ခေါင်းဆောင်လုပ်ချင်ရင် သဘောထားကြီးတတ်ဖို့ လိုတယ်။
December 27, 2019
NLP Practitioner Triple Certification Training Jan 28 2020
January 28, 2020

ဘယ်နေရာကမဆို ယူတတ်ရင် ပညာရစရာတွေချည်းပဲဆိုတဲ့ စကားလေး ရှိပါတယ် …

အဲဒါကြောင့် ခေါင်းဆောင်မှုကိုဖြစ်ဖြစ်၊ အခြားဘာသာရပ်များကိုဖြစ်ဖြစ် ဆက်စပ်ပြီး ပညာရနိုင်တဲ့နေရာအသီးသီးကနေ ပညာယူသင့်ပါတယ် …

အခုဆက်ပြီး ကျွန်တော့် မိတ်ဆွေများအတွက် အင်တာနက်ကနေ ဖတ်ရတဲ့ လင်းယုန်ငှက်တွေဆီကနေ လေ့လာသင့်တဲ့ ခေါင်းဆောင်မှု သင်ခန်းစာများဆိုတာလေးကို ဝေမျှချင်ပါတယ် …

ဒါကို လေ့လာတဲ့အခါမှာ လင်းယုန်ငှက်တွေရဲ့ တကယ့်သဘာဝထက် ချဲ့ကားပြီး ရေးထားတာတွေ ပါကောင်း ပါနိုင်ပေမယ့် ကိုယ့်ရဲ့ ခေါင်းဆောင်မှုနဲ့ ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ပါဝင်တာကြောင့် လေ့လာခြင်းအားဖြင့် အကျိုးရှိမှာ သေချာပါတယ်။


လင်းယုန်ငှက်တစ်ကောင် ဆီကနေ လေ့လာသင့်တဲ့ ခေါင်းဆောင်မှု ဥပဒေသ (၇)ချက်

၁။ လင်းယုန်ငှက်တွေဟာ မြင့်မားတဲ့အထက်ကနေ တစ်ကိုယ်တည်း ပျံသန်းကြတယ်။ သူတို့တွေဟာ စာကလေးတို့ တောကျီးကန်းတို့လို သေးငယ်တဲ့ အကောင်လေးတွေနဲ့ ဘယ်တော့မှ အတူမပျံသန်းကြပါဘူး။

သင်ခန်းစာ

အဲဒါကြောင့် သင့်ကို အောက်ကို ဆွဲချမယ့် သဘောထားသေးပြီး သည်းမခံတတ်တဲ့ သူတွေကို ဝေးဝေးရှောင်ပါ။ လင်းယုန်ငှက်က လင်းယုန်ငှက်တွေနဲ့ပဲ ပျံသန်းပါတယ်။ သင်ရဲ့ အပေါင်းအသင်း အသိုင်းအဝိုင်းကို ကောင်းအောင် ဆက်ထိန်းထားပါ။


၂။ လင်းယုန်ငှက်တွေဟာ တိကျသေချာတဲ့ အမြင်ရှိကြတယ်။
(၅)ကီလိုမီတာ အကွာအဝေးရှိတဲ့ အရာတစ်ခုကို သူတို့တွေ focus ထားနိုင်တဲ့ စွမ်းရည်ရှိကြတယ်။ ဘာတွေပဲ တားဆီးပိတ်ဆို့နေပါစေ သူတို့ ပစ်မှတ် ထားထားတဲ့ သားကောင်ကို ဖမ်းမိတဲ့ အထိ အဲ့ဒီ သားကောင်ဆီကနေ သူ့တို့ရဲ့ focus ကို လုံးဝမရွှေ့ပါဘူး။

သင်ခန်းစာ

တားဆီးပိတ်ဆို့နေတဲ့ အရာဟာ ဘာပဲ ဖြစ်နေဖြစ်နေ တိကျသေချာတဲ့ အမြင်နဲ့ အာရုံစူးစိုက်မှု ရှိနေမယ်ဆိုရင် သင် အောင်မြင်ပါလိမ့်မယ်။


၃။ လင်းယုန်ငှက်တွေဟာ သေပြီးသား အသားကို မစားကြပါဘူး။ လတ်ဆတ်တဲ့ သားကောင်တွေကိုပဲ စားသုံးကြတယ်။

သင်ခန်းစာ

အတိတ်က အောင်မြင်မှု ရခဲ့တာတွေကို မှီခိုမနေပါနဲ့။ နယ်မြေအသစ်အသစ်တွေကို သိမ်းပိုက် အောင်မြင်နိုင်ဖို့ နည်းလမ်းတွေရှာဖွေပါ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ။


၄။ လင်းယုန်ငှက်တွေက မုန်တိုင်းတွေကို နှစ်သက်ကြတယ်။ တိမ်တွေစုဝေးသွားပြီ ဆိုတာနဲ့ လင်းယုန်ငှက်တွေက စိတ်လှုပ်ရှားလာကြတယ်။ မုန်တိုင်းထန်တဲ့ လေကို အသုံးချပြီး သူတို့တွေက ပိုပြီးမြင့်သထက် မြင့်အောင် ပျံသန်းကြတယ်။ လေမုန်တိုင်း တိုက်ပြီဆိုတာနဲ့ ပြင်းထန်စွာ တိုက်ခတ်နေတဲ့ လေမုန်တိုင်းကို အသုံးချပြီး သူတို့ကိုယ်သူတို့ တိမ်တွေရဲ့ အပေါ်ကို ရောက်အောင် ရုန်းကန် ပျံသန်းကြတယ်။ ဒီလို ရုန်းကန်ပြီးတဲ့ နောက်မှာ လင်းယုန်ငှက်တွေဟာ သူတို့ရဲ့ အတောင်ပံတွေကို အနားပေးနိုင်ပြီး အားစိုက်စရာ မလိုဘဲ လေထဲ ဝဲနေနိုင်တဲ့ အခွင့်အရေး တစ်ခု ရလိုက်ပါတယ်။ အဲ့လိုအချိန်မှာ တခြားငှက်တွေက သစ်ကိုင်းတွေ သစ်ရွက်တွေကို ကွယ်ပြီး ပုန်းနေကြတယ်။

သင်ခန်းစာ

အစိန်ခေါ်မှုတွေဟာ သင့်ကို အရင်ကထက် ပိုတော်ပြီး ပိုသန်မာတဲ့ သူဖြစ်အောင် လုပ်ပေးမှာ ဖြစ်တဲ့ အတွက် စိန်ခေါ်မှုတွေကို ရင်ဆိုလိုက်ပါ။ ကျွန်တော်တို့တွေဟာ ဘဝမုန်တိုင်းတွေကို အသုံးချပြီး မြင့်သထက်မြင့်အောင် တက်ရပါမယ်။ အောင်မြင်မှု ရရှိတဲ့သူတွေဟာ ပိုမြင့်တဲ့ နေရာကို ရောက်အောင်တက်လှမ်းဖို့ ကြောက်ရွံ့မနေကြဘူး။ အောင်မြင်တဲ့သူတွေဟာ စိန်ခေါ်မှုတွေကို မကြောက်တဲ့ အပြင် အဲ့ဒီ စိန်ခေါ်မှုတွေကနေ အကျိုးအမြတ် ထွက်လာလို့ ပိုတောင် သဘောကျ နှစ်သက်ကြပါတယ်။


၅။ လင်းယုန်မနဲ့ လင်းယုန်ထီးတို့ တစ်ကောင်နဲ့တစ်ကောင် တွေ့ဆုံကြတဲ့အခါ လင်းယုန်ငှက်မဟာ မြေပြင်ပေါ်ကို ဆင်းသက်လာပြီး သစ်ကိုင်ခြောက်တစ်ခုကို ကိုက်ယူသွားပါတယ်။ ပြီးတော့ လင်းယုန်ထီးကို သစ်ကိုင်ခြောက် ဖမ်းခိုင်းတဲ့ activity လုပ်ဖို့ ကောင်းကင်ပေါ် ပြန်တက်သွားပါတယ်။ သူမအတွက် လုံလောက်တဲ့ အမြင့်တနေရာ ရောက်ပြီလို့ ယူဆတဲ့နေရာကနေ သစ်ကိုင်းခြောက်ကို ပစ်ချလိုက်ပြီး သူမကတော့ ဒီတိုင်းကြည့်နေပါတယ်။ အဲ့ဒီအချိန်မှာ လင်းယုန်ထီးက သစ်ကိုင်းခြောက်လေး မြေပြင်ပေါ်ကို ကျမသွားခင် အမှီလိုက်ဖမ်းပြီး လင်းယုန်ငှက်မလေးဆီ ပြန်သွားပေးပါတယ်။

နောက်တခါမှာလည်း လင်းယုန်မလေးက သစ်ကိုင်းခြောက်ကို လှမ်းယူလိုက်ပြီး ပိုမြင့်တဲ့ ပင်လယ်ရေမျက်နှာပြင် ထက်ကို ပျံသန်းသွားပြီး လင်းယုန်ထီး ဖမ်းဖို့အတွက် သစ်ကိုင်းခြောက်ကို နောက်တစ်ခါ ထပ်ချလိုက်ပါတယ်။ လင်းယုန်မလေးဟာ သူစိတ်ကျေနပ်တဲ့ အတိုင်းအတာတစ်ခု ရောက်တဲ့ အထိ နာရီပေါင်းများစွာ ကြာအောင် စမ်းသပ်ပြီးတဲ့ အခါမှ လင်းယုန်ထီးရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ သစ်ကိုင်းခြောက်ကို ဖမ်းပြနိုင်တဲ့ အစွမ်းအစပညာကို အသိအမှတ်ပြု လက်ခံပါတယ်။ အဲ့ဒီ စမ်းသပ်ပွဲ ပြီးမှ လင်းယုန်ငှက်မလေးဟာ သူနဲ့ လက်တွဲဖို့ကို ခွင့်ပြုလိုက်ပါတော့တယ်။

သင်ခန်းစာ

သင့်ဘဝမှာဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းမှာဖြစ်ဖြစ် သင်နဲ့လက်တွဲရမယ့် partner ရဲ့ ယုံကြည်ချက်ခိုင်မာမှုကို သေသေချာချာ စမ်းသပ်ကြည့်သင့်တယ်။


၆။ လင်းယုန်ငှက်တွေက training တွေအတွက် ပြင်ဆင်ကြတယ်။ လင်းယုန်ပေါက်ကလေးတွေ အပျံသင်နိုင်ဖို့ ပြင်ဆင်ကြတဲ့အခါမှာ သူတို့တွေကို သက်တောင့်သက်သာ ရှိမနေစေချင်တဲ့အတွက် အသိုက်ထဲမှာရှိတဲ့ အမွှေးတွေ မြတ်နုလေးတွေကို ဖယ်ရှားပစ်ကြတယ်။ ဒီလိုနဲ့ လင်းယုန်ပေါက်လေးတွေက အသိုက်ထဲမှာ နေရတာ နာကျင်ခံစားရတဲ့ အတွက် တဖြည်းဖြည်းနဲ့ အသိုက်ကိုစွန့်ပြီး ပျံသန်းသွားတတ်ကြတယ်။

သင်ခန်းစာ

Comfort Zone ကနေ ထွက်လိုက်ပါ။ အဲ့ဒီမှာ သင့်အတွက် ကြီးထွားလာမယ့် အခွင့်အရေးမရှိပါဘူး။
လုပ်ရိုးလုပ်စဉ်တွေပဲ လုပ်နေသမျှ ကာလပတ်လုံး ရရိုး ရစဉ်တွေကိုပဲ သင်ဆက်လက်ရရှိနေမှာ သေချာပါတယ်။


၇။ လင်းယုန်ငှက်တွေ အသက်ကြီးလာတဲ့ အခါမှာ သူတို့တွေရဲ့ အမွေးအတောင်တွေဟာ အိုဟောင်းလာတဲ့ အတွက် ဟိုးအမြင့်ထိ မပျံနိုင်ကြတော့သလို မြန်နိုင်သလောက်မြန်မြန် မပျံနိုင်ကြတော့ဘူး။ အဲ့လိုအခြေအနေမှာ သူတို့ဟာ အားနည်းလာကြပြီး သေဖို့အတွက် ပိုပြီး နီးကပ်လာပါတယ်။ ဒါကြောင့် သူတို့ဟာ သူတို့နေရာကို စွန့်ခွာသွားကြပြီး ဟိုးအဝေးက တောင်တန်းတွေဆီ ပျံသန်းသွားကြတယ်။

အဲဒီကို ရောက်သွားတဲ့ အချိန်မှာ လင်းယုန်ငှက်တွေဟာ သူတို့ရဲ့ အိုဟောင်းနေတဲ့ အမွှေးအတောင်တွေကို သူတို့ကိုယ်တိုင် ဆွဲနှုတ်ပစ်ပြီး ဆွေးမြေ့နေတဲ့ နှုတ်သီးရယ် လက်သည်းတွေရယ် ကိုပါ ကျောက်ဆောင်နဲ့ ထုရိုက်ပြီး ချိုးပစ်ပလိုက်ကြတယ်။ အရမ်းကို နာကျင်ခံစားရတဲ့ သွေးထွက်သံယိုဖြစ်စေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အဲဒီလိုလုပ်ပြီးတဲ့ နောက်မှာတော့ သူတို့ဟာ အဲ့ဒီနေရာလေးမှာ အမွှေးအတောင်တွေ ၊ နှုတ်သီးတွေ ၊ လက်သည်းတွေ အစုံအလင် ပေါက်တဲ့ အထိ ပုန်းကွယ်ပြီးနေကြတယ်။

အသစ်တဖန် ပြန်လည် ရှင်သန်လာတဲ့ လင်းယုန်ငှက် တွေဟာ အရင်ကထက် ပိုပြီး မြင့်မားအောင် ပျံသန်းနိုင်သွားကြတယ်။

သင်ခန်းစာ

တခါတရံမှာ ကျွန်တော်တို့တွေဟာ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အမူအကျင့်တွေကို စွန့်လွှတ်လိုက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘဝအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေစေတဲ့ အရာတွေ ၊ တန်ဖိုးမရှိတဲ့ အရာတွေကို ဆုပ်ကိုင်မထားသင့်ပါဘူး။ အတိတ်ဟာ အခုနကပဲ ပြီးဆုံးသွားပါပြီ။ သင်ခန်းစာတွေသာ ထားရစ်ခဲ့ပါတယ်။ အဲဒီသင်ခန်းစာတွေဟာ သင့်ရဲ့ တောက်ပတဲ့ အနာဂါတ်အတွက် အကူအညီပေးမှာ ဖြစ်ပါတယ်။


သင့်အတွက် အကျိုးရှိတယ်ဆိုရင် သင့်မိတ်ဆွေတွေအတွက်လည်း မျှဝေပေးလိုက်ပါ။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place
Reference: Sadnan Bin Sattar

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial