ဦးဆောင်သူတွေ ကိုယ်လိုချင်တဲ့ ရလဒ်တွေကို ရယူချင်တယ်ဆိုရင် အမြဲတမ်း သင့်ကိုယ်သင် ပြောသင့်တဲ့ အရေးကြီးဆုံး စကား (၄) ခု

သင့်ကိုယ်သင် စကားပြောတဲ့အခါ သတိထား ဆင်ခြင်သင့်တဲ့ အကြောင်းအရင်း (၃) ချက်
July 16, 2020
စိတ်ဆိုးနေတဲ့အချိန်မှာ သင့်ကိုယ်သင် ပေးသင့်တဲ့ အကြံပြုချက် (၄) ချက်
July 21, 2020

ဦးဆောင်သူတွေ ကိုယ်လိုချင်တဲ့ ရလဒ်တွေကို ရယူချင်တယ်ဆိုရင်

အမြဲတမ်း သင့်ကိုယ်သင် ပြောသင့်တဲ့ အရေးကြီးဆုံး စကား (၄) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဦးဆောင်သူတွေ ကိုယ်လိုချင်တဲ့ ရလဒ်တွေကို တကယ်ရယူချင်တယ်ဆိုရင် အမြဲတမ်းပြောသင့်တဲ့ အရေးကြီးဆုံး စကား(၄) ခုကို မျှဝေချင်တယ်။

ရလဒ်လို့ပြောတဲ့ အခါမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ ရလဒ် ဖြစ်ရင် ဖြစ်မယ်။ တစ်ချို့ဝန်ထမ်းတွေအတွက် အလုပ်အကိုင် ဒါမှမဟုတ်ရင် ပညာရေးနဲ့ ပတ်သက်တဲ့ ရလဒ်၊ အဲဒါမှ မဟုတ်ရင် တစ်ခြားသူတွေနဲ့ Milestone တစ်ခုခု အဲဒါတွေနဲ့ ပတ်သက်ပြီး တကယ်ရယူချင်တယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း နှလုံးသွင်းပြီး ပြောနေရမယ့် စကားလေးခုရှိတယ်။

(၁) ငါဒါကိုလုပ်ချင်တယ်။

ငါဒါကိုလုပ်ချင်တယ်ဆိုတာ ကိုယ့်ရဲ့ ဆန္ဒအလျှောက်ကို လုပ်ချင်တာ၊ ကျွန်တော် တရားသွားထိုင်တယ်၊ ၂၀၁၉ မတ်လ ၁ ရက်နေ့ ကနေ ၁၅ ရက်နေ့၊ နောက်တော့ ၁၆ ရက်နေ့ကနေ ၂၀ လည်းဆက်ဝင်တယ်။

တရားသွားထိုင်တဲ့အခါ သိတဲ့အတိုင်းပဲ ဒီက မိတ်ဆွေတွေ တရားထိုင်ဖူးရင် သိလိမ့်မယ်၊ အဲဒီတစ်ခေါက်က တရားစခန်းဝင်တာ ပထမဆုံးပဲ။ ပထမဆုံးဆိုတော့ ယုံကြည်မှု မရှိဘူး။ ကျွန်တော် အရင်က မဝင်ဖူးဘူး၊ အရင်က ကျွန်တော် ညမအိပ်ဘဲ အချိန်ပိုင်း သွားထိုင်တာမျိုးတွေရှိတယ်။

တရားစခန်း သွားဝင်တဲ့အခါမှာ ပိန်လိန်နေတဲ့အခါ ဘာဖြစ်လဲဆိုတော့ ပြန်ပြေးရင် ကောင်းမလား စိတ်ကူး ရှိတာပေါ့ ၊ ပြန်တွေးလို့ရှိရင် ကိုယ့်ကို သွင်းထားပေးတဲ့သူတွေကလည်း သင်တန်းသား တွေဆိုတော့ သူတို့ကိုလည်း အားနာရသေးတယ်။ သိက္ခာကျမှာလည်း စိုးရိမ်ရသေးတယ်။

ကိုယ့်ကိုယ်ကိုယ် ပြောတာက ငါလာထိုင်ချင်လို့ ငါလာထိုင်တာ၊ ငါ့ကို အတင်းအကြပ် ခြိမ်းခြောက်ပြီး ဘယ်သူမှ လုပ်ခိုင်းတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ရွေးချယ်မှု၊ ငါဒါကို လုပ်ဖို့ အတွက် ရွေးချယ်တာ။

အဲဒီတော့ ဒါကို ပြောလို့ ရှိရင် ကျွန်တော်တို့ နဂိုထဲက ကိုယ်လုပ်နေရတဲ့ အလုပ်နဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ ပြန်ပြီး တစ်ထပ်ထဲ ကျသွားတဲ့ အတွက် ကြောင့် ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် ပိုပြီး အာရုံစိုက်ဖို့အတွက် အထောက်အကူ ပြုတယ်။

(၂) ငါဒါကို လုပ်နိုင်တယ်။

ကိုယ်အရင်တုန်းက လုပ်တာတွေ၊ အရင်တုန်းက အင်မတန် ခက်ခဲတယ်လို့ထင်ပြီး လုပ်လာတာတွေ၊ အဲဒီတော့ ဆယ်တန်း ဘယ်လို အောင်လာလဲ၊ တက္ကသိုလ် ဘယ်လိုတက်လာလဲ စဉ်းစားကြည့်။

ဆိုလိုတဲ့ သဘောက ပထမဆုံး လုပ်ငန်းခွင် ဝင်တဲ့နေ့ကို ဘယ်လိုကျော်ဖြတ်လာလဲ၊ ဒါတွေက ကျွန်တော်တို့ ခက်ခဲတာတွေ ကျော်ဖြတ်ခဲ့ကြတာပေါ့ ၊ အဲဒီအခါကျတော့ ငါဒါကို လုပ်နိုင်တယ်၊ အရင်တုန်းက လုပ်နိုင်ခဲ့တာတွေ ပြန်စဉ်းစား အဲဒီအတိုင်းပဲ။

ပတ်ဝန်းကျင်မှာ ကိုယ့်လိုမျိုးပဲ ခက်ခက်ခဲခဲ လုပ်ရင်း ကျော်ရတဲ့သူတွေ ဘယ်သူတွေရှိလဲ၊ သူတို့တွေ လုပ်တဲ့ဟာကို ကျွန်တော်တို့ ကြည့်လို့ရှိရင် သူတို့တောင် လုပ်နိုင်ရင် ငါလည်း လုပ်နိုင်တယ်ဆိုတဲ့အတွေး ကောက်ချက်ဆွဲလို့ရတယ်။

(၃) ငါဒါကို လုပ်သင့်တယ်။

ဘာလို့ လုပ်သင့်တာလဲ၊ ဘာလို့ လုပ်သင့်လဲဆိုတာ သိဖို့ဆိုရင် စဉ်းစားကြည့်ပါ။ ငါဒါကို လုပ်တဲ့ အတွက်ကြောင့် ကိုယ့်မှာရမယ့် အကျိုးကျေးဇူး ကို စဉ်းစားကြည့်ပါ။

တရားစခန်းအကြောင်း ပြန်ပြောရင် ကျွန်တော် နိဗ္ဗာန် ရောက်ကြောင်းကို ယုံကြည်မှုရှိတယ်။ ဒါ ကိုယ့်အတွက် အင်မတန်လုပ်သင့်တဲ့ဟာပေါ့ ၊ ဘယ်သူ့အတွက် မှမဟုတ်ဘူး။

အဲဒီအတိုင်းပဲ ကိုယ့်စီးပွားရေး လုပ်ငန်းလုပ်တယ်၊ ကိုယ့်အတွက်ပါတာပေါ့ ၊ ကျွန်တော်လည်း ချမ်းသာချင်တယ် ကျွန်တော်လည်း ကောင်းကောင်းနေ ကောင်းကောင်းစားချင်တယ်။ ခရီးတွေ ကောင်းတဲ့နေရာတွေ ကောင်းတဲ့ နယ်မြေတွေသွားချင်တာပဲ။ ကောင်းတဲ့ ပစ္စည်း တွေသုံးချင်တာပဲ။

ဘယ်သူမဆို သူသူ ကိုယ်ကိုယ် ရှိတဲ့အရာ၊ ဒီဟာကို လုပ်သင့်တဲ့ အကြောင်းက ကိုယ်လိုချင်တဲ့ အရာတွေရှိတာကို။ အဲဒီအတိုင်းပဲ ကိုယ်လုပ်တဲ့ အလုပ်ကြောင့် ကိုယ့်ပတ်ဝန်းကျင်က လူတွေ အကျိုးရှိနိုင်တယ်။ ကိုယ့်မိသားစု အကျိုးရှိနိုင်တယ်။ ဒါတွေကို ကျွန်တော်တို့ သေသေချာချာ စဉ်းစားနိုင်ရင် ဘာဖြစ်လာလဲဆိုတော့ ငါဒါကို လုပ်သင့်တဲ့ အကြောင်းအရင်းကို ခိုင်ခိုင်လုံလုံ သိလာမယ်။

(၄) ငါဒါကို လုပ်ကိုလုပ်မှ ရမယ်။

ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ခံယူသင့်တာ ပြောသင့်တာက ငါလုပ်ကိုလုပ်မှရမယ်။ အဓိပ္ပာယ် ကဘာလဲ၊ ကျွန်တော်ဆိုရင် Breakthrough ကိုထောင်တဲ့ အချိန်မှာ ကျွန်တော် အတွက် Breakthrough က အရေးကြီးတယ်။ ဘာလို့ အရေးကြီးလဲ။ ကျွန်တော်ရဲ့ ဂုဏ်သိက္ခာအတွက် အရေးကြီးတယ်။

ကျွန်တော်မှာ မခံချင်တဲ့ ကိစ္စ လေးတွေရှိတယ်၊ အဲဒီအခါမှာ ဒါကိုကျွန်တော် ရအောင်လုပ်နိုင်တဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ်ရော အများကိုရော ငါဒါကိုလုပ်နိုင်ပါလား သက်သေပြလို့ရတယ်။ ကျွန်တော့်အတွက် ဒါက အရေးကြီးတယ်။

နောက်တစ်ခုကကျတော့ ကျွန်တော့် မိသားစု အထူးသဖြင့် ကျွန်တော့် သားလေးနှစ်ယောက်၊ သူတို့အတွက်ကို တကယ်ကို ကောင်းမွန်တဲ့ အနာဂတ် ဖန်တီးပေးဖို့ဆိုရင် ကျွန်တော့်ရဲ့ ဒီ Breakthrough ကျွန်တော် တစ်ယောက်ထဲ ပိုင်တဲ့ လုပ်ငန်း၊ အရင်လုပ်ငန်းက အများနဲ့ပိုင်တာ၊ ကျွန်တော် တစ်ယောက်ထဲ ပိုင်တဲ့ Business ကို ထောင်ကိုထောင်နိုင်ရမယ် ဆိုတဲ့စိတ်ဖြစ်တယ်။

ကျွန်တော် က အောင်မြင်ရေး ဟောပြောတဲ့သူမဟုတ်ဘူး။ ကျွန်တော် က Coach၊ Coach က ဘာလဲ ဆိုရင် Step by Step လူတစ်ယောက်သူလိုချင်တဲ့ Result ရအောင်၊ သူလက်ရှိ ဖြစ်နေတဲ့ အခက်အခဲကို ကျော်ဖြတ်နိုင်အောင် မသိဖြစ်နေရာကနေ Step by Step လုပ်ရမယ့် အရာတွေ ဒါကို ကျွန်တော် Coach လုပ်တာ။

ကျွန်တော် သင်ပေးတာထက် သူ့ဆီက သိလာအောင် လုပ်ပေးတာ။ ဒါ Coaching လုပ်တာ ပေါ့ ၊ အဲဒီတော့ အဲဒီလိုမျိုးလုပ်တဲ့အခါ လူတွေကို အတွေးအခေါ် မှန်ကန်အောင် ပြောရတာ ပြရတာမျိုးတွေရှိတယ်။

လူတစ်ယောက်က ဘယ်အချိန်မှာ အောင်မြင်မလဲ လာမေးရင် ကျွန်တော် ပြောလို့ရတာရှိတယ်။ ဘယ်အချိန်မှာ အောင်မြင် မလဲဆိုရင် သူ့အနေနဲ့ မအောင်မြင်ရင် မရတော့ဘူး၊ အောင်မြင်မှုကလွဲရင် ရွေးချယ်စရာ မရှိတော့ဘူးဆိုတဲ့ အချိန်မှာ အောင်မြင်လာလိမ့်မယ်။

အဲဒီအခါကျတော့ ကိုယ်ဒီအလုပ်ကို ငါဒါကို မလုပ်လို့မဖြစ်ဘူး၊ လုပ်ကိုလုပ်မှဖြစ်မယ်၊ အခြေအနေကို တွန်းပို့နိုင်ရင် ကိုယ်လိုချင်တဲ့ Result ရတာပဲ။ အဲဒီအတွက်ကြောင့် ဒါနဲ့ပတ်သက်ပြီး အားလုံးပဲ သုံးသပ်ကြည့်ပါ ၊ ကိုယ့်အတွက် ဘယ်လို အသုံးချလို့ရမလဲ စဉ်းစားကြည့်ပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungexecutivecoach#ceocoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial