Transformational Leadership Journey (TLJ)

Awaken The Great Leader Within

Main Facilitator: Naing Win Aung (Myanmar 1st Business & Executive Coach)

World No.1 Leadership Expert Dr.John C. Maxwell ရဲ့ အဆိုအရ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ လိုချင်တဲ့ အရည်အချင်းတွေ ရှိတဲ့သူတွေကို မရနိုင်ပါဘူးတဲ့ …
ကျွန်တော်တို့နဲ့ တူတဲ့သူတွေကိုပဲ ကျွန်တော်တို့ ရနိုင်ပါတယ်တဲ့ …
ဆိုလိုတာကတော့ လူတွေမှာ ဆွဲဆောင်မှုရှိကြတယ် … အဲဒီဆွဲဆောင်မှုကြောင့် အဖွဲ့အစည်းတွေမှာ ဦးဆောင်သူနဲ့ တူတဲ့သူတွေပဲ ရောက်လာတတ်ကြတယ် …
အဖွဲ့အစည်းတွေမှာ ဦးဆောင်သူနဲ့
-စိတ်နေသဘောထား
-နောက်ကြောင်းအခြေအနေ
-တန်ဖိုးထားမှုများ
-ကာယ၊ ဉာဏစွမ်းအား
-ပင်ကိုယ်အရည်အချင်း
-ခေါင်းဆောင်မှု အရည်အချင်း

စတဲ့အချက်တွေထဲက တစ်ချက် ဒါမှမဟုတ် တစ်ချက်ထက်ပိုပြီး တူညီတဲ့သူတွေကို မသိလိုက် မသိဘာသာနဲ့ ဆွဲဆောင်ပြီး ခန့်ထားတတ်ကြတယ် …
လုပ်ငန်းထဲက ကိုယ့်အောက်က ရာထူးအကြီးဆုံးသူတွေမှာ ရှိတဲ့ အားနည်းချက်တွေကို သေချာ စဉ်းစားကြည့်ရင် ကိုယ်နဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ သက်ဆိုင်နေတာကို တွေ့ရပါလိမ့်မယ် …
အဲဒါကြောင့် သင့်အနေနဲ့ သင့်လက်အောက်က မန်နေဂျာတွေရဲ့ အရည်အချင်းတွေကို မြှင့်တက်စေချင်ရင် သင့်အရည်အချင်းတွေကို အရင်ဆုံး မြှင့်တင်ဖို့ လိုတယ် …

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

-စိတ်နေသဘောထား ကောင်းကောင်း ထားစေချင်ရင် သင်က အရင်စိတ်နေသဘောထား ကောင်းကောင်း ထားပြရမယ် …
-စီမံခန့်ခွဲမှု ကောင်းစေချင်ရင် သင်က အရင်စီမံခန့်ခွဲမှု ကောင်းအောင် လုပ်ပြရမယ် …
-လေ့လာသင်ယူမှုကောင်းစေချင်ရင် သင်က အရင်လေ့လာသင်ယူမှု ကောင်းကောင်း လုပ်ရမယ် …
-အလုပ်မှာ ကြိုးစားစေချင်ရင် သင်က အရင်ကြိုးစားပြရမယ် …
-လက်အောက်ကလူတွေကို သင်ပေးပြပေးတာလိုချင်ရင် သင်က သူတို့ကို အရင် သင်ပေးပြပေးဖို့ လိုတယ် …
-ကောင်းမွန်တဲ့ လုပ်ငန်းအစဉ်အလာဆိုတာ CEO ဒါမှမဟုတ် Business Owner ကနေ စတင်ပါတယ် …

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

သင့်အဖွဲ့အစည်းက Manager, Supervisor တွေရဲ့ ခေါင်းဆောင်မှု အရည်အချင်းကို အားမရဘူးဆိုရင် သင်ကိုယ်တိုင် ခေါင်းဆောင်မှု အရည်အချင်းကို တစ်စိုက်မတ်မတ် တိုးတက်အောင် လုပ်သွားဖို့ လိုပါလိမ့်မယ် …
အကယ်၍ သင်က လုပ်ငန်းရှင်မဟုတ်ပဲ ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ မြင့်မားတဲ့ရာထူးနဲ့ တာဝန်ယူချင်တယ်ဆိုရင်လည်း အခုချိန်ဟာ သင့်အတွက် အချိန်ကောင်းပါပဲ …
ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်မှု အရည်အချင်း ကောင်းသူကို အဖွဲ့အစည်းများစွာမှာရှိတဲ့ မြင့်မားတဲ့ရာထူးနေရာတွေက စောင့်ကြိုနေမှာပါ …
သင်သာ နိုင်ငံတကာအဆင့်မှီ ခေါင်းဆောင်မှု အရည်အသွေးတွေကို စနစ်တကျလေ့လာပြီး လက်တွေ့ကျကျတိုးတက်အောင် လုပ်ချင်တယ်ဆိုရင် Transformational Leadership Journey – TLJ ( Awaken The Great Leader Within) Program ကနေ ကြိုဆိုပါတယ် …

🎯 TLJ သင်တန်းမှ ရရှိမည့် အကျိုးကျေးဇူးများ 🎯

-သင့်စီးပွားရေးလုပ်ငန်းနှင့် အလုပ်အကိုင်မှ ဝင်ငွေနှင့် ထိရောက်မှုကို ၂၀ ရာခိုင်နှုန်းမှ ၂၀၀ ရာခိုင်နှုန်းအထိ တိုးတက်လာအောင် မည်သို့သော ခေါင်းဆောင်မှုအယူအဆများ ထားရှိသင့်သည်ကို သိရှိလာမည်။
->ခေါင်းဆောင်တစ်ယောက်၏ အောင်မြင်မှုကို ဘာနှင့် တိုင်းတာနိုင်မည်ကို သိရှိလာမည့်အပြင် သင်၏ ခေါင်းဆောင်မှု အရည်အချင်းကို စဉ်ဆက်မပြတ် တိုးတက်လာအောင် မည်သို့လုပ်ဆောင်သင့်သည်ကို သိရှိလာမည်။
-သင့်စီးပွားရေးလုပ်ငန်းကို အောင်အောင်မြင်မြင်နှင့် လုပ်ကိုင်နိုင်ရန်အတွက် သင့်လက်အောက်မှသူများကို ဦးဆောင်ရာတွင် အလွန်အကျိုးရှိနိုင်သော ခံယူချက်များကို လေ့လာသင်ယူလာနိုင်မည်။
-လူအများ၏ ယုံကြည်မှု၊ လေးစားမှုများကို ရရှိလာအောင် မည်သို့လုပ်ဆောင်ရမည်နှင့် မိမိလုပ်ငန်း၊ အဖွဲ့အစည်းမှသူများကို ၎င်းတို့၏ ဘဝများတွင် မြင့်တက်လာစေရန် မည်သို့လုပ်ဆောင်ပေးသင့်သည်ကို သိရှိလာမည်။
-သင်လိုချင်သော အရည်အချင်းရှိသည့်သူများကို သင့်လုပ်ငန်း၊ အဖွဲ့အစည်းတွင် ရရှိလာအောင် မည်သို့လုပ်ဆောင်သင့်သည်ကို သိရှိလာမည့်အပြင် နိစ္စဓူဝလုပ်ငန်းများတွင် သင့်ပါဝင်လုပ်ဆောင်မှုကို ထိရောက်စွာ လျှော့ချနိုင်မည့် နည်းလမ်းများကိုပါ နားလည်လာမည်။
-သင့်ကိုယ်သင် သေသေချာချာ သိရှိလာအောင် ဘယ်လိုလုပ်မလဲ နားလည်လာမည့်အပြင် သင့်တန်ဖိုးကို သင်မြင်လာအောင် ဘယ်လိုလုပ်ရမလဲကိုပါ သိရှိလာမည်။
-ခေါင်းဆောင်မှု အရည်အချင်းနှင့် ပတ်သက်၍ သင့်ကိုယ်သင် ဘယ်လို သုံးသပ်မှုတွေ လုပ်ဆောင်သင့်သည်ကို သိရှိလာမည့်အပြင် ခေါင်းဆောင်မှု အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်တဲ့နေရာမှာ သင်ကိုယ်သင် စည်းကမ်းရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကိုပါ သိရှိလာမည်။
-သင့်ရဲ့ ခေါင်းဆောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို သင်ဘယ်လိုရနိုင်မလဲဆိုတာနှင့် ဘယ်လို နည်းလမ်းတွေက သင့်ရဲ့ ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ကို သိရှိလာမည်။
-အတိတ်က မကောင်းတဲ့ အတွေ့အကြုံတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို နားလည်လာမည့်အပြင် သင့်ရဲ့ အကျင့်စရိုက်ကို ဘယ်လိုထိန်းသိမ်းသင့်လဲဆိုတာကိုပါ သိရှိလာမည်။
-ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် သင့်ရဲ့ အားအင်ကို ဘယ်လောက်အထိ အစွမ်းကုန်ထုတ်သုံးသင့်သည်နှင့် သင့်ရဲ့ အရည်အချင်းတိုးတက်မှု၊ ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်မှုများအတွက် သင်ဘာတွေကို စွန့်လွှတ်အနစ်နာခံသင့်သည်ကို သိရှိလာမည်။
-ခေါင်းဆောင်တစ်ဦးအနေနှင့် သင့်ကိုယ်သင် ဘယ်လိုမေးခွန်းတွေကို မေးသင့်သည်ကို နားလည်လာမည့်အပြင် သင်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ဘယ်သူတွေဆီကနေ ဘယ်လို နမူနာတွေ ယူသင့်သည်၊ သင့်လက်အောက်မှာသူများအတွက် စံနမူနာကောင်းတစ်ယောက်ဖြစ်လာအောင် နေထိုင်ခြင်း စသည်တို့ကို သိရှိလာမည်။
-သင့်ရဲ့ လုပ်နိုင်စွမ်းတွေကို ဘယ်လိုတိုးတက်အောင် လုပ်ဆောင်သင့်လဲ၊ သင့်ရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကနေ ခေါင်းဆောင်တစ်ယောက်အနေနှင့် သင့်ပတ်ဝန်းကျင်က လူတွေကို သင်ဘာတွေ ကူညီနိုင်မလဲဆိုသည်ကိုပါ သိရှိလာပါမည်။

အထက်ပါ အချက်များအားလုံးကို လေ့လာသင်ယူပြီး လိုက်နာကျင့်သုံးခြင်းကြောင့်
-သင်၏ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်း ပိုမိုတိုးတက်လာမည့်အပြင် သင်၏ ဘဝတွင် စိတ်ချမ်းသာလာမည်၊ ဘဝအနှစ်သာရရှိလာမည်၊
-လူအများနှင့် ဆက်ဆံရေးအဆင်ပြေလာမည်၊ မိသားစုတွင်လည်း သာယာသော ဆက်ဆံရေးရှိလာမည့် အပြင် သင်၏ သားသမီးများ၊ တပည့်များကို ကောင်းစွာ ဆုံးမလာနိုင်မည်။
-ဘဝတွင် သင်ပြင်းပြင်းပြပြ လိုချင်နေသော အောင်မြင်မှု၊ ပျော်ရွှင်မှုများကိုလည်း ရရှိလာမည့် ပထမဦးဆုံး ခြေလှမ်းဖြစ်လာလိမ့်မည်။

TLJ သင်တန်းကို ဘယ်သူတွေ တက်သင့်လဲ။
-အောင်မြင်နေသော စီးပွားရေး လုပ်ငန်းရှင်များ၊
-စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်မည့်သူများ၊
-လက်ရှိလုပ်ငန်းကို တိုးတက်လိုသော လုပ်ငန်းရှင်များ
-ဒါရိုက်တာများ၊
-Senior Executive များ၊
-Department Head များ၊
-ခေါင်းဆောင်မှုအရည်အချင်းကို ဖွံ့ဖြိုးတိုးတက်လိုသူများ၊
-ဘဝဖွံ့ဖြိုးတိုးတက်မှုကို ပြင်းပြင်းပြပြ လိုချင်သူများ၊

တက်ရောက်သင့်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Transformational Leadership Journey (TLJ) ကို အမြန်ဆုံးအပ်နှံနိုင်ရန် Breakthrough Coaching, Training & Consulting ရဲ့
Head Office – 09765222104, 09765222105 09765222106, 09765222107, 09765222109 တို့ကို ဆက်သွယ်၍ အပ်နှံနိုင်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Endorsement & Testimonials

John Maxwell
Ko Oak Kar (TLJ)
Nay Lin Soe (TLJ)
previous arrow
next arrow
Wordpress Social Share Plugin powered by Ultimatelysocial