လူတိုင်းလေးစားရတဲ့ ဦးဆောင်သူတွေမှာ ရှိတဲ့ အချက်(၁) ချက်

သင့်အနေနဲ့ နယ်ပယ်တစ်ခုမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်ဖို့ မဖြစ်မနေ နားလည်ရမယ့် အရာ (၁) ခု
July 8, 2020
စီးပွါးရေးလုပ်ငန်းရှင်တွေ ဦးဆောင်သူတွေ မဖြစ်မနေ လိုက်နာသင့်တဲ့ အချက် (၁) ချက်
July 8, 2020

မျှော်လင့်ထားတာထက် ပိုပြီးတော့ လုပ်ပေးပါ။ မျှော်လင့်ထားတာထက် ပိုပြီးတော့ လုပ်ပေးတယ်ဆိုတာ ဦးဆောင်တဲ့သူက သူတို့နဲ့ဆက်ဆံရတဲ့ ဘယ်သူကိုမဆို သူတို့ မျှော်လင့်ထားတာထက် ပိုပြီးတော့ လုပ်ပေးတယ်။

အဲဒီလို လုပ်ပေးတဲ့အတွက်ကြောင့် သူတို့နဲ့ ဆက်ဆံတဲ့သူတွေက သူတို့ပေါ်မှာ ပိုပြီးတော့ယုံကြည်လာကြတယ်။ ပိုပြီးတော့ စိတ်ချမ်းသာ လာကြတယ်။ အဲဒီအခါမှာ ရေရှည်ဆက်ဆံရေးတွေက အများကြီး ပိုပြီးတော့ အဆင်ပြေလာကြတယ်။ အဲဒီလိုပြောလာရင် လုပ်ငန်းအဖွဲ့အစည်းကလည်း ပိုပြီးတော့ တိုးတက်လာတယ်။

ဦးဆောင်သူတွေက ပြောရင် ချုံ့ပြီးပြောတယ်။ ကြော်ငြာရင် ချုံ့ပြီးကြော်ငြာကြတယ်။ လုပ်ပေးရင်တော့ မျှော်လင့်ထားတာထက် ပိုပြီးလုပ်ပေးတယ်။ အဲဒီအခါမှာ အများကြီး အဆင်ပြေတယ်။ တစ်ဖက်က ပြောင်းပြန်ပြောမယ်ဆိုရင် အချို့သော ဦးဆောင်သူတွေ တစ်ချို့သော သူတွေ ဒီလူတွေ ဘာဖြစ်ကြသလဲဆိုရင် သူတို့အိမ်မှာပဲဖြစ်ဖြစ် ရုံးမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ဒါမှဟုတ်ရင် Business မှာပဲဖြစ်ဖြစ် ပြောရင်ပိုပြီးပြောတယ်။

ဘာလို့ပိုပြီး ပြောလည်းဆိုရင် လူအထင်ကြီးစေချင်တာ လူတွေသဘောကျစေချင်တာ အဲဒီအခါမှာ တော်တော်လေးကို ပိုပိုသာသာ ပြောထားတဲ့ အတွက်ကြောင့် လူတွေက စဉ်းစားကတည်းက တော်တော် စဉ်းစားထားတယ်။ မျက်စိထဲ မြင်ယောင်တယ် ဆိုရင်လည်း အများကြီးမြင်ယောင်ထားမယ်။ ကြိုပြီးတော့ စိတ်ကူးယဉ်ထားတယ်။ အဲဒီအချိန်ကျရင်တော့ ဘာတွေဖြစ်လာမှာပဲဆိုပြီး သူတို့မျှော်လင့်ထားတယ်။

ဒါပေမယ့် တကယ်တမ်းမှာ အဲဒီအချိန်ကျတော့ ဖြစ်လည်းဖြစ်လာရော သူတို့ထင်သလို မဟုတ်ဘူး။ ထင်ထားတာနဲ့ မတူတော့ဘူး။ တစ်ခါတစ်လေကျရင် ကြော်ငြာတွေ ဘာတွေကြည့်ပြီး အရမ်းသဘောကျလို့ စားသောက်ဆိုင်တွေ ဘာတွေ ကျွန်တော်တို့သွားတယ်ဆိုရင် ပစ္စည်းတစ်ခုကို ဝယ်လိုက်တယ်။ လက်ထဲရောက်လာတဲ့အခါ ကျွန်တော်တို့ ထင်သလိုမဖြစ်ရင် အများကြီး စိတ်ပျက်ရတယ်။

အဲဒါကြောင့် ကောင်းတာက ဘာလည်းဆိုတော့ ပြောရင် လျှော့ပြောရမယ်။ လျှော့ပြောတဲ့အတွက်ကြောင့် လူနည်းသွားမှာ စိုးရိမ်စရာ မလိုဘူး။ အဓိကက ကိုယ်ကောင်းရင် လူတွေက ကိုယ့်ကိုယ် ဖြည်းဖြည်းချင်း သဘောကျလာမယ်။

အဲဒါကြောင့် ကိုယ်တကယ်ကို လုပ်ပေးဖို့ ရည်ရွယ်ထားတာထက် နည်းနည်းလျှော့ပြီးတော့ ပြောလို့ရတယ်။ ကြော်ငြာတွေ ဆိုရင်လည်း ကိုယ့်အနေနဲ့ အလွန်အကျွံကြီး ကြော်ငြာတာထက်စာရင် ကိုယ်တကယ် ကြိမ်းသေ လုပ်ပေးနိုင်လောက်တဲ့ အတိုင်းအတာ တစ်ခုထိပဲပြော ရည်မှန်းချက်ကတော့ ငါဒီထက်မက လုပ်ပေးမယ်ဆိုတဲ့ ရည်မှန်းချက်ရှိရမယ်။

အဲဒီအခါကျရင် လူတွေကလာမယ် သူတို့ မျှော်မှန်းသလောက် အနည်းဆုံး ကိုယ်ကပေးနိုင်ရင်တောင် သူတို့တွေက ကျေနပ်နေကြမှာဖြစ်တယ်။ ဒါပေမယ့် ကိုယ်က သူတို့မျှော်မှန်း ထားတာထက် ပိုပြိးတော့လည်း ပေးလိုက်ရော သူတို့ ကိုယ့်ကိုယ် တော်တော်လေး သဘောကျသွားလိမ့်မယ်။ အဲဒီကနေပြီးတော့ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေး ဖြစ်လာမယ်။

ဒီကနေပြီး ကျွန်တော်တို့ လုပ်ငန်းအတွက်ရော ကျွန်တော်တို့နဲ့ ဆက်ဆံတဲ့ နောက်လိုက်ပဲဖြစ်ဖြစ် ဖောက်သည်တွေ အတွက်ပဲဖြစ်ဖြစ် နောက်ဆုံး ကျွန်တော်တို့အတွက်ပဲဖြစ်ဖြစ် အများကြီးအဆင်ပြေလာမယ်။ အဲဒီအတွက်ကြောင့် ပြောရင်လျော့ပြောပါ။ ကြော်ငြာရင် လျော့ပြီးကြော်ငြာပါ။ လုပ်ပေးရင် များများလုပ်ပေးပါ။ အဲဒါက အားလုံးအတွက် ပိုပြီးတော့အကျိုးရှိတဲ့ ချည်းကပ်ပုံပဲဖြစ်ပါတယ်။

Naing Win Aung (MBA, UK)

Business & Executive Coach

Leadership Development Facilitator

Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach

#Leadership #Coaching

#Transformation

#NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial