ဦးဆောင်သူတွေအနေနဲ့ လူအများ ယုံကြည် အားထားရတဲ့ ဦးဆောင်သူဖြစ်လာအောင် လုပ်နိုင်တဲ့နည်းလမ်း (၃) ခု

လူတွေကို ဦးဆောင်နေတဲ့ သူတွေဘဲဖြစ်ဖြစ် ကိုယ့်ဘဝမှာ ထိထိရောက်ရောက် အောင်မြင်ချင်တဲ့ သူတွေပဲဖြစ်ဖြစ် ဘယ်သူမဆို လုပ်ဆောင်သင့်တဲ့ အချက်တစ်ခု
June 13, 2020
ခေါင်းဆောင်မှု အယူအဆအမှား (၁၀) ခုနဲ့ ၎င်းတို့ကို ကျော်လွှားနိုင်မယ့် နည်းလမ်းများ
June 15, 2020

လူတွေအများကြီးနဲ့ အလုပ်လုပ်နေရတဲ့ အတွက် လူတွေ အများကြီးက ကိုယ့်ကို ယုံကြည်အားထားမှု မရှိရင် သူတို့က ကိုယ်ပြောတဲ့ စကားကို အလေးအနက်ထားမှာ မဟုတ်ဘူး။

သူတို့ ကိုယ်ပြောတဲ့စကားကို အလေးမထားရင် အရာရာကိုပေါ့ပေါ့ဆဆလေးဘဲ သွားကြလိမ့်မယ်။ အရာရာကိုပေါ့ပေါ့ဆဆ လေးဘဲသွားရင် သေချာလည်း အကောင်အထည်ပေါ်မှာ မဟုတ်ဘူး။

အဲဒါဆိုရင် ရလဒ်တွေ ကလည်းကောင်းမှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် သူတို့ ကိုယ့်ကို ယုံကြည်အားထားနိုင်တဲ့ အခြေအနေတစ်ခုရောက်အောင် ကျွန်တော်တို့ အနေနဲ့ လုပ်ရမယ်။

ယုံကြည်အားထားနိုင်တဲ့ ဦးဆောင်သူ တစ်ယောက်ဖြစ်ဖို့ ကျွန်တော်တို့ ဘာလုပ်သင့်လဲဆိုတော့ ကျွန်တော့်အနေနဲ့ အချက်လေး ၃ခုကို ဦးစားပေး မျှဝေချင်ပါတယ်။

(၁) အကျင့် စာရိတ္တကောင်းဖို့လိုတယ်။

ကိုယ့်ရဲ့ အကျင့် စာရိတ္တ ကောင်းမကောင်းဆိုတာကို ကိုယ်ကိုယ်တိုင်ဘဲသိတယ်။ ကျွန်တော်တို့တွေ ငယ်ငယ်လေးထဲကနေ အခုချိန်ထိ ကောင်းတာတွေရော မကောင်းတာတွေရော လုပ်ခဲ့ကြတာတွေ အများကြိးရှိတယ်။

အဲဒီအခါ အချို့အကျင့်စာရိတ္တပိုင်းတွေ ဥပမာ အဖေအမေ ပိုက်ဆံအိတ်ထဲကနေ ပိုက်ဆံယူတာလေးကနေစပြီးတော့ အခုလိုမျိုး လုပ်ငန်းခွင်တွေ ဘာတွေ လုပ်ကြတဲ့ အခါမှာလည်း ဘောင်ချာပိုတင်တာမျိုး မလိုအပ်ဘဲ စရိတ်တွေပိုပြီးပြတာမျိုး။ ဒါမှမဟုတ်ရင် ကိုယ့်ရုံးက Taxi ပေးသုံးတဲ့ အခါမှာ ကိုယ့်အနေနဲ့ ဆိုရင်တော့ အင်မတန် သက်သာအောင်ငှားစီးမယ် ကုမ္ပဏီ စရိတ်နဲ့ ဆိုရင်တော့ ပေါ့ပျက်ပျက်လုပ်မယ်။

ဒါမျိုးတွေက စာရိတ္တမကောင်းတာမျိုးတွေနဲ့ဆိုင်တာပေါ့။ ပြီးရင်လွယ်လွယ်နဲ့ လိမ်ပြောတက်တာမျိုးလေးတွေ ကျွန်တော်တို့ဆင်ခြင်သင့်တာပေါ့။

အကောင်းဆုံးကတော့ အကျင့်စာရိတ္တဆိုတာ လူတွေကိုယ့်ကို ဘယ်သူမှ မမြင်တဲ့ အချိန်မှာ ကိုယ်ဘာလုပ်သလည်းပေါ့။ ဘယ်သူမှ မမြင်တဲ့အချိန် မှာ လုပ်ချင်တာလုပ်နေမယ်ဆိုရင် ကိုယ့်ရဲ့ အကျင့် စာရိတ္တကို ကောင်းတယ်လို့ပြောလို့ မရဘူး။

(၂) ကတိတည်ဖို့လိုတယ်။

ပြောထားပြီသားကတိတည်ဖို့လိုတယ်။ ကတိတစ်ခုကိုလွယ်လွယ်နဲ့ မပေးဖို့နဲ့ ပေးထားတဲ့ ကတိတွေကို ချရေးထားဖို့ လိုတယ်။

ကတိတစ်ခုကိုပေးထားပြီးတော့မှ မတည်နိုင်တဲ့ အခြေအနေမျိုး ရောက်လာပြီဆိုရင် လည်း ပေးထားတဲ့ သူနဲ့ ပြန်ပြီးညှိနှိုင်းဖို့လိုတယ်။

ကိုယ်ကပြောထားတဲ့ ကတိကို လုပ်မယ်ဆိုလည်း တစ်ကယ်လုပ်မှ မလုပ်နိုင်ဘူးဆိုရင်လည်း မလုပ်ဘူးပြော ဒါဆိုရင်ရှင်းတယ်။

လုပ်မယ်ပြောပြီး မလုပ်တာလောက် ဦးဆောင်သူတွေအပေါ် အယုံအကြည်ပျက်စေတဲ့ အရာမရှိဘူး။

အဲဒီအတွက်ကြောင့်ကတိကို တည်ဖို့လိုတယ်။

(၃) ဘာကိုဘဲလုပ်လုပ် ကိုယ့်ရဲ့ အကောင်းဆုံးတွေကိုဘဲလုပ်ပါ။

ကိုယ်ကအမြဲတမ်း ကိုယ့်ရဲ့ အကောင်းဆုံးတွေကို ပေးတာသေချာရင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေက ကိုယ့်ကိုယ် ယုံမှားသံသယ ဖြစ်စရာမလိုတော့ဘူး။

“ဒီလူက မလုပ်ဘူးဆိုလည်းမလုပ်ဘူး လုပ်ပြီဆိုရင်လည်း 100% ကို ပေးတယ်။” သူတို့ အနေနဲ့ ကိုယ်အကောင်းဆုံးပေးနေတယ်ဆိုတာကို သိတယ်ဆိုရင် သူတို့အနေနဲ့ ကျေနပ်မှုရနိုင်သလို အကယ်၍ ကိုယ်က ချွတ်ချော်ခဲ့ရင်တောင် လောလောဆယ် သူသိသလောက်နဲ့ အကောင်းဆုံးပေးတာ အဲဒီအတွက်ကြောင့် သူပိုပြီးတော့ သိလာဖို့ဆိုရင် ကိုယ့်အထက်လူကြီးတွေဆိုရင်လည်း ကိုယ့်ကိုပိုပြီးတော့ လေ့လာသင်ယူမှုတွေ လုပ်နိုင်တဲ့ အခြေအနေမျိုးတွေဖြစ်လာအောင်ဖန်တီးပေးတာ ဒါမျိုး အခြေအနေတွေ ရှိလာနိုင်သလို ကိုယ့်လက်အောက်ကလူတွေဆိုရင်လည်း သူကတော့ သူအတက်နိုင်ဆုံးလုပ်နေတာ သူပိုပြီးတော့ ရလဒ်ကောင်းတွေရလာအောင် ငါတို့ဝိုင်းကူပေးရမယ်ဆိုတဲ့ စိတ်မျိုးတွေ ပိုပြီးတော ပေါ်လာမှာပေါ့။

အဲဒီလိုမျိုးမဟုတ်ဘဲ လျော့ပြီးလုပ်နေမယ်ဆိုရင် သူတောင်မှ လျော့ပြီးလုပ်နေတာပဲဆိုပြီး ငါတို့လည်းလျော့ပြီးလုပ်မယ်ဆိုတဲ့ စိတ်မျိုးတွေရှိနေနိုင်တယ်။

အဲဒီတော့ ဘာကိုပဲလုပ်လုပ် ကိုယ့်ရဲ့ အကောင်းဆုံးကိုပေးပါ။ ကိုယ့်ရဲ့ Best ပဲပေးပါ။

ကိုယ့်ရဲ့ Best ကိုမပေးရင် လူတွေကကိုယ့်ကို ယုံကြည် အားထားမှာ မဟုတ်ဘူး။

ကိုယ့်ရဲ့ Best ကိုပေးရင်တော့ လူတွေက ကိုယ့်ကို ပိုပြီးတော့ လေးစားလာနိုင်တယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial