Interested Transformational Leadership Program (TLP) Feb 20 2020
February 10, 2020
ခေါင်းဆောင်မှုလို့ ဆိုလိုက်တာနဲ့ လူတွေနဲ့ အဝေးကြီးမှာ အထီးကျန်စွာနေစရာ မလိုပါဘူး
May 4, 2020

ဦးဆောင်သူအများစု မကွဲကြတဲ့အရာ



အဖွဲ့အစည်းအဆင့်အသီးအသီးမှာ ရာထူးတစ်ခုခုနဲ့ ဦးဆောင်နေရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ထင်လာတတ်ကြတာက ငါ ခေါင်းဆောင်ပဲဆိုပြီး ထင်လာတတ်ကြတယ်။ အဲဒီလိုထင်လာတာကလည်း ထင်နိုင်စရာပဲ။ လူတွေက ဆရာဆရာနဲ့ ခေါ်၊ လိုက်ဂရုစိုက်၊ ကိုယ်ခိုင်းရင်လုပ်၊ ကိုယ်ဆူမှာ ကြောက်နဲ့ဆိုတော့ ငါဟာ ဒီလူတွေရဲ့ ခေါင်းဆောင်ပဲလို အလိုလို ယူဆလာတတ်တာမျိုး ဖြစ်ပါတယ်။ တကယ်တော့ အဲဒီလိုသူတွေဟာ ရာထူးက ပေးတဲ့လုပ်ပိုင်ခွင့်နဲ့ ခေါင်းဆောင်မှုကို မကွဲကြတာသာ ဖြစ်ပါတယ်။ လူတွေက သူတို့ပြောတာကို လုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ ကြောက်တာကြောင့် ပါသလို အလုပ်ထဲမှာ အဆင်ပြေဖို့လည်း ပါနိုင်ပါတယ်။ အဲဒီလို အခြေအနေမှာ ခေါင်းဆောင်တွေ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးသုံးသပ်နိုင်တဲ့မေးခွန်းတွေကတော့
“ငါ့မှာရာထူးမရှိတော့တဲ့နောက် ၅ နှစ်အကြာမှာ ဒီလူတွေနဲ့ ပြန်တွေ့ကြတဲ့အခါ ဒီလူတွေ ငါ့ကို ဆက်လေးစားနေဦးမလား”
“ငါ့လူတစ်ယောက်ယောက်သာ အလုပ်ထွက်သွားပြီး နောင်တစ်ချိန် လမ်းမှာ ပြန်တွေ့ရင် ငါ့ကို အခုလိုပဲ ဆက်ဆံမှာလား”
စတာတွေ ဖြစ်ပါတယ်။ ခေါင်းဆောင်မှုက အတုလုပ်လို့ မရပါဘူး။ တစ်ချိန်မှာ အဖြေပေါ်လာမှာ ဖြစ်ပါတယ်။ လူတွေလေးစားချစ်ခင်တဲ့ ခေါင်းဆောင်ဖြစ်လာဖို့ဆိုရင်
- ကိုယ်ကစပြီး လူတွေကိုချစ်ခင်ရမယ်၊ စေတနာထားရမယ်။
- အကျင့်စာရိတ္တကောင်းရမယ်။
- အရည်အချင်းရှိရမယ်။
- စကားပြောဆိုမှု ကျွမ်းကျင်ရမယ်။
- အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားရှိရမယ်။
- ရလဒ်တွေ ထွက်အောင် လုပ်နိုင်ရမယ်။
- အများအကျိုး၊ အဖွဲ့အစည်းအကျိုးကို ထည့်သွင်းစဉ်းစားပေးရမယ်။
သင်သာ စိတ်ရှည်လက်ရှည်နဲ့ ခေါင်းဆောင်မှုအရည်အချင်းကို တည်ဆောက်သွားမယ်ဆိုရင် သင့်လူတွေအနေနဲ့ သင့်ကို စစ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုလာကြမှာ ဖြစ်ပြီး ဒါဟာ အားလုံးကို အကျိုးဖြစ်ထွန်းစေမှာလည်း ဖြစ်ပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer
#naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough

စီးပွားရေး၊ အလုပ်အကိုင်နဲ့ ဘ၀ကဏ္ဍအသီးသီးမှာ
- နောက်တစ်ဆင့်ကို တိုးတက်ဖို့အတွက် လမ်းပျောက်နေသလို ဖြစ်နေရရင်၊
- အဓိပ္ပာယ်မရှိသလို ခံစားနေရရင်၊
- ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေရင်၊
- ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဖြစ်နေရင်၊
- ဖိအားများသလိုဖြစ်နေရင်
- ဆက်ဆံရေးတွေ အဆင်မပြေဖြစ်နေရင်
- လူတွေကို ထိထိရောက်ရောက် ဦးမဆောင်နိုင်ဘူးဖြစ်နေရင်
- နာရီပေါင်း ၃၀ ဝန်းကျင် တက်ရောက်ရတဲ့ ၃ ရက်တာ Transformational Leadership Journey (TLJ) သင်တန်းကို တက်ရောက်ပြီး အဖြေရှာနိုင်ပါတယ်။ TLJ သင်တန်း အပ်နှံရန်အတွက်

Breakthrough Coaching, Training & Consulting - 09765222107, 09765222108, 09765222109 တွေကို ဆက်သွယ်နိုင်ပါတယ်။
TLJ Mandalay 10,11,12 January TLJ Yangon 24,25,26 January

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial