ဦးတည်ရာမဲ့ဖြစ်နေတာကို ရပ်ရမယ့်အချိန်ရောက်ပြီ။

လုပ်ငန်းကို ဆနဲ့ချီပြီး တိုးတက်ဖို့အတွက် လုပ်ငန်းရှင်တွေ သတိမထားမိတဲ့ လျှို့ဝှက်ချက် ၄ ချက်
August 7, 2020
သင့်ဘဝဟာ ပျော်စရာကောင်းလာပြီး ပိုကောင်းတဲ့ ရလဒ်တွေရလာဖို့ သိသင့်တဲ့အ
August 9, 2020

သင်အခု ဘယ်နေရာကို ရောက်နေတယ်။ ဘယ်ကို ဦးတည်နေတယ်။ ဘယ်ကို သွားချင်တယ်။ ဘာတွေ ပြောင်းလဲရမယ်ဆိုတာတွေကို သိဖို့ လိုတယ်။
သင့်ရဲ့ အောင်မြင်မှုခရီးစဉ်ကို မစတင်ခင်မှာ သင့်အနေနဲ့ တကယ့်အောင်မြင်မှုဆိုတာဟာ သင့်အတွက် ဘာကို ဆိုလိုတာလဲဆိုတာကို အရင်ဆုံး အဓိပ္ပါယ်ဖွင့်ဖို့ လိုတယ်။
လူတော်တော်များများဟာ မှားယွင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေရှိကြတယ်။ အောင်မြင်မှုဆိုတာဟာ ငွေကြေး ဒါမှမဟုတ် လုပ်ပိုင်ခွင့်၊ ရရှိမှုများ ဒါမှမဟုတ် ပိုင်ဆိုင်မှုများလို့ သူတို့ ယူဆကြတယ်။
တစ်ချို့ကကျတော့ အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုဖြစ်တယ်လို့ ယူဆကြပြီး အဲဒါကို ရအောင်ရှာဖွေဖို့ ကြိုးစားရင်း ရွာလည်နေတတ်ကြတယ်။
အောင်မြင်မှုဆိုတာဟာ ခရီးလမ်းဆုံးမဟုတ်ပါဘူး။ အဲဒါဟာ လုပ်ငန်းစဉ် တစ်ခု ဖြစ်တယ်။
ဘဝမှာ အဓိကတာဝန် (Mission Statement) ကို သတ်မှတ်ပြီး အဲဒါကို ရယူလုပ်ဆောင်နိုင်အောင် အရည်အချင်းတွေ တက်လာဖို့ လုပ်ဆောင်တာကနေ အောင်မြင်မှုဆိုတာ ရရှိလာတယ်။
အောင်မြင်မှုဆိုတာဟာ သင့်ဘဝရည်ရွယ်ချက်ကို သိခြင်း၊ သင့်ရဲ့ အရည်အချင်းတွေကို အလားအလာအမြင့်ဆုံးအထိ မြှင့်တင်နိုင်ခြင်း၊ အခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် မျိုးစေ့တွေကို စိုက်ပျိုးပေးနိုင်ခြင်း ဖြစ်တယ်လို့ ဖွင့်ဆိုနိုင်တယ်။
သင့်ဘဝမှာ အောင်မြင်မှုဆီကို သွားမယ့် ခရီးစဉ်ကို စတင်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းတစ်ခုကတော့ သင်ဘယ်ကို ဦးတည်ပြီး သွားချင်တယ်ဆိုတာကို ဆုံးဖြတ်ဖို့ ဖြစ်တယ်။
သင့်ကို တွန်းအားပေးမယ့်၊ စိတ်အားတက်ကြွစေမယ့်၊ ဘဝအဓိပ္ပါယ်တွေ ရှိလာစေမယ့် အပြင် သင့်ရဲ့ ခရီးလမ်းဆုံးကို သတ်မှတ်ပေးမယ့် အိပ်မက်တစ်ခု သင့်မှာ ရှိရမယ်။
အိပ်မက်တစ်ခုကို သင်ဘယ်လို ဖန်တီးမလဲ။


၁။ သင့်ရဲ့ အတွေးတွေကို ပြန်လည်စစ်ဆေးပြီး သင်မကြာခဏဖြစ်ပေါ်တတ်တဲ့ မျှော်လင့်ချက်တွေကို သတိထားကြည့်ပါ။


၂။ သင့်ပန်းတိုင်တွေကို သင်ရယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး သင့်မှာ ရှိဖို့ လိုတယ်။


၃။ ပြင်ဆင်စရာရှိတာသေချာပြင်ဆင်ပြီး ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်ကို ဘေးဖယ်ထားပြီး လုပ်စရာရှိတာကို လုပ်ပါ။


၄။ အိပ်မက်တွေကို ဖန်တီးတဲ့နေရာမှာ သင့်ရဲ့ တီထွင်ကြံဆမှုနဲ့ အားမလိုအားမရဖြစ်မှုတွေကို အသုံးပြုပါ။

၅။ သင့်ရည်မှန်းချက်ကို ရယူနိုင်ဖို့အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ လိုအပ်တယ်။


၆။ လူတော်တော်များများဟာ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို မေ့လျော့သွားတတ်ကြပြီး သူတို့ရဲ့ အိပ်မက်တွေနဲ့ လွဲချော်သွားတတ်ကြတယ်။ သင်အဲဒီလို မဖြစ်ပါစေနဲ့။

၇။ သင့်ရဲ့ ပြင်းပြတဲ့ဆန္ဒတွေကို အခြားသူတွေကို ပြောပြပြီး သင့်ကိုယ်သင်ရော တခြားသူတွေကိုပါ လှုံ့ဆော်ပါ။


သင်နဲ့ သင့်မိသားစုတင်မကပဲ ပတ်ဝန်းကျင်က လူအများကို တိုးတက်ပြောင်းလဲစေနိုင်တဲ့ ဦးဆောင်သူဖြစ်လာဖို့ကို ရည်ရွယ်လုပ်ဆောင်ပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial