အရည်အချင်းရှိတဲ့သူကို မအောင်မြင်အောင် တားဆီးထားတဲ့အရာ (၁) ခု

ဘဝမှာ တစ်ရက်မှ အလုပ်မလုပ်နဲ့
July 8, 2020
ဦးဆောင်တဲ့လူတွေ တခြားလူတွေကို ဦးဆောင်တဲ့နေရာမှာ ဘာကြောင့် ခံယူချက်အမှန်တွေ ရှိဖို့အတွက် အရေးကြီးသလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်
July 13, 2020

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်း။

ကျွန်တော် ကြားဖူးတဲ့ အဆိုအမိန့် တစ်ခုရှိတယ်။ ကိုယ်လုပ်နိုင်တယ်လို့ ထင်ရင်လည်းမှန်တယ်။ ကိုယ်မလုပ်နိုင်ဘူး ထင်ရင်လည်းမှန်တယ်။ ဘယ်လိုပဲ စဉ်းစားစဉ်းစား ကိုယ်မှန်တယ်။ ကျွန်တော်တို့က ကိစ္စတစ်ခုကို စဉ်းစားတဲ့အခါမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိလျှက်နဲ့ လူတွေက မလုပ်ကြဘူး။

ဘာလို့လည်းဆိုတော့ သူ့မှာအရည်အချင်း လိုအပ်တယ်လို့သူထင်တယ်။ အချိန်စောင့်သင့်တယ်လို့ ထင်တယ်။ တစ်ယောက်ယောက်က သူ့ကိုလာကူဖို့ လိုတယ်လို့ သူထင်တယ်။ အဲဒီလိုစောင့်ရင်းစောင့်ရင်းနဲ့ အခွင့်အလမ်းက ပျောက်သွားတယ်။

သူ့အနေနဲ့ အချိန် ၁နှစ် ၂နှစ် ၃နှစ် ၅နှစ် ဆုံးရှုံးတယ်ပေါ့။ အဲဒါကြောင့် လူတွေ အသက်သာကြီးသွားတယ် ဘာမှဖြစ်မလာတာ ဒါမျိုးကြောင့်ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်အရင်တုန်းက Coaching Business ကို စမယ်ဆိုတုန်းက အသက်ငယ်လို့တို့ ပညာအရည်အချင်းမလုံလောက်လို့ ဒါနဲ့ပတ်သက်ပြီး မပြည့်စုံသေးလို့ဆိုပြီး မျိုးစုံတွန့်ဆုတ်ခဲ့ဖူးတယ်။

အဲဒီလိုလုပ်နေရင် ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့ ရည်မှန်းတာတွေ ရမှာမဟုတ်ဘူး။ Business ကို Expend လုပ်ချင်တယ်ဆိုပြီး မလုပ်ဖြစ်ပဲ ပြိုင်ဘက်တွေက အရင်ဆုံးချဲ့သွားပြီး ကိုယ်က နောက်မှလိုက်လုပ်ရင် အများကြီး နောက်ကျသွားလိမ့်မယ်။ ဒါမျိုးတွေက ဖြစ်တတ်တယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့လိုတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ဆိုရင် အလကားနေရင်း ယုံကြည်တယ် ယုံကြည်တယ် ပြောနေလို့မရဘူး။ ယုံကြည်ဖို့ အထောက်အထားလိုတယ်။ အရင်တုန်းက ကိုယ့်ဘဝမှာ ကိုယ်ဖြတ်ကျော်ခဲ့တဲ့ အခက်အခဲတွေကို စဉ်းစားပြီးချရေးသင့်တယ်။ အဲဒီအခက်အခဲတွေကို ကျော်ဖြတ်တုန်းက ဘယ်လိုယုံကြည်မှုနဲ့ ဘာတွေလုပ်ခဲ့လဲ၊ ဒါလေးတွေ ပြန်ပြီးလေ့လာသင့်တယ်။

ကိုယ့်ပတ်ဝန်းကျင်က ကိုယ်လေးစားအားကျတဲ့ ပုဂ္ဂိုလ်တွေကရော ကိုယ်နဲ့ဆင်တူတဲ့ အခြေအနေမျိုးမှာ ဘယ်လိုဖြတ်ကျော်သွားကြပြီး သူတို့ဘယ်လိုရအောင် ယူသွားကြလဲ။ ဒါလေးတွေကို သွားမေးလို့ရတယ်။ စာအုပ်တွေထဲကနေ ဖတ်လို့ရတယ်။ တစ်နည်းအားဖြင့် ကိုးကားမှုတွေ လုပ်လို့ရတယ်။ ဒါတွေရလာပြီဆိုရင် ဘာဖြစ်လည်းဆိုတော့ ငါအရင်က ဒါကိုလုပ်တဲ့အတွက် ငါအခုလည်း ဒါကို လုပ်နိုင်မှာပဲ။ ငါ့ပတ်ဝန်းကျင်က လူတွေ ဒါကိုလုပ်တဲ့အတွက် ငါလည်း ဒါကိုလုပ်နိုင်မှာပဲဆိုပြီး ကောက်ချက်ဆွဲလို့ရတယ်။ အဲဒီအခါမှာ ကိုယ့်ကိုယ်ကိုယ် ကန့်သက်ထားတဲ့ ကန့်သက်မှုကို ကျော်လို့ရမယ်။

နောက်စဉ်းစားလို့ရတာက ဒီတိုင်းကန့်သက်ထားတဲ့ ယုံကြည်မှုနဲ့သွားရင် နောက်၃နှစ် ၅နှစ် ၁၀နှစ် အနှစ်၂၀ မှာ ငါ့ဘဝကြီး ဘာဖြစ်သွားမလဲ။ အဲဒီအခြေအနေမျိုး လိုချင်လား။ ကိုယ့်မိသားစုကိုရော ဒီအခြေအနေမျိုးမှာပဲ ထားချင်လား။ ဒါက ကိုယ့်ဟာကိုယ် စဉ်းစားဖို့လိုတယ်။

ကျွန်တော့်အနေနဲ့ ပိုက်ဆံမရှိတာမကြိုက်ဘူး။ ကိုယ်ကသုံးဖြုန်းနေတာ မဟုတ်ပေမယ့် လိုချင်တာ မဝယ်နိုင်တာကို မကြိုက်ဘူး။ အဲဒီအခါ အလွန်အကျွံ ယုံကြည်တာမဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့လိုတယ်။

နောက်ပြီး ကိုယ့်ကိုယ်ကိုယ် အရည်အချင်း ဖြည့်ပါ။ တစ်ခုခုကိုမလုပ်ခင် အရင်လေ့ကျင့်ပါ။ တိုင်ပင်သင့်တဲ့သူနဲ့ တိုင်ပင်ပါ။ နောက်ယုံကြည်မှုတက်လာဖို့ လုပ်သင့်တာကို လုပ်လိုက်ပါ။ လုပ်ကြည့်မှ မှန်တဲ့အတွက်ကြောင့် ယုံကြည်မှုရှိလာသလို မှားတဲ့အရာ တွေကိုလည်း ပိုပြီးကောင်းအောင် လုပ်လို့ရတယ်။ ဒီလိုမျိုးလုပ်တဲ့ အတွေ့အကြုံကနေ ကိုယ့်ကိုယ်ကိုယ် ပိုပြီးအသိအမှတ်ပြုလုပ်ရတယ်။ ထိုင်နေလို့တော့ ဘာမှမဖြစ်လာဘူး။ လုပ်စရာရှိတာကို စလုပ်ပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial