တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်ချင်သူတိုင်းအတွက် အရေးပါတဲ့ D (၅) လုံး

ခေါင်းဆောင်တစ်ယောက်ဆိုတာ
June 9, 2020
အဖွဲ့အစည်းထဲမှာ အခြားသူများနဲ့ မနီးကပ်ဘဲ အထီးကျန်ဆန်သော ဦးဆောင်သူများအတွက်
June 11, 2020

တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်ချင်သူတိုင်းအတွက် အရေးပါတဲ့ D (၅) လုံး

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဒီနေ့မှာတော့ TLJ သင်တန်းတွေမှာ အမြဲရှင်းပြတဲ့ D ၅လုံးအကြောင်းကို ရှင်းပြချင်ပါတယ်။

D ၅ လုံးက ကိုယ့်ကိုယ်ကိုယ်ပဲဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခုကိုပဲဖြစ်ဖြစ် တိုးတက်ပြောင်းလဲမှုတွေလုပ်ဆောင်ချင်တဲ့ ဘယ်သူ့အတွက်မဆို အင်မတန် အသုံးတဲ့ တဲ့အကြောင်းအရာဖြစ်ပါတယ်။

Desire

ပထမဆုံး D ကဘာလည်းဆိုတော့ Desire ပါ။

Desire ဆိုတာဖြစ်ချင်စိတ်ပါ။ စစ်မှန်တဲ့ တိုးတက်ပြောင်းလဲမှုကိုလိုချင်တယ်ဆိုရင် အဲ့ဒီအရာကို ပျင်းပျင်းပြပြကို လိုချင်နေတဲ့ Burning Desire တကယ်ကိုတောက်လောင်နေတဲ့ ဖြစ်ချင်စိတ်ရှိဖို့လိုတယ်။

ဆိုလိုတဲ့ သဘောကလူတွေက ကျွန်တော်တို့သင်တန်းတွေလာတက်ကြတယ်။ ဘာလို့လာတက်ကြလည်းဆိုရင် တိုးတက်ပြောင်းလဲမှုကိုလိုချင်လို့။ ဘာလို့တိုးတက်ပြောင်းလဲမှကိုလိုချင်လည်းဆိုရင် သူတို့ဘဝမှာ ဝင်ငွေပိုပြီးများချင်တယ်၊ ရာထူးတက်ချင်တယ်။ ဒါမှမဟုတ်ရင် လက်ရှိလုပ်နေတဲ့ Business ကိုပိုပြီးတော့ တိုးတက်ချင်တယ်။ ကျန်းမာရေးကို ပိုကောင်းချင်တယ်။ ဆက်ဆံရေးပိုကောင်းချင်တယ်။ ပညာရေးမှာပိုပြီးတော့တိုးတက်ချင်တယ်။ ပိုပြီးတော့မြင့်တဲ့ အဆင့်ကနေပြီးတော့ လူတွေကို ဦးဆောင်ချင်တယ်။ လူတွေကို အကျိုးပြုချင်တယ်။ လက်ရှိ ရှိနေတဲ့ အခြေအနေကနေပြီး နောက်တစ်ဆင့်ကို ပြောင်းလဲချင်တယ်။

အဲဒီလိုမျိုး ဖြစ်ချင်တဲ့ စိတ်တွေမရှိဘဲ လူတွေက ပင်ပန်းတဲ့ကိစ္စတွေဘာမှလုပ်လေ့မရှိဖူး။ ဖြစ်ချင်တဲ့စိတ် မရှိရင် လူတွေက အိပ်ယာပေါ်မှာထိုင်နေမှာဘဲ။ ဘာမှပြောင်းလဲမှုတွေ လုပ်မှာမဟုတ်ဖူး။

အဲဒီအတွက်ကြောင့် ကျွန်တော်တို့ စစ်မှန်တဲ့ တိုးတက်ပြောင်းလဲမှုကိုလိုချင်တယ်ဆိုရင် ပထမဦး D ဖြစ်တဲ့ Desire ရှိဖို့လိုတယ်။

Destination

ဒုတိယအချက်ကတော့ ဖြစ်ချင်တဲ့စိတ်တော့စိတ်တော့ရှိပြီ သူတို့ကဘာသက်မှတ်ဖို့ လိုလည်းဆိုတော့ Destination လုပ်ဖို့လိုတယ်။

Destination ကခရီးလမ်းဆုံးပန်းတိုင်ဖြစ်ပါတယ်။ ပန်းတိုင်သက်မှတ်ဖို့လိုတယ်။

လူတစ်ယောက်ကဖြစ်ချင်စိတ်ရှိတယ်။ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေ Bussiness Owner တွေကို Coach လုပ်တာများတော့ ဘာလုပ်ချင်တာလည်း “ လုပ်ငန်းတိုးချဲ့ချင်တယ် ” ဒါမှမဟုတ်ရင် အရောင်းတိုးချင်တယ် အမြတ်များချင်တယ်။

အမြတ်များချင်တယ်ဆိုရင် အမြတ်ကဘယ်လောက်များချင်လည်း တိတိကျကျ သက်မှတ်ဖို့လိုတယ်။

အဲဒီလိုပဲ ကျွန်တော်တို့သင်တန်းတွေမှာ ဝန်ထမ်းလေးတွေလည်းလာတက်တယ်၊ မန်နေဂျာတွေ၊ ဂျန်နရယ် မန်နေဂျာတွေလည်းပါတယ်။

အဲဒီအခါ ရာထူးတက်ချင်တယ် ဘယ်ရာထူးကိုတက်ချင်တာလဲ။ လစာတိုးလာချင်တယ်ဆိုရင် လစာ ဘယ်လောက်တိုးချင်တာလဲ။ ပညာရေးတိုးတက်လာချင်တယ် ပညာရေးကိုဘယ်လောက်ထိ တိုးတက်ချင်တာလဲ။

အဲဒီလိုမျိုးကို ကျွန်တော်တို့တိတိကျကျသက်မှတ်ဖို့လိုတယ်။ အတိအကျသက်မှတ်ထားတာမရှိဘူးဆိုရင် ဘယ်ကိုပစ်ရမှန်းမသိဘူး။

Design

ပြီးရင် ကိုယ့်ရဲ့အဖွဲ့အစည်းအတွက် Goal ကို ပန်းတိုင်ကိုပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ Personal ပန်းတိုင်ကိုပဲဖြစ်ဖြစ် အဲဒါကိုရောက်အောင်သွားဖို့ဆိုရင် တတိယ D ကတော့ Design လို့ခေါ်တယ်။

Design တာတစ်ဆင့်ပြီး တစ်ဆင့် Step By Step ဘယ်လိုလုပ်ရမလည်းဆိုတဲ့ Plan ဆွဲဖို့လိုတယ်။

လူတွေကဘယ်သွားရမလည်းဆိုတာတောသိတယ်။ အဲဒါကိုဘယ်လိုသွားရမလည်းဆိုတာကို သိသလိုလို မသိသလိုလို နေမယ်ဆိုရင် အဆင်ပြေမှာမဟုတ်ဘူး။ Plan ဆွဲထားဖို့လိုတယ်။ Design ဆွဲထားဖို့လိုတယ်။ အဲဒါကို တစ်နေရာရာမှာချပြီးရေးကိုရေးထားရမယ်။

ဆိုလိုတဲ့သဘောက တစ်ဆင့်ပြီးတစ်ဆင့် ဘာလုပ်ရမယ် ဆိုလိုတဲ့သဘောက ဘယ်တော့ပြီးအောင်လုပ်ရမယ်။ ဘယ်သူနဲ့လုပ်မယ်။ ဒီလိုမျိုးအစီအစဉ်တွေချပြီးတော့ ဆွဲထားမယ်ဆိုရင် ကိုယ်ကရှင်းတာပေါ့။

အဲဒါကို ဖြစ်နိုင်မယ်ဆိုရင် ကိုယ်မြင်သာတဲ့ နေရာမှာ ရေးထားမယ်။ ကပ်ထားမယ်ဆိုရင် အဆင်ပြေတယ်။

Do

စတုထ္ထ D ကကျွန်တော်တို့မှာ ဘယ်လောက်ဘဲ Plan တွေရှိရှိ၊ ဘယ်လောက်ဘဲ Design တွေပဲဆွဲထား ဆွဲထား ဒီဟာကို တစ်ကယ် အကောင်အထည်မဖေါ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဲဒီတော့ လူတစ်ယောက်က ကြိုက်သလောက်ဈေးကြီးတဲ့သင်တန်းတွေတက် အဲဒီသင်တန်းတွေကို Apply မလုပ်ဘူးဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။

အဲဒီအတွက်ကြောင့် အမှန်တစ်ကယ် အကောင်အထည်ဖော်ဖို့ လိုတယ် Do ။

ကိုယ်ပထမဆွဲထားတဲ့ Actiona တွေထဲကနေပြီး ကိုယ် ပထမဆုံး စလုပ်လို့ရတာဘာရှိမလဲ။ အဲဒါကိုစလုပ်ပါ။

Discipline

ပြီးရင်တော့ နောက်ဆုံးတစ်ချက်က Discipline (စည်းကမ်း)

ကျွန်တော်သင်တန်းတွေမှာလည်းအများကြီးပြောတယ်။ အဓိကက လူတွေကဘာလုပ်ရမယ်ဆိုတာကို မသိတာမဟုတ်ဘူး သိတယ်။

အဲဒါကိုမလုပ်တာ အဲဒီအတွက် သိတာကိုလုပ်ဖို့လိုတယ်။ နောက်တစ်ချက် သိတာကိုလုပ်တဲ့နေရာမှာ မှန်မှန် လုပ်ဖို့လိုတယ်။

ဆိုလိုတဲ့သဘောက Motivation နဲ့ ပက်သက်တဲ့ Talk တွေ နားထောင်တယ်။ ဒါမှမဟုတ်ရင် သင်တန်းတွေသွားတက်တယ်၊ Leadership သင်တန်းတက်တယ်။

လူတွေကိုဦးဆောင်ဖို့ တစ်ရက်တစ်လေ လုပ်လို့မရဘူး။ အဓိကက မှန်မှန်လုပ်ရတယ်။ ကျန်းမာရေးကောင်းချင်တယ်။ အစားအသောက် ဆင်ခြင်တယ်။ တစ်ရက် နှစ်ရက် ဆင်ခြင်လို့မရဘူး။ ပြီးလည်းပြီးရော တစ်ဖြဲ နှစ်ဖြဲစားရင် ကျန်မာရေးပြန်ပြီးထိခိုက်မယ်။ ပြန်ပြီးဝလာမှာပဲ။

Consistent Action ကိုလုပ်သွားတဲ့အခါမှာ အဲဒီကနေ ထိရောက်တဲ့ Result တွေရလာတာဖြစ်တယ်။

အဲဒီအတွက်ကြောင့် နောက်ဆုံး D က Discipline လိုတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial