စီးပွါးရေးလုပ်ငန်းရှင်တွေ ဦးဆောင်သူတွေ မဖြစ်မနေ လိုက်နာသင့်တဲ့ အချက် (၁) ချက်

လူတိုင်းလေးစားရတဲ့ ဦးဆောင်သူတွေမှာ ရှိတဲ့ အချက်(၁) ချက်
July 8, 2020
ဘဝမှာ တစ်ရက်မှ အလုပ်မလုပ်နဲ့
July 8, 2020

နှိမ့်ချတတ်မှု

နှိမ့်ချတတ်မှုနဲ့ ပတ်သက်ရင် ကျွန်တော်ဆရာ John C Maxwell ကလည်း စာအုပ်တွေမှာ ခဏခဏ ထည့်ရေးတယ်။ ကျွန်တော်မှတ်မှတ်ရရ ဖြစ်တာတစ်ခုက အင်္ဂလန်ဝန်ကြီးချုပ် Winston Churchill ဟောပြောပွဲတစ်ခုကို လူတွေအများကြီး လာတက်ကြတယ်။

သူ့မိတ်ဆွေ တစ်ယောက်ကပြောတယ် ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းကို ဒီလိုလူတွေ အများကြီး လာနားထောင်ကြတာ မပျော်ဘူးလားလို့မေးတယ်။ ဝမ်းသာတာပေါ့။ ပီတိဖြစ်တာပေါ့။ ကျွန်တော် ဒီလိုမျိုးပီတိဖြစ်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အမြဲပြန်ပြီး သတိပေးဖြစ်တယ်။

အကယ်၍ ဒီနေ့ဟာ တကယ်လို့ ကျွန်တော်က ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ မိန့်ခွန်းပြောတဲ့ နေ့မဟုတ်ဘဲ အမှားလုပ်မိလို့ နိုင်ငံတော်က ကြိုးစင်တင်တဲ့နေ့ ဖြစ်မယ်ဆိုရင် လာကြည့်တဲ့ သူက ပိုတောင်များဦးမယ်။ ဆိုလိုတာက အမြင့်ကနေ သူဘယ်လောက်ထိ နိမ့်ကျသွားနိုင်လဲ ဆိုတာကို သူနားလည်ထားတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့တွေက မောက်မာလို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတက်ရမယ်။

ကျွန်တော့်သူငယ်ချင်း မင်းသားဇေယျ ဆိုတာရှိတယ်။ သူက ကျွန်တော်တို့ပွဲလေးမှာ တစ်ခေါက်လာပြောတယ်။ အနုပညာရှင်တွေ အပေါ်ကို တက်တက် တက်တက်လာပြီး နောက်ဆုံး နံပါတ် (၁) တွေ ဘာတွေ ဖြစ်လာပြီဆိုရင် ဘာဖြစ်တတ်လဲဆိုတော့ သူကိုယ်သူ တော်တော်လေး အထင်ကြီးတတ်ကြတယ်။ အဲဒီအခါမှာ သူတို့ကိုယ် သူတို့ပြန်ပြီး သတိပေးဖို့လိုတာက (၁) ပြီးသွားရင် (၂) ကိုပြန်ကျတာ မဟုတ်ဘဲ (၁) ပြီးသွားရင် သုည ဖြစ်သွားတယ်။ ဘာမှမဟုတ်တော့ဘူး ဖြစ်သွားတတ်တယ်။

အဲဒီအခါကျတော့ ကျွန်တော်တို့တွေ ကိုယ်ကနယ်ပယ်တစ်ခုမှာ အသက်အရွယ် ငယ်သေးပေမယ့် အောင်မြင်လာပြီ၊ အခြေအနေ တစ်ခုရလာပြီ၊ ရာထူးတွေရလာပြီ ကိုယ့်ကို ထောက်ခံတဲ့ သူတွေ ရှိလာပြီဆိုရင် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ငါတော်တော်ဟုတ်နေပြီဆိုပြီး ထင်တတ်ကြတယ်။

အဲဒီအခါမှာ အခြားသူတွေကို သူတို့တော့ငါ့လောက် မတော်ဘူး။ ငါ့လောက် အဆင့်အတန်းမရှိဘူး။ ငါ့လောက် အခြေအနေမရှိဘူးဆိုပြီး နှိမ်ချင်လာတယ်။ ကြည့်တာနဲ့ကို နှိမ်တယ်ဆိုရင် ဟိုဘက်ကလူက သဘောပေါက်တယ်။

တစ်ချို့ကကျတော့ စိတ်ထဲမှာတွေးရုံ သက်သက်မဟုတ်ဘူး။ အပြင်မှာကိုက သူ့ပုံစံကို ကြည့်လိုက်ရင် တစ်ခြားလူတွေကို နှိမ်တဲ့ပုံပေါက်နေတယ်။ စကားပြောရင် အသက်က မတိမ်းမရိမ်း ကိုယ့်ထက်ကြီးမှန်း သိနေရင်တောင်မှ မင်းတွေငါတွေခေါ်တာ ဟေ့ကောင်လို့ ခေါ်တာ Driver တွေ လုံခြုံရေးတွေကို နှိမ်ပြီးတော့ခေါ်တာ ဒါတွေက မရင့်ကျက်တဲ့ လက္ခဏာ တွေပဲ။ နှိမ့်ချတတ်မှု မရှိတဲ့ လက္ခဏာတွေပေါ့။

အဲဒီလိုမျိုးဖြစ်ပြီးသွားပြီဆိုရင် အဲဒီလူက တာရှည်ခံမှာ မဟုတ်ဘူး။ ခေါင်းဆောင်တစ်ယောက်က ကြိုက်တဲ့ ရာထူးရောက်နေပါစေ လူတွေကို စော်ကားမော်ကား လုပ်လို့မရဘူး။ လူတွေကို လေးစားတတ်ဖို့လိုတယ်။ ချစ်ခင်တတ်ဖို့ လိုတယ်။

နှိမ့်ချတတ်တယ် ဆိုတာကို အလကားနေရင်း အောက်ကျနောက်ကျနေဖို့မဟုတ်ဘူး။ အဓိကက မမောက်မာဖို့ လူတွေကို ကိုယ်က ကောင်းကောင်းမွန်မွန် အသိအမှတ်ပြု ရယ်ပြစရာရှိရယ်ပြ နှုတ်ဆက်စရာရှိနှုတ်ဆက်ဖို့ ဖြစ်တယ်။ အလကားနေရင်း ကိုယ်က မာန်တက်နေပြီး လိုက်ကြွားနေစရာ အကြောင်းမရှိဘူး။

ဒီလိုမျိုးသာ လုပ်မယ်ဆိုရင် ကိုယ့်ကိုယ် လူချစ်လူခင်များပြီးတော့ ကိုယ်ကလူတွေကို ဦးဆောင်တဲ့ အခါမှာလည်း အများကြီးပိုပြီးတော့ အဆင်ပြေလာမယ်။

ကျွန်တော်ဆိုရင် ကျွန်တော့်အကြောင်း သိချင်ရင် ကျွန်တော့်တိုက်က လုံခြုံရေးကို လာမေးပါ။ ကျွန်တော်တိုက်က လုံခြုံရေးကို ကျွန်တော် ဘယ်လိုဆက်ဆံလဲဆိုတာ မေးလို့ရတယ်။ ကျွန်တော် YKKO မှာ ဝန်ထမ်းတွေ ထောင်နဲ့ချီပြီး ဦးဆောင်တယ်။ တိုက်ရိုက်ဆိုရင် ကျွန်တော် ရာဂဏန်း တော်တော်များများ ဦးဆောင်ရတယ်။ အဲဒီဝန်ထမ်းတွေကို သွားမေးကြည့်ရင် အရင်ထဲက ကျွန်တော် လူတွေအပေါ်မှာ ဘယ်လိုဆက်ဆံလဲ ဆိုတာ သိလို့ရတယ်လို့ ကျွန်တော်ပြောပြတယ်။

အဓိကက ကျွန်တော်ကိုယ်တိုင်လည်း Apply လုပ်နိုင်အောင် ကြိုးစားတယ်။ ကျွန်တော့် သင်တန်းသား Coaching Client တွေကိုလည်း မျှဝေတယ်။ အဲဒီအတွက်ကြောင့် နှိမ့်ချတတ်ပါ။ နှိမ့်ချတတ်တာက ကိုယ့်အတွက်ရော ကိုယ့်အဖွဲ့အစည်း အတွက်ရော ကိုယ့်ဝန်ထမ်းတွေ အတွက်ရော အများကြီး အကျိုးရှိမှာပါ။ သူတို့လည်း ကိုယ့်ကိုယ် စံနမူနာယူပြီး လုပ်မယ်ဆိုရင် ကိုယ့်အဖွဲ့အစည်းက ပိုပြီးကောင်းလာမှာ သေချာပါတယ်။

Naing Win Aung (MBA, UK)

Business & Executive Coach

Leadership Development Facilitator

Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach

#Leadership #Coaching

#Transformation

#NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial