ခေါင်းဆောင်တစ်ယောက်အနေနဲ့ သဘောထားမှန်ကန်စွာ ထားခဲ့ရင် ရရှိလာနိုင်မဲ့ အကျိုးကျေးဇူး (၅) ခု

သင့်လုပ်ငန်းမှာ ဘာတွေကို အာရုံစိုက်မလဲဆိုတာကို သတ်မှတ်နိုင်ဖို့အတွက် သင်လုပ်ဆောင်နိုင်တဲ့ အကြံပြုချက် (၄) ခု
June 23, 2020
ဦးဆောင်သူတွေဆီကနေ နောက်လိုက်တွေ မျှော်လင့်ထားကြတဲ့ ခံယူချက် (၄) ခု
June 23, 2020

သဘောထား မှန်ကန်တယ်ဆိုတာ ဘာလဲဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်အကျိုးအတွက်ချည်းပဲ မဟုတ်ရဘူး ကိုယ်မိသားစု အကျိုးတွက်ချည်းပဲ မဟုတ်ရဘူး။

ကိုယ်ရဲ့ အဖွဲ့အစည်းထဲကလူတွေရော၊ ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တွေ အပေါ်ကလူတွေ ဘေးကလူတွေရော အောက်ကလူတွေ ဒါမှမဟုတ် Customer တွေ ဒါမှမဟုတ်ရင် အဖွဲ့အစည်းနဲ့ တိုက်ရိုက် ဆက်သွယ်နေတဲ့ သူတွေ နောက်ပြီးတော့ ပတ်ဝန်းကျင်တွေ ဒီလိုမျိုး ကဏ္ဍတွေအားလုံးကို ထည့်ပြီးစဉ်းစားတဲ့ ဟာမျိုးကို ခေါ်တယ်။

ကိုယ်အနေနဲ့ အခက်အခဲတွေ ဘယ်လိုမျိုး သဘောထားသလဲ၊ လောကဓံနဲ့ပက်သက်ပြီး ဘယ်လိုမျိုး သဘောထားလဲ။ ကျွန်တော်တို့မှာ ရှိသင့်တဲ့ ခံယူချက်တွေ အတွေးအခေါ်တွေ ဒါတွေအားလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော့်မှာ မှန်ကန်တဲ့ သဘောထား ကောင်းမွန်တဲ့ သဘောထားတွေနဲ့ ဦးဆောင်လာနိုင်လို့ရှိရင် ဘာဖြစ်လာမလဲဆိုရင်

(၁) လုပ်ငန်းခွင်က ပျော်စရာကောင်းမယ်။

ခေါင်းဆောင်က အတွေးအခေါ် မှန်လို့ရှိရင် အောက်ကလူတွေကို ခေါင်းဆောင်က အတွေးအခေါ် မှန်အောင် သင်ပေးမှာပေါ့။ အဲဒီတော့ လုပ်ငန်းခွင်က ပျော်စရာကောင်းတယ်။ လုပ်ငန်းခွင်မှာ တော်ရုံတန်ရုံ Stress တွေမရှိဘူး မလိုအပ်တဲ့ Stress မရှိဘူး။
လိုအပ်တဲ့ Stress ရှိတာ ကိုဝန်ထမ်းတွေအားလုံး ကခံနိုင်တယ်။ မလိုအပ်တဲ့ Stress တွေဆိုရင် ဝန်ထမ်းတွေ စိတ်ညစ်မယ်။ အဲ့တော့ ခေါင်ဆောင်မှာ မှန်ကန်တဲ့ သဘောထားရှိရင် လုပ်ငန်းခွင်က ပျော်စရာကောင်းမယ်။

(၂) ဝန်ထမ်းတွေ အချင်းချင်း ပိုပြီး ချစ်ခင်လေးစားလာကြမယ်။

ဝန်ထမ်းတွေ အချင်းချင်း ချစ်ခင်လေးစားတယ်ဆိုတာ ကိုယ်ရှေ့မှာမို့လို့ စကားကို ကောင်းကောင်းမွန်မွန် ပြောတာမဟုတ်ဘူး။ ကိုယ့်ရဲ့ ကွယ်ရာမှာပါ သူတို့အားလုံး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ဖြစ်နေမယ်။ ဒါမျိုးကိုဆိုလိုတာ။ ဒီအချက်ဟာ လုပ်ငန်းခွင်မှာ Culture ကောင်းဖို့အတွက် အများကြီး လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။

(၃) ဝန်ထမ်းအဝင်အထွက် လျော့ကျလာမယ်။

ခေါင်းဆောင်ကသာ သူ့မှာ မှန်ကန်တဲ့ နှလုံးသွင်းမှုတွေ ခံယူချက်တွေနဲ့ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် ဦးဆောင်လို့ရှိရင် အဲဒီလုပ်ငန်းက ဘာဖြစ်လာမလဲဆိုရင် ဝန်ထမ်း အဝင်အထွက် လျော့ကျလာမယ်။
အဲဒီတော့ ခုနပြောသလို ပျော်စရာကောင်းလာမယ်။ အချင်းချင်းလည်း ချစ်ခင်လေးစားကြတဲ့အခါကြတော့ ဝန်ထမ်းတွေက အကယ်၍များ အခြားလုပ်ငန်းတူ ဒါမှမဟုတ်ရင် အခြားလုပ်ငန်းမှာ သူ့မှာ လစာပိုကောင်းနိုင်တဲ့ အခွင့်အလမ်းရှိရင်တောင် သူနဲ့အတူတွဲလုပ်နေရတဲ့ သူတွေကို ချစ်ခင်လေးစားတဲ့ အတွက်ကြောင့် သံယောဇဉ် ရှိတဲ့အတွက်ကြောင့် မပြောင်းတော့ဘူး။
တော်ရုံတန်ရုံ မပြောင်းတော့ဘူး။ အဲဒီတော့ ကိုယ့်မှာ တော်ရုံတန်ရုံ ဝန်ထမ်းကောင်းတွေ မဆုံရှုံးတော့ဘူး။ ဝန်ထမ်း အဝင်အထွက်တွေ လျော့ကျလာနိုင်တယ် အထူးသဖြင့် ဝန်ထမ်းအထွက်တွေ လျော့သွားနိုင်တယ်။

(၄) ဖောက်သည် မကျေနပ်မှုတွေ လျော့ကျလာမယ်။

ဖောက်သည်တွေ မကျေနပ်မှုတွေ Customer Complaints တွေ လျော့ကျလာလိမ့်မယ်။ Customer Complaints တွေလျော့လာမယ် ဆိုလိုရှိရင် လုပ်ငန်း တိုးတက်မှုတွေအတွက် အများကြီး အထောက်အကူဖြစ်တယ်။
လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးက Customerဖြစ်တယ်။ Customer ကို ကျွန်တော်တို့ ဆုံးရှုံးသွားရင် လုပ်ငန်းမှာ အများကြီး ထိခိုက်လာနိုင်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ လုပ်ငန်းမှာ ဝန်ထမ်းတွေက ပျော်လာပြီးတော့ ဝန်ထမ်းကောင်းတွေ ငြိမ်လာတဲ့အတွက်ကြောင့် Customer ဝန်ဆောင်မှု ပေးတဲ့နေရာမှာ Production အပိုင်းမှာ ပဲပြောပြော Customer Service မှာပဲ ပြောပြော အများကြီး အဆင်ပြေလာနိုင်တယ်။

(၅) လုပ်ငန်း ပိုမိုတိုးတက်လာမယ်။

ကိုယ့်ရဲ့ လုပ်ငန်း ကိုတိုးတက်ချင်ရင် ကိုယ်ကိုယ်တိုင်က မှန်မှန်ကန်ကန်နဲ့ ဦးဆောင်ပြီဆိုရင် နောက်က နောက်လိုက်တွေရဲ့ အတွေးအခေါ်တွေ မှန်လာမှာပဲ သူတို့လည်း ပိုပြီးကြိုးစားလာကြမှာပဲ။

လုပ်ငန်း တိုးတက်မှုဆိုတာ ကိုယ်က အတင်းကြီး လိုချင်ပါတယ်လို့ ပြောနေစရာ မလိုဘဲနဲ့ကို ရလာနိုင်တာဖြစ်တယ်။ အဲဒါကြောင့် ဒီမှာရှိတဲ့ မိတ်ဆွေတွေ ကိုယ့်ရဲ့ ခေါင်းဆောင်မှု အတွေးအခေါ်တွေ မှန်ရဲ့လား ပြန်ဆန်းစစ်ပါ မှန်ကန်အောင် ကြိုးစားပါ။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial