Transformational Leadership Program

ထိထိရောက်ရောက် ဦးဆောင်နိုင်မယ် စီးပွားရေး၊ အလုပ်အကိုင်နဲ့ ဘဝမှာ ရလဒ်တွေကို သိသိသာသာ ပြောင်းလဲချင်ပါသလား။
Transformational Leadership Program (TLP) ကို လေ့လာနိုင်ပါတယ်။

သင့်အနေနဲ့ အခုပဲ Breakthrough ကို ဆက်သွယ်ပြီး TLP သင်တန်းကို မအပ်နှံခင်မှာ ဒီမေးခွန်းလေးတွေကို အရင်ဆုံး ဖြေကြည့်ဖို့ လိုပါလိမ့်မယ်။
သင့်အလုပ်အကိုင်နဲ့ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်တက်မှုနှေးကွေးနေတယ်လို့ ခံစားနေရလား။
သင့်အလုပ်က ကလူတွေက သင့်ကို မကူညီကြဘူးလို့ သင် မကြာခဏတွေးမိလား။
အရင်ဆုံး ဒီမေးခွန်းလေးတွေကို ဖြေကြည့်ပြီး
သင့်အနေနဲ့ သင်နဲ့ ထိုက်တန်တဲ့နေရာတစ်ခုကို အခုအချိန် ရှာမတွေ့သေးဘူးလား။
လုပ်ငန်း၊ အလုပ်အကိုင်၊ ဝင်ငွေ တိုးတက်မှု နှေးကွေးနေလား။
ဘဝမှာ ဘယ်အရာကို လိုချင်တယ်ဆိုတာကို သေသေချာချာ မသိသေးတဲ့အတွက် လမ်းပျောက်သလို ခံစားနေရလား။
သင် လိုချင်တဲ့ အောင်မြင်မှုဆီကို သွားဖို့အတွက် သင့်ကိုယ်သင် တားဆီးထားသလိုမျိုး ဖြစ်နေလား။
အခြားသူတွေကို ဦးမဆောင်ခင် သင့်ကိုယ်သင် ဦးဆောင်ရမယ်ဆိုတာကို သိပေမယ့် ဘယ်လိုစပြီး လုပ်ရမယ်ဆိုတာကို မသိတာမျိုး ကြုံနေရလား။
သင့်အဖွဲ့အစည်းထဲက အခြားသူတွေနဲ့ တစ်သားတည်း မဖြစ်ပဲ သပ်သပ်စီ ဖြစ်နေတယ်လို့ သင်ခံစားနေရလား။
သင့်လူတွေ သင့်စကားကို နားထောင်လာဖို့ ဘယ်လို ဦးဆောင်ရမယ်ဆိုတာကို သင်မသိဘူးဖြစ်နေလား။
လုပ်ငန်းသေးတုန်းက၊ ရာထူးငယ်တုန်းက အဆင်ပြေပေမယ့် လုပ်ငန်းကြီးလာတဲ့အခါ ဒါမှမဟုတ် ရာထူးကြီးလာတဲ့အခါမှာ ဦးဆောင်ရတာ အခက်အခဲ ဖြစ်နေလား။
……..

ဦးဆောင်သူများ နောက်ထပ်ကြုံတွေ့နိုင်တဲ့အခက်အခဲတွေကတော့
– လုပ်ငန်းခွင်မှာ ဩဇာမညောင်းခြင်း၊
– ကုန်ကျစရိတ်များခြင်း၊
– ဖောက်သည် Complaint များခြင်း၊
– ပြိုင်ဖက်များ ပိုမိုများပြားလာခြင်း၊
– လုပ်သမျှ အလုပ်အရာမထင်ခြင်း၊
– အမြတ်ငွေ ကျဆင်းခြင်း၊
– အလုပ် အလွန်အကျွံပိနေခြင်း၊
– စိတ်တိုလွယ်ပြီး အားအင်ကုန်ခမ်းခြင်း၊
– စိတ်အားငယ်လွန်ခြင်း၊
– မိသားစု ဆက်ဆံရေးပါ ထိခိုက်လာခြင်း၊
– လုပ်နိုင်စွမ်းရှိပါလျက်နှင့် လက်လျှော့ရခြင်း၊

စတဲ့ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

TLP သင်တန်းမှာ အဓိက အပိုင်း ၄ ပိုင်း ပါဝင်ပါတယ်။

1. Success Road Map (အောင်မြင်မှု လမ်းပြမြေပုံ)

– သင့်စီးပွားရေး သို့မဟုတ် အလုပ်အကိုင်ကို တိုးတက်ပြောင်းလဲစေနိုင်မယ့် အောင်မြင်မှု ဥပဒေသများကို သိရှိလာမည်။
– ဝင်ငွေကို မည်သို့ မြှင့်တင်ရမည်ကို သိရှိလာမည်။
– သင့်ရဲ့ (Relationship) ပေါင်းသင်းဆက်ဆံရေး တိုးတက်အောင် မည်သို့ လုပ်ဆောင်ရမည်ကို သိရှိလာမည်။
– ဘ၀ ရည်ရွယ်ချက်အပေါ် အမြင် ရှင်းလင်းမှု ရှိလာမည်။
– ပိုမိုမြင့်မားတဲ့အဆင့်မှာ အောင်မြင်အောင် မည်သို့ လုပ်ဆောင်ရမည်ကို သိရှိလာမည်။
– သင့်ရဲ့ အကောင်းဆုံးဘဝမှာ နေထိုင်နိုင်ဖို့အတွက် အစီအစဉ် ချလာနိုင်မည်။

2. Self-Leadership (ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်မှု)

– သင့်ကိုယ်သင် အကောင်းဆုံး ဦးဆောင်နိုင်မယ့် နည်းလမ်းများကို သိရှိလာမည်။
– ခေါင်းဆောင်မှုကို အထိရောက်ဆုံး မြှင့်တင်နိုင်ရန် သင့်ကိုယ်သင် ပြင်ဆင်လာနိုင်မည်။
– အချိန်ကို အကောင်းဆုံး အသုံးချလာနိုင်မည်။
– အခြားသူများ လေးစားထိုက်သည့် ဦးဆောင်သူ ဖြစ်လာအောင် လုပ်ဆောင်နိုင်မည်။

3. Strategic Leadership (မဟာဗျူဟာမြောက် ခေါင်းဆောင်မှု)

– သင့်အဖွဲ့အစည်း အနာဂတ်အတွက် လိုအပ်မည့် Mission, Vision, Core Values, Goal များကို သတ်မှတ်လာနိုင်မည်။
– သင်လုပ်ငန်း၏ အဓိက ထုတ်ကုန်၊ လျာထားသည့်ဈေးကွက်များ၊ ပြိုင်ဖက်များကို ဆန်းစစ်လာနိုင်မည်။
– သင့်လုပ်ငန်း၏ အားသာချက်၊ အားနည်းချက်များကို ဆန်းစစ်လာနိုင်မည်။
– သင့်တွေ့ရှိချက်များကို အခြေခံ၍ သင့်လုပ်ငန်း အခုထက် ပို၍ အောင်မြင်အောင် လုပ်ဆောင်သင့်သည့် မဟာဗျူဟာများကို ချမှတ်လာနိုင်မည်။

4. Transformational Leadership (တိုးတက်ပြောင်းလဲစေသော ဦးဆောင်မှု)

– စွမ်းဆောင်ရည်မြင့်မားသော ခေါင်းဆောင်များ၏ အလေ့အကျင့်များကို သိရှိလာမည်။
– လုပ်ငန်းခွင်အတွင်း Culture ပိုကောင်းအောင် လုပ်လာနိုင်မည်။
– ဝန်ထမ်းအဝင်အထွက် လျော့ကျပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဦးဆောင်သူများကို ပျိုးထောင်လာနိုင်မည်။
– နောက်ထပ် ခေါင်းဆောင်များ မည်သို့ပျိုးထောင်ရမည်ကို သိရှိလာမည်။
– လူအများချစ်ခင်လေးစားရတဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်လာအောင် လုပ်ဆောင်ရမည့် အချက်များကို သိရှိလာနိုင်မည်။

TLP သင်တန်း၏ အကျိုးကျေးဇူးများ၊

– ဝေဖန်မှုများကို ရင်ဆိုင်နိုင်ခြင်း၊
– ဆုံးဖြတ်ချက် ပိုမိုပြတ်သားလာခြင်း၊
– ပြဿနာတွေကို ဖြေရှင်းလာနိုင်ခြင်း၊
– သတ္တိရှိရှိ တွေးခေါ် ပြောဆိုလာနိုင်ခြင်း၊
– လုပ်တဲ့အလုပ်တွေ ပိုမိုထိရောက်လာခြင်း၊
– လူအများအပေါ် ဩဇာညောင်းလာခြင်း၊

အဓိက ရည်ရွယ်ချက်များ၊

– လူအများကို ယုံကြည်မှုရှိရှိ ဦးဆောင်နိုင်တဲ့သူ ဖြစ်လာစေရန်၊
– အလုပ်အကိုင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊
– Energy ပိုမြင့်လာပြီး ပျော်ရွှင်တဲ့ဦးဆောင်သူတစ်ယောက်ဖြစ်လာစေရန်၊
– ပိုမိုစိတ်ချမ်းသာပြီး အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်လာနိုင်စေရန်၊

TLP သင်တန်းမှာ အဓိကအားဖြင့်
World No.1 Leadership Expert ဖြစ်တဲ့ John C. Maxwell
American No.1 Success Coach ဖြစ်တဲ့ Jack Canfield တို့ရဲ့ သင်ရိုးများကို အခြေခံထားပြီး
World No.1 Business & Life Strategist – Tony Robbins
World No.1 Executive Coach – Dr. Marshall Goldsmith
World No.1 Motivational Speaker ဖြစ်တဲ့ Les Brown တို့ဆီက လေ့လာခဲ့တဲ့ အသိပညာများကိုပါ ထည့်သွင်းဝေမျှထားပါတယ်။
TLP သင်တန်းဟာ Breakthrough ရဲ့ နာမည်ကျော် Transformational Leadership Journey (TLJ) သင်တန်းဆင်းများအတွက် ရည်ရွယ်ထားတာဖြစ်ပြီး သင့်အနေနဲ့ အသေးစိတ်ကို သိရှိလိုပါက Breakthrough Coaching, Training & Consulting သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Testimonials

Ko Rain (TLP)
Ko Khun Win Maung (TLP)
previous arrow
next arrow
Wordpress Social Share Plugin powered by Ultimatelysocial