ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ကိုယ့်မှာရှိသင့်တဲ့ အရည်အချင်း (၁) ခု

စိတ်ဆိုးနေတဲ့အချိန်မှာ သင့်ကိုယ်သင် ပေးသင့်တဲ့ အကြံပြုချက် (၄) ချက်
July 21, 2020
နေ့စဉ်အလုပ်တွေ ပိုပြီးထိထိရောက်ရောက် ပြီးချင်တယ်ဆိုရင်
July 21, 2020

ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ကိုယ့်မှာရှိသင့်တဲ့ အရည်အချင်း (၁) ခုက မှန်ကန်စွာ တုံ့ပြန်နိုင်မှုဖြစ်တယ်။

မှန်ကန်စွာ တုံ့ပြန်နိုင်မှုက ဘာလည်းဆိုတော့ ကျွန်တော်တို့အနေနဲ့ လောကကြီးမှာ ကျွန်တော်တို့ ကြိုက်တဲ့အချက်တွေကြုံရမယ်။ မကြိုက်တဲ့အချက်တွေကြုံရမယ်။ ကျွန်တော်တို့ စီစဉ်ထားတဲ့အတိုင်း ဖြစ်တာတွေရှိသလို မဖြစ်တာတွေလည်းရှိတယ်။

အဲဒီအခါမှာ ကျွန်တော်တို့ ဘာရှိဖို့လိုလဲဆိုတော့ တုံ့ပြန်နိုင်စွမ်း ရှိဖို့လိုတယ်။ အဲဒီတုံ့ပြန်နိုင်စွမ်းကလည်း မှန်ဖို့လိုတယ်။ မြန်ဖို့လည်းလိုတယ်။ ဆိုလိုတဲ့သဘောက တစ်ခုခုဖြစ်လာတယ်။ တုံ့ပြန်နိုင်စွမ်းက မမှန်ဘူး။ မမြန်ဘူးဆိုရင် ဘယ်လိုမှ ရလဒ်ကောင်းမှာမဟုတ်ဘူး။

ဆိုးတဲ့ရလဒ်ဆိုလည်း ပိုပြီးတော့ဆိုးသွားမယ်။ ကောင်းတဲ့ရလဒ်ဆိုလည်း ကောင်းသင့်သလောက် မကောင်းတော့ဘူး။ တုံပြန်နိုင်စွမ်း ကောင်းကောင်းရှိဖို့ဆိုရင် ကျွန်တော်တို့ အပြင်လောကကြီးမှာ ရှိနိုင်တာ ဝန်ထမ်းတွေဆို ကျွန်တော်ပြောကြည့်မယ်။ ရုံးမှာတစ်နှစ်စာ Bonus တွေရတယ် ဆိုရင် တစ်လစာပဲပြောပြော ဒီထက်မက ပိုရတယ်ဆိုရင် ကိုယ်ဘာလုပ်မလဲ။

ကိုယ် Phone သွားဝယ်လိုက်ရင်ရတာပဲ။ ကိုယ့်အနေနဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ ဝယ်လို့ရတယ်။ အဲဒါပြီးရင် ဘာဖြစ်သွားမလည်းဆိုတော့ ကုန်သွားမယ်။ ကိုယ်က သင်တန်းလေးတွေ Diploma သင်တန်းလေးတွေ ကိုယ့်အနာဂတ်အတွက် အကျိုးရှိတာလေးတွေကို အထူးသဖြင့် ပညာရေးမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုရင် အဲဒါပြီးရင် ကိုယ့်ဘဝက အပြောင်းအလဲဖြစ်နိုင်တယ်။

အဲဒီလိုပဲ လုပ်ငန်းရှင်တွေဆိုရင်လည်း လုပ်ငန်းကရတဲ့ အကျိုးအမြတ်ပိုက်ဆံတွေကို သုံးဖြုန်းပစ်မယ်ဆိုရင် ဒါမှမဟုတ်ရင် အဲဒီပိုက်ဆံကို ကိုယ့်အနေနဲ့ ဘာလုပ်လို့ရလည်းဆိုရင် ရှေ့ဆက်သွားဖို့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အဲဒီနှစ်ခုအပေါ်မူတည်ပြီး ရလဒ်က မတူတော့ဘူး။

လူတစ်ယောက်က ကိုယ့်ကိုယ်လာဆဲတယ်။ ဘလိုင်းကြီး အဆဲခံရရင်တော့ ခက်တာပေါ့။ ဒါမှမဟုတ်ရင် မင်းကဆဲရင် ငါကပြန်ဆဲတယ်ကွာဆိုပြီးတော့ ပြန်ဆဲရင်တော့ ရန်တွေဘာတွေဖြစ်မယ်။ ရဲသွားတိုင်မယ်ဆိုလည်း ရလဒ်က ကိုယ့်အတွက် အလုပ်ရှုပ်တာတွေ ဘာတွေဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း အောင့်သီးအောင့်သက် ကသိကအောင့် ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။

ဒီဟာကို အဲဒီနောက်က အကျိုးဆက်ကို စဉ်းစားရမယ်။ ငါဒါကိုလုပ်လိုက်ရင် ဘာအကျိုးဆက်ဖြစ်မလည်း။ ဒီလိုလုပ်ရင် ဘာအကျိုးဆက်ဖြစ်မလည်း။ ဥပမာ လူတစ်ယောက်က ဆဲတယ်။ ဆဲတာကို ကိုယ်လက်မခံဘူးဆိုရင် သူ့ဟာသူပူလောင်သွားတာပေါ့။ သူနဲ့ကိုယ်နဲ့ ရှောင်သွားလို့ရတယ်။ ဒါကကောင်းတာပေါ့။

ဒါပေမယ့် လူတစ်ယောက်က ကိုယ့်ကိုယ် မျက်နှာကြီးတည့်တည့် လက်သီးနဲ့ လာထိုးတာကိုတော့ ကိုယ်မယူဘူး လုပ်လို့မရဘူး။ မျက်နှာကို အထိုးခံလိုက်ရတာကို။ ဆိုလိုတဲ့သဘောက အခြေအနေတစ်ခုမှာ တုံပြန်တဲ့တုံ့ပြန်မှုကနေပြီး ရလဒ်တွေရတယ်။

Jack Canfield ကပြောတယ် ဘာပြောလည်းဆိုတော( E+R=O) E ဆိုတာ အဖြစ်အပျက် Event ပေါ့ R က Response တုံ့ပြန်မှုပေါ့။ O ဆိုတာက Outcome ရလဒ် ဆိုလိုတာက အဖြစ်အပျက်တစ်ခုဖြစ်တယ် ကိုယ်ဘယ်လို တုံပြန်သလဲပေါ်မူတည်ပြီးတော့ ရလဒ်ရတယ်။ အဲဒီတော့ တုန့်ပြန်နိုင်စွမ်း ကောင်းကောင်းရှိဖို့လိုတယ်။ Responsibility ဆိုတာ ဘာလည်းဆိုတော့ Response တုံ့ပြန်နိုင်စွမ်း ကောင်းဖို့လိုတယ်။ ကျွန်တော်တို့ တုံ့ပြန်နိုင်စွမ်းကောင်းရင် ရလဒ်ကောင်းတွေရမယ်။ မဟုတ်ရင် ရလဒ်ကောင်းတွေမရဘူး။ ဒါကြောင့် တစ်ခုခုဖြစ်တော့မယ်ဆိုရင် ဒါက ငါ့ရဲ့အကောင်းဆုံး တုံ့ပြန်မှုကဘာလည်း။

တစ်ခါတစ်လေကျရင် တုံ့ပြန်မှုက ထိုင်ပြီးစဉ်းစားနေဖို့ အချိန်မရဘူး။ အချိန်မရတော့ ကိုယ့်အနေနဲ့ အချိန်တိုအတွင်းမှာ မှန်ကန်တဲ့ တုံ့ပြန်နိုင်မှုတစ်ခုကို ရွေးဖို့လိုမယ်။ အရေးကြီးတာကတော့ မလုပ်သေးခင်မှာ အဲဒီတုန်ပြန်မှုရဲ့ အရှင်သခင်ဖြစ်တယ်။ တုံ့ပြန်ပြီးရင်တော့ အဲဒီတုံ့ပြန်မှုနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေကို ကိုယ်ကစပြီး ရင်ဆိုင်ရတော့မယ်။ အဲဒါကြောင့် အယုံမလွယ်ဖို့လိုတယ်။ မလောဖို့လိုတယ်။

ကိုယ့်အနေနဲ့ နှေးနေလို့လည်းမရဘူး။ ထိုက်သင့်တဲ့ တုံ့ပြန်မှုကို မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်နဲ့ လုပ်နိုင်မယ်ဆိုရင် ကိုယ့်အနာဂတ်အတွက် အများကြီး အကျိုးရှိမှာသေချာပါတယ်။ အထူးသဖြင့် ကိုယ့်အနာဂတ်အတွက် ကိုယ့်အဖွဲ့အစည်း ကိုယ့်ကိုမှီခိုနေတဲ့သူတွေ အများကြီးအတွက် အရေးကြီးပါတယ်။ အဲဒီအတွက်ကြောင့် ဒါလေးကို ဂရုစိုက်မယ်ဆိုရင် ရေရှည်အတွက် အများကြီး ကောင်းမှာသေချာပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungexecutivecoach #ceocoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial