သင့်လုပ်ငန်းကနေ သင်မျှော်မှန်းသင့်တဲ့ ထိပ်ဆုံးက ရလဒ် (၅) ခု

ဘာတွေကို အာရုံစိုက်ရမယ်ဆိုတာကို မသတ်မှတ်ထားရင် သင့်လုပ်ငန်းမှာ ကြုံရနိုင်တဲ့ အခက်ခဲ (၄) ခု
June 20, 2020
သင့်လုပ်ငန်းမှာ ဘာတွေကို အာရုံစိုက်မလဲဆိုတာကို သတ်မှတ်နိုင်ဖို့အတွက် သင်လုပ်ဆောင်နိုင်တဲ့ အကြံပြုချက် (၄) ခု
June 23, 2020

သင့်လုပ်ငန်းကနေ သင်မျှော်မှန်းသင့်တဲ့ ထိပ်ဆုံးကရလဒ်က ဘာတွေဖြစ်မလဲ။

(၁) ကိုယ့်ရဲ့ Business ကို လူတွေ စိတ်ဝင်စားတာများလာဖို့လိုတယ်

ကိုယ့်ရဲ့ Business ကို လူတွေ စိတ်ဝင်စားတာ များလာဖို့လိုတယ်။ စိတ်ဝင်စားတာ များမလာရင် ကျွန်တော်တို့ ဘယ်သူမှ စိတ်ဝင်စားတဲ့သူမရဘဲနဲ့ ကိုယ့်လုပ်ငန်းကို ဘယ်လိုလုပ်ဝယ်မလဲ။ လုပ်ငန်းကို စိတ်ဝင်စားတဲ့သူ များလာဖို့လိုတယ်။ အဲဒီတော့ ဘာအရေးကြီးလာလဲဆိုရင် ကြော်ငြာတွေအရေးကြီးလာတယ်။ အခုလိုမျိုး ကျွန်တော်ပြောနေတာကျတော့ Content Marketing ခေါ်တယ်။ကိုယ့်ရဲ့ client တွေ ကိုယ့်ရဲ့ဖောက်သည်တွေ Customer တွေ သူတို့တွေအတွက် အကျိုးရှိမယ့် Information တွေ မျှဝေတာလည်း ကောင်းတာပေါ့။ အဲဒီတော့ အရေးကြီးတာကဘာလဲ၊ ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ကိုယ့်ရဲ့လုပ်ငန်းကို စိတ်ဝင်စားတဲ့သူတွေ များလာဖို့လိုတယ်။တစ်နည်းပြောရရင် စိတ်ဝင်စားတဲ့သူတွေကနေပြီးတော့ သိတဲ့သူတွေများလာအောင် ၊ သိတဲ့သူတွေကနေပြီးတော့ စိတ်ဝင်စားတဲ့သူတွေ များလာအောင်လုပ်ရမယ်။ အဲဒီလိုမျိုး များလာအောင်လုပ်ဖို့အတွက် အရေးကြီးတယ်။ကိုယ့်ရဲ့လုပ်ငန်းကို စိတ်ဝင်စားတဲ့သူ ဘယ်လောက်ရှိသလဲ။ ဒါကို ကျွန်တော်တို့သိရမယ်။ အဲဒါမသိဘဲနဲ့ လုပ်ဖို့တော်တော်ခက်တာပေါ့။

(၂) စိတ်ဝင်စားတဲ့သူတွေကနေ အမှန်တစ်ကယ် ဝယ်တဲ့သူဖြစ်လာအောင် လုပ်ဆောင်ဖို့ လိုတယ်။

စိတ်ဝင်စားတဲ့သူတွေ အများကြီးပဲ၊ ဒါပေမဲ့ တစ်ကယ်ဝယ်လားဆို မဝယ်ဘူး။ ဆိုင်ထဲကို လူတွေအများကြီးဝင်လာတယ်။ ဒါပေမဲ့ မဝယ်ဘူး။ အဲဒါဘယ်လိုလုပ်မလဲ။ အရေးကြီးတာက စိတ်ဝင်စားတဲ့သူတွေကို ဝယ်တဲ့သူ ဖြစ်လာအောင်လုပ်ရမယ်။ ဒါမှပိုက်ဆံရမှာ၊ ပိုက်ဆံမရရင် လုပ်ငန်းက မရပ်တည်နိုင်ဘူး။

(၃) ဝယ်တဲ့သူက များများဝယ်ရမယ်

ကျွန်တော် အရင်စားသောက်ဆိုင် အတိုင်းအတာနဲ့ပြောရရင် YKKO မှာ Share Holder အနေနဲ့ရော Director အနေနဲ့ လုပ်ခဲ့တယ်။ ၂၀၁၆ နှစ်ဆန်းမှာ ကျွန်တော်ထွက်လာပြီးတော့ ၂၀၁၉ လောက်မှာ ရှယ်ယာတွေရော အပြီးအပိုင်ထွက်လိုက်တယ်။အရေးကြီးတာက စားသောက်ဆိုင် KFC လိုမျိုးနေရာပဲသွားသွား၊ Lotteria လိုနေရာပဲသွားသွား၊ ဒါမှမဟုတ် YKKO ပဲ သွားသွား၊ အဓိကက Menu တစ်ခု စားပြီးသွားရင် နောက်ထပ်ဆက်စပ်တဲ့ ဘယ် Menu တွေဆက်ပြီးစားပါဆိုတာမျိုး Suggestive Selling ခေါ်တာပေါ့၊ အကြံပြုပြီး ရောင်းတာမျိုး ဒါတွေရှိနိုင်တယ်။

ဒါမှမဟုတ်ရင် တစ်ချို့ကျတော့ Package တွေဘာတွေ တွဲပြီးရောင်းတယ်။ အရေးကြီး တာကဘာလဲ။ Customers တွေရဲ့ပိုက်ဆံကို ကိုယ့်ဆီများများရအောင် ဘယ်လိုလုပ်မလဲ။ Business လုပ်တယ်ဆိုတာက Customer ကို သူလိုချင်တဲ့ထုတ်ကုန်တွေ ဝန်ဆောင်မှူတွေ ပေးပြီးတော့ ပြသာနာကိုဖြေရှင်းပေးပြီး ကိုယ့်အတွက် ဝင်ငွေရအောင်လုပ်တာ။အဲဒီအခါမှာ Customer တစ်ယောက်က ကိုယ့်ဆီကနေ ဆက်စပ်တဲ့ပစ္စည်းတွေ ဆက်ပြီးဝယ်သွားဖို့ဆိုတာ အများကြီးလွယ်ကူတယ်။ ဝယ်တဲ့သူ ဒီလူတစ်ယောက်ဝယ်ပြီဆိုရင် သူ့ကို ကျွန်တော်တို့က နောက်ထပ်များများ ဘာတွေဆက်ပြီး ရောင်းနိုင်မလဲဆိုတာကို အဲဒါသိဖို့အရေးကြီးတယ်။

(၄) အကြိမ်ကြိမ် အကြိမ်ကြိမ် လာဝယ်ဖို့လိုတယ်။

Customer Life Time Value လို့ခေါ် တယ်။ ဆိုလိုတဲ့သဘောက ဝယ်ထားပြီးသား Customer တစ်ယောက်က သူ့အနေနဲ့ နောက်တစ်ခေါက်ပြန်လာဝယ်ဖို့ဆွဲဆောင်ရတာက Customer အသစ်တစ်ယောက်ကို ဆွဲဆောင်ရတာထက် ဇနဲ့ချီပြီး အများကြီးသာတယ်။Customer ကို ကြော်ငြာရတဲ့စရိတ်တွေလည်း အများကြီးပိုသက်သာတယ်။ ဝယ်ထားပြီးသား Customer တစ်ယောက် အကြိမ်ကြိမ်ပြန်လာဝယ်ဖို့ ကျွန်တော်တို့ ဒါကိုလုပ်သင့်တယ်။ Customer တွေ ဘာကြောင့် အကြိမ်ကြိမ်လာဝယ်ကြလဲ ဒါကိုသိဖို့လိုတယ်။

(၅) သူ့သူငယ်ချင်းတွေပါ ခေါ်လာဖို့။

ကျွန်တော်တို့ Breakthrough မှာဆိုရင် ကျွန်တော်တို့ သင်တန်းတွေကို ညွှန်းပေးတဲ့ 80% မှာ သင်တန်းသားတွေက သူတို့ရဲ့ပတ်ဝန်းကျင်ကလူတွေကို သူတို့အပ်ပေး ညွှန်းပေးတယ်။ ဒီလိုမျိုးနဲ့ ကျွန်တော်တို့ လည်ပတ်နေတာ။ကျွန်တော်တို့လုပ်ငန်းတွေက Referral လို့ခေါ်တဲ့ ရည်ညွှန်းပေးတဲ့ဟာ အရေးကြီးတယ်။ စားသောက်ဆိုင်လေးတစ်ဆိုင်ထိုင်တယ်၊ သိပ်ကောင်းတယ်၊ နောက်တစ်ခေါက်ကျရင် သူငယ်ချင်းတွေကို ငါတော့သိပ်ကောင်းတဲ့ဆိုင်တွေ့ထားတယ်။ သွားကြရအောင်။ မိန်းကလေးတွေဆိုလည်း Cosmetic ပစ္စည်းတွေတွေ့ထားတယ်၊ သိပ်ကောင်းတာပဲ၊ နင်တို့သုံးကြည့်ပါလား ပြောရင်ပြောမှာပေါ့။

အရေးကြီးတာကဘာလဲ။ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ကိုယ်ကောင်းတဲ့အစားအစာလေး ကောင်းတဲ့ Product လေး ရပြီဆို သူတို့ကပြောချင်ကြတယ်။ အဲဒီလိုမျိုး သူတို့ရည်ညွှန်းပေးအောင်လုပ်နိုင်ရင် ကိုယ့်ရဲ့ Business က တိုးတက်သွားမယ်အဲဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ အဓိကအာရုံစိုက်ရမယ့် (၅) ချက်က လုပ်ငန်းကို စိတ်ဝင်စားတဲ့သူတွေများလာဖို့၊ စိတ်ဝင်စားတဲ့သူတွေကနေ ဝယ်လာဖို့၊ ပြီးရင်တော့ ဝယ်တဲ့သူတွေကနေ များများဝယ်လာဖို့၊ ပြီးရင် အကြိမ်ကြိမ်လာဝယ်ဖို့၊ ပြီးရင် သူ့ရဲ့သူငယ်ချင်းတွေကိုပါ စည်းရုံးပြီးတော့ ကိုယ့်ရဲ့လုပ်ငန်းကနေ အားပေးပြီးတော့ ခေါ်လာပေးဖို့၊ ဒါဆိုရင်တော့ အဲဒီလုပ်ငန်းက အရှိန်အဟုန်နဲ့ အများကြီးတိုးတက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial