ဦးဆောင်သူတွေ အနေနဲ့ တစ်စုံတစ်ခုကိုလုပ်ဖို့ကြောက်နေတဲ့ အချိန်မှာ လုပ်လို့ရနိုင်တဲ့ အချက် (၅) ချက်

သင့်လက်အောက်မှာ မှန်ကန်တဲ့ ခံယူချက်ရှိတဲ့ လက်ထောက် ခေါင်းဆောင်တွေ ပျိုးထောင်နိုင်ဖို့ အကြံပြုချက် (၅) ချက်
September 15, 2020
တိကျတဲ့ ညွှန်ကြားချက်တွေ ပေးထားရင် ဝန်ထမ်းတွေ ရရှိနိုင်တဲ့ အဓိက အကျိုးကျေးဇူး (၃) ခု
September 17, 2020

ဘယ်သူမဆို တစ်ခုခုကို လုပ်တဲ့အခါမှာ စိုးရိမ်တာတွေ ကြောက်တာတွေ ရှိနေနိုင်တယ်။ အသစ်တစ်ခုခု လုပ်ရမယ်။ တစ်ယောက်ယောက်နဲ့ သွားတွေ့ရမယ်။ စင်ပေါ်တက်ပြီး စကားပြောရမယ်။ မလုပ်ဘူးတာ တစ်ခုခု လုပ်ရတော့မယ်။ ဒီလိုမျိုးဟာတွေမှာ စိုးရိမ်တာတွေရှိနိုင်တယ်။ ဒါမှမဟုတ် ခက်ခဲတဲ့ အရာတစ်ခုခု လုပ်ရတော့မယ်ဆိုရင် စိုးရိမ်ပူပန်တာတွေ ကြောက်တာတွေ ရှိနိုင်တယ်။ ဒီလိုမျိုး အခြေအနေကို ရင်ဆိုင်တဲ့အခါမှာ အသုံးဝင်တဲ့အချက် ၅ချက်ကို မျှဝေချင်ပါတယ်။
(၁) ဒီအရာကို လုပ်ဖို့ထိုက်တန်ရဲ့လား။
လူတစ်ယောက်က ကိစ္စတစ်ခုကို လုပ်တဲ့နေရာမှာ အကြောင်းအရင်းကို ရှာဖို့လိုတယ်။ ဒါလုပ်လိုက်လို့ အကျိုးမရှိဘူး၊ မတန်ဘူးဆိုရင် မလုပ်လိုက်တာ ကောင်းတယ်။ ဒီဟာက ငါလုပ်လိုက်ရင် ကိုယ့်အတွက် အကျိုးရှိမှာလား။ မိသားစုအတွက် အကျိုးရှိမှာလား။ ဖောက်သည်တွေအတွက် အကျိုးရှိမှာလား။ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိမှာလား။ အကျိုးရှိတဲ့ကိစ္စဆိုရင် ကိုယ်က စိုးရိမ်နေပေမယ့်လည်း ရင်ဆိုင်သင့်ရင် ရင်ဆိုင်ရမယ်။
(၂) ကိုယ်ကြောက်တဲ့ အရာအတွက်ကို ကြိုတင်ပြင်ဆင်ပါ။
ကိုယ်ကြောက်တယ်ဆိုထဲက ကိုယ်က အဲဒီအပိုင်းမှာ အားနည်းလို့ပဲဖြစ်တယ်။ အားနည်းနေတာဆိုရင် ထပ်ဖြည့်ထားဖို့လိုမယ်။ ဘာတွေလေ့လာမလဲ။ဘာတွေ ထပ်ဖြည့်ထားမလဲ။ ကြိုတင်ပြင်ဆင်ထားတာ မရှိဘဲနဲ့တော့ ကိုယ်ကြောက်နေတဲ့အရာကို ရင်ဆိုင်ဖို့ သိပ်လွယ်မှာ မဟုတ်ဘူး။ စိတ်ထဲက ကြောက်တာကို ပျောက်ဖို့အတွက် Practice များများလုပ်ဖို့လိုတယ်။ အကယ်၍ ကိုယ်က ကြောက်သင့်လို့ ကြောက်တာဆိုရင်လည်း ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ရမယ်။ အဲဒီအတွက်ကြောင့် ကိုယ်ကြောက်နေတဲ့ အရာအတွက် ကြိုတင်ပြင်ဆင်မယ်ဆိုရင် အများကြီး အကျိုးဖြစ်တယ်။
(၃) ကိုယ်ကြောက်နေတဲ့အရာအတွက် လမ်းပြပေးနိုင်တဲ့ အရာတစ်ခု သို့မဟုတ် လူတစ်ယောက်ကိုရှာပါ။
Presentation တစ်ခု လုပ်ဖို့အတွက်ဆို ဘယ်လိုမျိုး အချက်တွေထည့်ရမယ်။ ဘယ်လိုဖွင့်ရမယ်။ ဘယ်လိုဆက်ရမယ်။ ဘယ်လိုအဆုံးသက်ရမယ် ဆိုတာကို စာအုပ်ဖတ်တာပဲဖြစ်ဖြစ် အင်တာနက်က ရှာတာပဲဖြစ်ဖြစ် Video Talk တစ်ခု နားထောင်တာပဲဖြစ်ဖြစ်။ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ် လမ်းပြမယ့် Coach ငှားတာပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ ကိုယ်က မသိဘဲနဲ့ စမ်းတဝါးဝါး လျောက်လုပ်နေရင် အချိန်တွေကုန်တယ်။ ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေက ပျောက်သွားတာလည်း မဟုတ်ဘူး။ တကယ်ကို နားလည်တဲ့ သူဆီကနေပြီးတော့ မေးပါ။ အတုယူပါ။ သူ့ဆီကနေပြီးတော့ တကယ်ကို လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကိုယူပါ။ ဒီလိုဆိုရင် အများကြီး အဆင်ပြေတယ်။
(၄) အရင်က ကြုံဖူးတဲ့ အခက်အခဲတွေကို ပြန်ပြီးစဉ်းစားပါ။
ဘယ်သူမဆို သူသူကိုယ်ကိုယ် မွေးထဲက အခက်အခဲတွေကို ရင်ဆိုင်ရတယ်။ အဲဒီအခက်အခဲတွေထဲမှာ သေးတာရှိသလို ကြီးတာလည်း ရှိတယ်။ အဲဒါတွေထဲကမှ ကြီးတာတွေကို ချရေးပါ။ အဲဒါတွေကို ငါဘယ်လိုကျော်ဖြတ်ခဲ့လဲ။ အဲဒါတွေကို ကျော်ဖြတ်တုန်းက ငါဘယ်လိုစိတ်ဓာတ်နဲ့ ကျော်ဖြတ်ခဲ့လဲ။ အဲဒီတုန်းက နည်းလမ်းတွေနဲ့ ကျော်ဖြတ်မယ်ဆိုရင် ငါဘယ်လိုလုပ်သင့်လဲ။ အဲဒါကို စဉ်းစားကြည့်ပါ။ အဲဒီအခါကြရင် ကိုယ်က စိတ်ဓာတ်ရေးရာအရလည်း ကိုယ်ကတစ်ကယ်ကို ပြည့်သွားတယ်။ Idea တွေလည်း အများကြီးရနိုင်တယ်။
(၅) ကြောက်ကြောက်နဲ့ပဲ လုပ်စရာရှိတာကိုလုပ်ပါ။
လူတစ်ယောက်က ကြောက်ပေမယ့်လည်း လုပ်လည်းလုပ်ရမယ့် ကိစ္စတွေရှိတယ်။ ကိုယ်လည်း အကောင်းဆုံး လေ့လာသင်ယူပြီးပြီ။ ကိုယ်လုပ်ရမယ့် အကြောင်းအရင်းတွေလည်းရှိတယ် သိတယ်ဆိုရင် လုပ်ပေါ့။ ကျွန်တော်ဆိုရင် Sky Dive နှစ်ခါလုပ်ဖူးတယ်။ Sky Dive ဆိုတာ ဘဝမှာ မဖြစ်မနေ လုပ်ရမယ့်အရာတွေထဲမှာ မပါဘူး။ ဒါပေမယ့် လုပ်ဖို့ကြောက်နေတာတွေ ရှိတဲ့အခါမှာ Sky Dive Video ကိုပြန်ကြည့်လိုက်ရင် ကိုယ်က တိမ်တွေပေါ်မှာ ဝဲပြီးတော့ အခုပြောရင်တောင် ကြက်သီးထတယ်။
အဓိပ္ပာယ်မရှိတဲ့အရာကို လုပ်တယ်ဆိုရင်တော့ ကြောက်ရမယ်။ ဒါပေမယ့် အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခု သေချာလည်း ပြင်ဆင်ထားတယ်။ ကိုယ်လည်း လေ့လာသင်ယူထားတယ်ဆိုရင် အရင်တုန်းက ဒါတွေ လုပ်ခဲ့ဖူးတာရှိရင် ချသာချဘဲ။ လုပ်ရင်းနဲ့မှ အဆင်ပြေရင် အောင်မြင်သွားမယ်။ အဆင်မပြေရင် သင်ခန်းစာရမယ်။ ဒီလိုလုပ်ရင်းနဲ့ပဲ လူက တိုးတက်လာမှာဖြစ်တယ်။
Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial