အခြေအနေနဲ့ ကိုက်ညီတဲ့ လိုက်လျောညီထွေမှုမျိုး ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

နေ့စဉ်အလုပ်တွေ ပိုပြီးထိထိရောက်ရောက် ပြီးချင်တယ်ဆိုရင်
July 21, 2020
လူမှုဆက်ဆံရေးမှာ အရေးပါ တဲ့ Body language အကြောင်း
July 21, 2020

တုံ့ပြန်မှုဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်နေတယ်။ အဲဒီအဖြစ်အပျက်တွေက ကျွန်တော်တို့ ကြိုတင်စီစဉ်ထားတဲ့အတိုင်းပဲ ဖြစ်တာတွေရှိမယ်။ ဒါမှမဟုတ် ကြိုတင်စီစဉ်ထားသလို မဟုတ်ဘဲနဲ့ မထင်မှတ်ဘဲ ဖြစ်လာတဲ့အရာတွေ ဖြစ်နိုင်တယ်။

အဲဒီလိုမျိုးတွေ ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့က အခြေအနေနဲ့ လိုက်လျောညီထွေမှုဖြစ်တဲ့ တုံ့ပြန်မှုတစ်ခုကို ကျွန်တော်တို့ ဘယ်လိုမျိုး မှန်မှန်ကန်ကန် ပေးနိုင်မလဲ။ ဒါမှမဟုတ် ဘယ်လောက်မြန်မြန်ဆန်ဆန် ပေးနိုင်မလဲ။ အဲဒါက ကျွန်တော်တို့ရဲ့ ရလဒ်တွေကို ဆုံးဖြတ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အရာအားလုံးကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ တကယ့်တကယ်တမ်း လောကကြီးမှာ ကျွန်တော်တို့က ဘာအတွက်ပဲ စိုးရိမ်ပူပန်လို့ ရမလဲဆိုရင် ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အရာအတွက်ပဲ စိုးရိမ်ပူပန်လို့ရတယ်။ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ အရာတွေအတွက်ကို ဘာမှလုပ်လို့မရဘူး။

ဆိုလိုတဲ့သဘောက ဥပမာ- ကျွန်တော်တို့က မိုးရွာမှာစိုးလို့ဆိုပြီး ထီးယူသွားလို့ရမယ်။ မိုးမရွာပါနဲ့ သွားလုပ်လို့မရဘူး။ ဆိုလိုတဲ့သဘောက မိုးရွာမယ် မရွာဘူးဆိုတာ သူ့အလုပ် ကိုယ့်အလုပ်မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အလုပ်က ထီးယူသွားမလား မယူသွားမလားဆိုတာ ဆုံးဖြတ်လို့ရတယ်။ ဆိုလိုတဲ့သဘောက ကိုယ့်ဘက်က ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ ဒါက ကျွန်တော်တို့အလုပ်။ ကျွန်တော်တို့ ဦးဆောင်မယ်ဆိုရင် ဘယ်နေရာမှာ ဦးဆောင်မှာလဲ? ဘယ်အခြေအနေမှာ ဦးဆောင်ရမှာလဲ? ကိုယ့်ရဲ့အဓိက Objective ကဘာလဲ? ကိုယ့်ရဲ့အဓိက ရည်မှန်းချက် ပန်းတိုင်တွေက ဘာလဲ?

အဲဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်လို့ရမလဲဆိုရင် ကျွန်တော်တို့ အစီအစဉ်တွေ အတိအကျဆွဲထားလို့ရတယ်။ ဆိုလိုတဲ့သဘောက ကျွန်တော်တို့က တစ်နှစ်စာရည်မှန်းချက် ချထားတယ်ဆိုရင် အဲဒီတစ်နှစ်စာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က Plan တွေဆွဲထားမယ်။ ဒီတစ်လမှာ ဘာလုပ်မယ် နှစ်လမှာဘာလုပ်မယ် သုံးလ ခြောက်လ တစ်နှစ်မှာ ဘာတွေလုပ်သွားမလဲဆိုတာ Plan တွေ အကုန်ဆွဲထားလို့ရတယ်။ ဒါဆိုရင် ကျွန်တော်တို့ အခြေအနေတစ်ခု သေချာတာပေါ့။

အဲဒီမှာ ကျွန်တော်တို့ မထင်မှတ်ဘဲ ဖြစ်လာနိုင်ချေတွေ ဘာတွေရှိမလဲ? အခုတလောမှာဆိုရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေစိတ်ပူကြတယ်။ စိတ်ပူကြတော့ လူတွေက အပြင်တွေဘာတွေ မထွက်ကြတာတွေ ဒါမျိုးတွေရှိတယ်။ အဲဒီလိုအခါမျိုးဆိုရင် ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ။ ဒီအခြေအနေကနေ ပိုပြီးတော့ ဆိုးလာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ? ကိုယ့်ရဲ့ အထဲထဲမှာ ဘယ်လိုလုပ်မလဲ? အပြင်က Customer တွေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မလဲ? ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်မလဲ? ဒါလေးတွေကို ကျွန်တော်တို့ စဉ်းစားရမယ့် အခြေအနေရှိတယ်။

ဆိုလိုတဲ့သဘောက ကိုယ့်အနေနဲ့ ကိုယ့်ရည်မှန်းချက်ကို သွားဖို့အတွက် ကျွန်တော်တို့ လိုအပ်တဲ့ အစီအစဉ်တွေ အကုန်လုံးချပြီးတော့ သတ်မှတ်ထားလို့ရတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ မထင်မှတ်ဘဲနဲ့ ဖြစ်လာနိုင်တဲ့ မလိုလားအပ်တဲ့ အခြေအနေတွေ ဘာတွေရှိနိုင်မလဲ ? ဒါလေးတွေကို ကျွန်တော်တို့ ကြိုတင်မျှော်မှန်းလို့ရတယ်။ ကြိုတင်မျှော်မှန်းပြီးတော့ အဲဒါတွေသာ ဖြစ်ခဲ့မယ်ဆိုရင် ငါတို့ဘယ်လိုတွေ တုံ့ပြန်ကြရင် ကောင်းမလဲ ? ဒါလေးတွေကို ကိုယ့်ရဲ့ Team Members တွေနဲ့ ကျွန်တော်တို့ ကြိုတင်ညှိနှိုင်းပြီး စီစဉ်ထားမယ်ဆိုရင် ဒီအခြေအနေတွေ တကယ်ဖြစ်လာတဲ့ အခါမှာ ရွေးချယ်စရာတွေ ကြိုပြီးတော့ ရှိနေပြီးသား ဖြစ်နေလိမ့်မယ်။

အဲဒီလိုဖြစ်တော့မှ ကျွန်တော်တို့ အသည်းအသန်ပြန်ပြီး တိုင်ပင်ရတာထက်စာရင် အခြေအနေနဲ့ လိုက်လျောညီထွေမှုရှိအောင် နည်းနည်းပါးပါး ပြန်ညှိပြီး ကျွန်တော်တို့ ဆုံးဖြတ်လို့ရပြီဆိုရင် အဲဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဘာလုပ်သင့်လဲဆိုရင် ဖြစ်လာနိုင်ချေတွေ ဘာပြဿနာတွေ ဖြစ်လာနိုင်ချေရှိမလဲ။ ဒါလေးတွေကို ကြိုတင်ခန့်မှန်းထားတာက ဦးဆောင်သူတွေအတွက် အရမ်းကို ကောင်းတဲ့ကိစ္စ ဖြစ်တယ်။

ကျွန်တော်တို့ ဒီဘက်မှာ Business Coaching လုပ်တယ် Executive Coaching လုပ်တယ်။ လုပ်တဲ့အခါ ကျွန်တော်တို့ နောက်ဆုံးမှာ One on One Coaching လုပ်တဲ့အခါမှာ အဲ့ဒီ Leader က နောက်ဆုံးမှာ သူဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက် သူဘာတွေလုပ်မလဲဆိုတဲ့ Action Plan အသေးစိတ်ထွက်သွားအောင် ကျွန်တော်တို့က လုပ်ပေးရတယ်။ အဲဒီလို လုပ်ပေးတဲ့အခါမှာ နောက်ဆုံးပြီးခါနီးမှာ ကျွန်တော်တို့ မေးတဲ့မေးခွန်းက အဲဒါတွေကို မလုပ်ဖြစ်စေတဲ့ အကြောင်းတရားတွေ ဘာတွေရှိမလဲ ? အဲဒီအရာတွေက ပြောမယ်ဆိုရင် လူတွေကို Breakthrough ဖြစ်စေတယ်။

ဆိုလိုတဲ့သဘောက မလုပ်ဖြစ်စေတဲ့ အကြောင်းတရားတွေ ဘာတွေတစ်ခုခုပေါ်လာတဲ့အခါ ဘာဖြစ်လာရင် ညာဖြစ်လာရင် ဟုတ်ပီ အဲဒီပေါ်လာတဲ့ အကြောင်းအရာတွေက သူလုပ်မယ့် ရည်မှန်းချက် သူလုပ်မယ့် Action တွေကို မထိခိုက်အောင် သူဘယ်လိုကာကွယ်နိုင်မလဲ ဘယ်သူတွေကို တာဝန်ခွဲပေးနိုင်မလဲ ဘယ်လိုလုပ်နိုင်မလဲ ဒီလိုမျိုး ပြောလိုက်တဲ့အခါ သူ့အနေနဲ့ ဘာတွေဖြစ်နိုင်မလဲဆိုရင် မထင်မှတ်တဲ့ အရာတွေအတွက်ပါ သူ့အနေနဲ့ နောက်တစ်ဆင့် ကြိုတင်ပြင်ဆင်ထားလို့ ရနိုင်မယ်။ အဲဒီအခါမှာ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် သူ့ရဲ့ တုံ့ပြန်မှုက ပိုပီးတော့ မှန်ကန်လာနိုင်တယ်။ ပိုပီးတော့ မြန်ဆန်လာနိုင်တယ်။

အဲဒီလိုဆိုရင် သူ့ရဲ့ဦးဆောင်မှု Leadership Effectiveness က ပိုပြီးတော့ ထိရောက်လာမယ်။ အဲဒါကြောင့် ကျွန်တော်တို့ မိတ်ဆွေတွေအနေနဲ့ လုပ်ငန်းမှာ ပိုပြီးတော့ ထိရောက်စေချင်ရင် မှန်ကန်တဲ့ တုံ့ပြန်မှုတွေကို မြန်မြန်ဆန်ဆန် ပေးနိုင်အောင် ကြိုးစားပါ။ အဲဒီလို ကြိုးစားနိုင်ဖို့အတွက်ဆိုရင် အစီအစဉ်တွေ ကြိုချထားပါ။ ချတဲ့နေရာမှာလဲ အဲဒီလိုမထင်မှတ်ဘဲနဲ့ ကိုယ်ထင်သလို ဖြစ်မလာခဲ့တဲ့ အခြေအနေတွေကိုလဲ ကျွန်တော်တို့ ထည့်စဉ်းစားပြီးတော့ အဲဒါတွေဖြစ်လာခဲ့ရင် ဘယ်လိုတွေ တုံ့ပြန်မလဲ ဒါလေးတွေ သတ်မှတ်ထားရင် ကိုယ့်အတွက်ရော ကိုယ့်အဖွဲ့အစည်းအတွက်ရော အများကြီးကောင်းမွန်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungexecutivecoach

naingwinaungceocoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial