ဦးဆောင်သူတွေမှာရှိနေတဲအားနည်းချက်တွေနဲ့ သူတို့ဘာတွေလုပ်နိုင်လည်းဆိုတဲ့ ရွေးချယ်နိုင်တဲ့ အချက် (၂) ချက်

တစ်စုံတစ်ခုကို အကြောင်းပြပြီး စောင့်ဆိုင်းတတ်သူတွေအတွက် အကြံပြုချက် (၁) ခု
June 30, 2020
သင့်အနေနဲ့ နယ်ပယ်တစ်ခုမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်ဖို့ မဖြစ်မနေ နားလည်ရမယ့် အရာ (၁) ခု
July 8, 2020

ဦးဆောင်သူတွေမှာရှိနေတဲ့ အားနည်းချက်တွေနဲ့ သူတို့ဘာတွေလုပ်နိုင်လည်းဆိုတဲ့ ရွေးချယ်နိုင်တဲ့ အချက် (၂) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဦးဆောင်သူတွေအနေနဲ့ သူရဲ့အရည်အချင်း တစ်ခုကို မြှင့်တင်မယ်ဆိုရင် ဘယ်ဟာကို ဦးစားပေး မြှင့်တင်ရမလဲ။ အားနည်းချက်ကို မြှင့်တင်ရမလား။ နဂိုရှိတဲ့ အားသာချက်ကိုပဲ ပိုပြီးကောင်းအောင် မြင့်တင်ရမလား။

ကျွန်တော်တို့က နယ်ပယ်တစ်ခုခုမှာ ထွန်းထွန်းပေါက်ပေါက် ဖြစ်ချင်တယ်ဆိုရင် တစ်ယောက်ချင်းအနေနဲ့ပဲဖြစ်ဖြစ် အဖွဲ့အစည်းအနေနဲ့ပဲဖြစ်ဖြစ် လိုင်းတစ်လိုင်းကို သေချာရွေးချယ်ပြီး အဲဒီနေရာမှာ ကိုယ့်ကို လူတွေက လုံးဝကို ဆရာကျလာပြီလို့ သူတို့ယူဆလာတဲ့အထိ ကျွန်တော်တို့ ကိုယ့်ရဲ့အရည်အချင်းကို လိုင်းတစ်လိုင်းမှာ မြှင့်တင်ဖို့လိုတယ်။ အဲဒီအခါကျမှ လူတွေက အဲဒီအပိုင်းနဲ့ ပက်သက်လာရင် ကိုယ့်ကို ရှာကြမှာ။

ကျွန်တော်တို့ဆို Leadership နဲ့ Coaching ကို Specialize လုပ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ TLJ, TLP သင်တန်းတွေက မြန်မာနိုင်ငံမှာ Leadership နဲ့ပက်သက်ပြီး တက်ရောက်သူ အများဆုံး သင်တန်းတွေ ဖြစ်လာတယ်။ အဓိကက လိုင်းတစ်လိုင်းကို သေချာရွေးပြီးမြှင့်တင်တာက အကောင်းဆုံးပဲ။

ကျွန်တော်တို့မှာ အားနည်းချက်တွေက ရှိသေးတယ်။ ကျွန်တော်တို့က အဲဒီအားနည်းချက်တွေကို လုံးလုံးကြီး လစ်လျူရှုလိုက်လို့မရဘူး။ အဲဒီအခါကျရင် အားနည်းချက်တွေ အရမ်းများရင် အခက်အခဲဖြစ်မယ်။ အဖွဲ့အစည်းကလည်း ထိရောက်သင့်သလောက် မထိရောက်နိုင်တော့ဘူး။

အဲဒါဆို ကျွန်တော်တို့ အဲဒီအားနည်းချက်တွေနဲ့ ပက်သက်ပြီး ဘာလုပ်လို့ရနိုင်မလဲ။ အရင်ဆုံး လုပ်သင့်တာက အဲဒီအားနည်းချက်တွေက ကိုယ်မတက်ကျွမ်းတဲ့ အရည်အချင်းတွေက ငါတကယ်တက်ဖို့လိုလား။ ကိုယ့်လုပ်ငန်းရှေ့ဆက်ပြီးသွားမယ့် စီမံကိန်းတွေကို တစ်ချက်ကြည့်ရမယ်။

ကြည့်လို့အဲဒီဟာတွေက ကိုယ်မတက်လည်း ဘာမှတော့မဖြစ်ဘူးဆိုရင် ဥပမာ ကျွန်တော်ဆိုရင် Graphic Design သင်တန်းတွေ ဘာတွေ မတက်တော့ဘူး။ ဒီဟာက ကျွန်တော်လုပ်ရမယ့်ဟာမဟုတ်ဘူး။ ကိုယ့်အနေနဲ့ ရှေ့ဆက်ပြီး သွားရမယ့်ဟာမျိုးမှာ လိုသလားပေါ့။ ဒါပေမယ့် Graphic Design က ကျွန်တော့အဖွဲ့အစည်းမှာ လိုတယ်။ ဒါပေမယ့် ကျွန်တော်လေ့လာဖို့ ဦးစားပေးမဟုတ်ဘူး။

အဲဒီတော့ ကိုယ်လိုလား၊ မလိုလားတစ်ချက်ကြည့် မလိုတဲ့ဟာမျိုးကျတော့ အဲဒီဟာကို ပယ်လိုက်ပေါ့။ လိုတဲ့အချက်ဆိုရင် ကျွန်တော်တို့ ရွေးချယ်စရာ ဘယ်နှစ်မျိုးရှိလဲ တစ်မျိုးက ကိုယ်လိုနေတဲ့ အရည်အချင်းနဲ့ပက်သက်ပြီး ကိုယ့်အရည်အချင်း တက်လာအောင် ဘယ်လိုလုပ်ရမလဲ။

တက်လာအောင် လုပ်မယ်ဆိုရင် ကိုယ်က စာအုပ်ဖတ်ပြီး လေ့လာမှာလား ဒါမှမဟုတ်ရင် အင်တာနက်က နေပြီးတော့ လေ့လာမှာလား၊ အပြင်က Coach တွေ Trainer တွေ Consultant တွေဆီကနေတစ်ဆင့် လေ့လာမှာလား၊ ဒါမှမဟုတ်ရင် လုပ်ငန်းခွင်မှာ တက်နေပြီးသား ပုဂ္ဂိုလ်ဆီကနေ လေ့လာမှာလား ဒါမျိုးတွေ ကျွန်တော်တို့ရွေးလို့ရတယ်။

ဒါပေမယ့် ကိုယ်က အဲဒါမျိုးလည်း လိုက်ပြီးတော့ လေ့လာဖို့ အချိန်မပေးဘူးဆိုရင် နောက်တစ်ခု ရွေးချယ်နိုင်တာက ကျွန်တော်တို့ ဘာလုပ်လို့ရလဲဆိုရင် အဲဒီအပိုင်းတွေနဲ့ ပက်သက်ပြီး ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ့်ရဲ့ Team မှာထည့်သင့်တယ်။

ဆိုလိုတဲ့ သဘောက Leader တစ်ယောက်က ရှိသမျှဘက်စုံတော်ပြီး အရာအားလုံးတတ်ကျွမ်းနေဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ကိုယ်အားနည်းတဲ့အပိုင်းမှာ ကိုယ့်ကိုယ်ဖြည့်ပေးမယ့် ကျွမ်းကျင်တဲ့သူတွေခေါ်ပြီး ခန့်မယ်ဆိုရင် သူတို့ကြောင့် ကျွန်တော်တို့ရဲ့ အားနည်းချက်လေးတွေက မပေါ်တော့ဘူး။
အဲဒီတိုင်းပဲ သူတို့ကိုလည်း ကျွန်တော်တို့က အဲဒီနေရာမှာ ဦးဆောင်ခွင့်ပေးရမယ်။ ပိုပြီးနေရာပေးရမယ်။ ဒါဆိုရင် ကျွန်တော်တို့ Team က ကိုယ်အားသန်တဲ့ နေရာမှာ ကိုယ်ဦးဆောင်တာ ဖြစ်လာမယ်။ ကိုယ့်ရဲ့ အားနည်းချက်ကြောင့် လုပ်ငန်းမှာ နှောင့်နှေးတာတွေလည်း မဖြစ်တော့ဘူး။

အဲဒါကြောင့် အားနည်းချက်တွေနဲ့ ပတ်သက်လို့ ဒါက မဖြစ်မနေ လုပ်ရမှာဆို ကိုယ့်အနေနဲ့ အချိန်လေး နည်းနည်းပေးပြီး လေ့လာပါ။ အကယ်၍ ကိုယ့်အနေနဲ့ အချိန်လည်း မပေးနိုင်ဘူး မဖြစ်မနေလည်း လုပ်စရာမလိုဘူးဆိုရင် အဲဒီအပိုင်းနဲ့ ပက်သက်ပြီး ကျွမ်းကျင်တဲ့ Professional တစ်ယောက် ခေါ်ပြီးခန့်လိုက်ပါ။ အဲဒီအခါ အဖွဲ့အစည်အတွက်လည်း ထိရောက်တယ် ကိုယ့်အတွက်လည်း အချိန်အရရော ရလဒ်အရရော ပိုပြီးတော့ ထိရောက်လာမှာပါ။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial