမျိုး လက်ပိုက်ပီး ခြေထောက်ချိတ်ပီး နေတာမျိုးတို့ ပြီးတော့ လူတွေနဲ့ စကားပြောနေရင်း တစ်နေရာရာမှာ ဒူးတွေခြေထောက်တွေ တဇတ်ဇတ် လှုပ်တာမျိုးတို့ ဘောပင်တွေ ဘာတွေ ခေါက်နေတာ မျိုးတို့ ဒါမျိုးလေးတွေက ကျွန်တော်တို့ အနေနဲ့ အင်မတန် ဆင်ခြင်သင့်တဲ့ ကိစ္စမျိုးလေးတွေ ရှိတယ်။

ပြီးတော့ အဝတ်အစားတွေဘာတွေ ဝတ်ရင်လည်း သပ်သပ်ရပ်ရပ် ဆိုလိုတာက Brand တွေ ဘာတွေ ဖြစ်ချင်း မဖြစ်ချင်းထက်စာရင် အဓိကက သပ်သပ်ရပ်ရပ်လေး ဝတ်ရမယ်။ ကိုယ့်ပုံစံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ ပုံမျိုးဖြစ်ရမယ်။ ကိုယ်ကမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ပုံမျိုးမပေါ်ရင် တခြားသူက ကိုယ့်ကိုယ် ဘယ်လိုမှ ယုံမှာမဟုတ်ဘူး။ နောက်ပြီးသွားရင် စကားပြောတဲ့ အခါမှာ သင့်တော်တဲ့အခါ လက်ဟန်ခြေဟန်လေးတွေ ထည့်ပြောတာ အဆင်ပြေတယ်။ ဒါပေမယ့် လက်ကများကြီး များလွန်းနေရင်လဲ အဆင်မပြေဘူး။

မှန်ကန်တဲ့ ကိုယ်နေဟန်ထားတွေ ရှိရမယ်။ လျော့တိလျော့ရဲကြီး ပျင်းရိပျင်းတွဲကြီး မနေရဘူး။ ကိုယ့်ကိုပြောတဲ့သူနဲ့လည်း Eye Contact ကြည့်ရမယ်။ ဒါမျိုးတွေပေါ့၊ အရေးကြီးတာတော့ ကျွန်တော်တို့ လက်အောက်က သူတွေနဲ့ ခေါ်ပြီးစကားပြောရတာ ရှိမယ်။ ဒါမှမဟုတ် Partner တွေနဲ့ စကားပြောရတာ ရှိမယ်။

အထက်လူကြီးနဲ့ ပြောရတာတွေ၊ ကိုယ့်ကို ပစ္စည်းလာသွင်းပေးတဲ့ Supplier တွေနဲ့ ပြောရတာတွေ ဖောက်သည်တွေနဲ့ ပြောရတာတွေ ရှိတယ်။ ဘယ်နေရာမှာမဆို ကိုယ့်ရဲ့ ခန္ဓာအနေအထားက ဘယ်လိုဖြစ်နေသလဲ၊ တစ်ပါးသူအတွက် ရိုင်းသွားနိုင်လား။ သူ့အနေနဲ့ ကိုယ့်ကိုယ် ဘယ်လိုမျိုး မြင်သွားနိင်သလဲ။ ဒါလေးတွေကို ထည့်စဉ်းစားပြီးတော့ ပြောမယ်ဆိုရင် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ အများကြီး အဆင်ပြေနိင်တယ်။

Korea မှာ သင်တန်းသွားတက်တုန်းကဆိုရင် Franchise သင်တန်းပေါ့၊ ရောက်ရောက်ချင်းဆို လူကပင်ပန်း၊ ထိုင်ခုံလေး နောက်ကို မှီထားပီး ခေါင်းကနည်းနည်းလန်နေတာပေါ့နော်၊ အဲဒီမှာ ဆရာက မောင်းတာပေါ့နော်၊ မင်းသင်တန်းလာတက်တာ ဒီပုံစံအတိုင်း တက်လို့မရဘူး၊ ကျွန်တော့်မှာ ရင်ထဲမှာတော့ အောင့်သက်သက်ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်မှားတော့ ကျွန်တော်လက်ခံတယ်။ အဲဒီတော့ ပြင်ရတယ်။

ပြောချင်တဲ့သဘောက ကျွန်တော်တို့ ဘယ်နေရာမှာမဆို ရောက်နေသည်ဖြစ်စေ ကိုယ့်ရဲ့ ခန္ဓာကိုယ် အပြောအဆို ဒါတွေလည်း အရေးကြီးတယ်။ Body Language က တခြားသူတစ်ယောက် အနေနဲ့ ကသိကအောက် ဖြစ်သွားနိင်စေလား သဘောကျသွားစေနိင်လား။ ဒါလေးကို သတိထားပြီးတော့ ဆင်ခြင်မယ်ဆိုရင် လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာရော အများနဲ့ရော အဆင်ပြေတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်လဲ အရေးကြီးတယ်။ အဲဒီလိုပဲ တခြားသူတွေကို ဦးဆောင်တဲ့အခါမှာ လူတွေ ကိုယ့်ကိုယ် ဘယ်လိုမြင်လဲ အရေးကြီးတယ်။

အဲဒီအတွက်ကြောင့် သူတို့ကိုယ့်ကိုယ်မြင်တာ အများကြီးအဆင်ပြေရင် ကောင်းတယ်ဆိုရင် သူတို့နဲ့ဆက်ဆံရတာ ပိုပြီးအဆင်ပြေတယ်။ အဲဒီတော့ Body Language ကို ဂရုစိုက်ပါ။ ကိုယ့်အတွက်ရော ကိုယ်နဲ့ဆက်ဆံရတဲ့ သူတွေအတွက်ရော အများကြီး အကျိုးရှိလိမ့်မယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungexecutivecoach

naingwinaungceocoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial