ဦးဆောင်သူတိုင်း ကိုယ့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ရာမှာ အဓိက အာရုံစိုက်သင့်တဲ့ အရာ (၈) ခု

ဦးဆောင်သူတွေအနေနဲ့ မှန်ကန်တဲ့ အတွေးအခေါ် အယူအဆ တွေနဲ့ ဦးဆောင်နိုင်မဲ့ နည်းလမ်း (၃) ခု
June 23, 2020
ဦးဆောင်သူတွေ အနေနဲ့ Personal Development Plan ဆွဲမယ်ဆိုရင် သတိထားသင့်တဲ့ အချက် ( ၃ ) ချက်
June 26, 2020

ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဦးဆောင်တဲ့သူတွေ စီးပွားရေးလုပ်ငန်းရှင်တွေ မန်နေဂျာတွေ မည်သူမဆို လုပ်ရမယ့်အရာတွေဖြစ်တယ်။ ကိုယ့်မှာမရှိဘဲနဲ့ တခြားသူတွေ သွားပေးလို့မရဘူး။ ကိုယ်မတတ်ဘဲနဲ့ ရလဒ်ကောင်းအောင် လုပ်လို့ မရဘူး။ ကျွန်တော်တို့ ကိုယ့်အရည်အချင်းတွေ အမြဲတက်အောင်လုပ်နေရမယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကိုယ်ရဲ့ Personal Growth Plan ကို ဆွဲမယ်ဆိုရင် ကျွန်တော်တို့ ထည့်ပြီး စဉ်းစားသင့်တဲ့ အရာ (၈) ခုကို မျှဝေပေးချင်ပါတယ်။

(၁) အထွေထွေ ဗဟုသုတ

ကိုယ့်ရဲ့အထွေထွေ ဗဟုသုတကို တက်လာအောင် လုပ်ဖို့လိုတယ်။ အထွေထွေဗဟုသုတ လေ့လာတာကတော့ နယ်ပယ်အသီးသီးမှာ ဒါနဲ့ပတ်သက်ပြီးတော့ တိကျတဲ့ ပေတံ ရှိချင်မှရှိမယ်။ ကိုယ်က စာတွေများများဖတ်တယ် ဒါမှမဟုတ် သတင်းတွေ များများသိအောင် လုပ်တယ်၊ နိုင်ငံရေးကော စီးပွားရေး လူမှုရေး ဒါတွေအကုန်လုံး ကိုယ်က သိနေဖို့လိုတယ်။ Facebook သုံးရင်လည်း ဒါက General knowledge တွေ တိုးတက်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ အထွေထွေဗဟုသုတ တိုးတက်လာအောင်လုပ်ဖို့ စဉ်းစားပါ။ အထွေထွေ ဗဟုသုတ မရှိဘဲ အခြားသူကို ဘယ်လိုမှ ဦးဆောင်လို့ မရနိုင်ဘူး။

(၂) လုပ်ငန်းနဲ့ ပတ်သက်တဲ့ နည်းပညာအရည်အချင်း

ကိုယ့်ရဲ့လုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းအရည်အချင်း အဲဒါကို ကျွမ်းအောင်လုပ်ရတယ်။ ကျွန်တော် Breakthrough မှာ CEO အနေနဲ့ ဦးဆောင်နေတယ်။ ကျွန်တော် Leadership သင်တယ်၊ ကျွန်တော် Coach လုပ်တယ်။ ကျွန်တော် အဲဒီလို လုပ်တဲ့အခါမှာ ကျွန်တော် အဓိက ကျွမ်းကျင်ရမဲ့ အရည်အချင်းတွေက နည်းပညာတွေ ကျွမ်းကျင်ရမယ်။ Public Speaking ကျွမ်းရတယ်၊ ဒါမှမဟုတ်ရင် Coaching Skill ကျွမ်းရတယ်။ နောက်အရေးကြီးတာက လုပ်ငန်းနဲ့ ဆက်စပ်တာ ကျွမ်းကျင်ဖို့ လိုတယ်။ ဥပမာ – ကိုယ်က လက်ဖက်ရည်ဆိုင် ဖွင့်ထားတယ်ဆိုရင် လက်ဖက်ရည် ဖျော်တတ်ရမယ်။ မုန့်ဟင်းခါးဆိုင် ဖွင့်ထားရင် မုန့်ဟင်းခါး ချက်တတ်ရမယ် ဆိုတာမျိုး ပြောချင်တာ။ ကိုယ်က လုပ်ငန်းအတော်ကြီးနေတဲ့ လုပ်ငန်းရှင်ကြီးဆိုရင်တော့ ဒါတွေ လိုချင်မှ လိုမယ်။ ဒါပေမယ့် ကျွန်တော်တို့ အဓိက ထိတွေ့ရတာက အသေးစား အလတ်စား လုပ်ငန်းရှင်တွေ ဒီလိုမျိုး Level မှာ လုပ်ရတဲ့ လုပ်ငန်းရှင်တွေက ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ပတ်သတ်ပြီး အဓိက Key Technical Skill တွေ သိဖို့လိုတယ်။ ကျွန်တော်တို့က နားမလည်လို့ရှိရင် ဝန်ထမ်းနဲ့ သွားလွှဲထားလို့ရရင် အဲဒီဝန်ထမ်းက အကျွမ်းကျင်ဆုံးဖြစ်နေတဲ့ အတွက်ကြောင့် သူသာ ထွက်မယ် ဘာညာဆိုပြီးတော့ ကိုယ့်ကို Negotiate လုပ်လာတယ်ဆိုရင် ကိုယ်က သူထွက်မယ်ဆိုရင် မထွက်စေချင်လို့ တောင်းဆိုတဲ့ ဟာကို လိုက်လုပ်ပေးရမယ့်ပုံစံ ဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ရဲ့လုပ်ငန်းနဲ့ ပတ်သတ်တဲ့ အဓိက အတတ်ပညာကို ကိုယ်က တတ်ရမယ်။ ကျွန်တော်ဆိုရင် Breakthrough Coaching နဲ့ ပတ်သက်ပြီး အများကြီး Specialize လေ့လာထားတယ်။ နောက် Training တွေ ဘယ်လိုပေးရလဲ Public Speaking ဘယ်လိုလုပ်ရလဲ ဒါတွေကို ကျွန်တော်လေ့လာရတယ်၊ ဒါတတ်ဖို့ လိုပါတယ်။

(၃) Management

Management တတ်ဖို့ လိုပါတယ်။Management နဲ့ Leadership က မတူဘူး။ အဲဒီတော့ နှစ်ခုစလုံးကလည်း အရေးကြီးတယ်။ Management က Planning, Leading, Controlling ဒါမျိုးတွေ ပြောတာဖြစ်တယ်။ အရေးကြီးတာက ကိုယ့်ရဲ့လုပ်ငန်း ဘယ်လိုမျိုး Plan တွေချရမလဲ၊ ဘယ်သူတွေကို ဘယ်လိုမျိုး တာဝန်ခွဲဝေပေးရမလဲ၊ တာဝန်တွေကို ဘယ်လိုပြန်စစ်ရမလဲ၊ ဘယ်လို ကိန်းဂဏန်းတွေနဲ့ လုပ်ရမလဲ၊ ဒါတွေ အကုန်လုံးက Management နဲ့ ပတ်သက်တယ်။ Management မတတ်ဘဲ Leadership ပဲ တတ်နေလို့ရှိရင် အပြောပဲရှိပြီး အလုပ်မရှိဘူး ဆိုတာမျိုးတွေ ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ အဲဒီအတွက်ကြောင့် Management ကို တတ်ဖို့လိုပါတယ်။

(၄) Leadership

Management တော့ တတ်တယ်၊ Leadership မတတ်ဘူးဆိုရင် ဘာဖြစ်လဲဆိုရင် အလုပ်ကိုပဲ အာရုံစိုက်နေပြီး လူကို သွားပြီး အာရုံမစိုက်တဲ့ အတွက်ကြောင့် အဲဒီလိုလူမျိုးအောက်မှာဆိုရင် လူတွေက အလုပ်ထွက်တာ များလာမယ်၊ မပျော်ဘူး ဖြစ်လာမယ်။ Culture တွေ မကောင်းဘူး ဆိုတာ ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့က Leadership ကို ကျွမ်းကျင်အောင် လေ့လာသင့်တယ်။ Leadership ဆိုတာလဲ မွေးရာပါ အတိုင်းတာ တစ်ခု လူမှုဆက်ဆံရေး ကောင်းပြီးသားပါနိုင်ပေမယ့် Leadership ဆိုတာ လေ့လာလို့ရတယ်လို့ အားလုံးလက်ခံကြတယ်။ အဲဒီအတွက်ကြောင့် ခေါင်းဆောင်မှုနဲ့ ပတ်သတ်တဲ့ စာအုပ်တွေဖတ်တယ်၊ သင်တန်းတွေ တက်တယ်ဆိုရင် အများကြီး အကျိုးရှိနိုင်ပါတယ်။

(၅) စီးပွားရေးပညာ

စီးပွားရေးလုပ်ရင် စီးပွားရေးပညာ တတ်ရတယ်။ စီးပွားရေးပညာဆိုတာ ဘယ်ပစ္စည်းကို ဘယ်လိုဝယ်မယ် ဘယ်လိုရောင်းမယ် ဘယ်လောက်တင်ပြီးရောင်းမယ် ဒါတွေသိရမယ်။ ဘယ်လောက်ရောင်းရင်တော့ မြတ်မယ် ဘယ်လောက်ရောင်းရင်တော့ Break Event ဆိုတာ အရင်းကြေကာလ ဖြစ်မယ်။ ဘယ်အချိန်မှာ ရောင်းရမယ် ဘယ်အချိန်မှာ ဝယ်ရမယ် ဘယ်အချိန်မှာ တက်တတ်တယ် ဘယ်အချိန်မှာ ကျတတ်တယ် ဒါမျိုးတွေ သိဖို့လိုတယ်။ ကိုယ့်အနေနဲ့ Specialize လေ့လာချင်တယ်ဆိုရင် Business Training တွေတက်၊ ဒါမှမဟုတ်ရင်လည်း MBA လောက်ထိ သွားတက်နိုင်ရင်တော့ ကောင်းတယ်။ ဒါမှမဟုတ်ရင် စီးပွားရေးနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ ကိုယ်ရဲ့ အဖေအမေ ဆရာသမားတွေဆီက လေ့လာနိုင်ရင်လည်းကောင်းတယ်။ အဲဒီတော့ စီးပွားရေးပညာလည်း တတ်မှရမယ်။

(၆) လုပ်ငန်းအသိုင်းအဝိုင်း

လုပ်ငန်းလုပ်ပြီဆိုတည်းက လုပ်ငန်းနဲ့ပတ်သတ်တဲ့ အသိုင်းအဝိုင်း ကိုယ့်မှာ ကောင်းကောင်းရှိရတယ်။ ကျွန်တော်ဆိုရင် ကျွန်တော် Coaching နဲ့ပတ်သတ်ပြီးတော့ Leadership Training နဲ့ပတ်သတ်ပြီးတော့ တစ်ကမ္ဘာလုံးမှာ မိတ်ဆွေတွေ တော်တော်များများ ရှိတယ်။ လုပ်ငန်း အသိုင်းအဝိုင်းချဲ့ထွင်နိုင်တယ်ဆိုရင် အများကြီးအဆင်ပြေတယ်။ ကိုယ်ရဲ့ လုပ်ငန်းအသိုင်းအဝိုင်း ချဲ့ထွင်နိုင်အောင် ကျွန်တော်တို့ ဘယ်လိုတွေ လုပ်ကြမလဲ ဒါလေးကို စဉ်းစားသင့်တယ်။

(၇) သတင်းအချက်အလက် နည်းပညာ

ဒီဘက်ခေတ်က IT နဲ့ပတ်သတ်ပြီး လုပ်ရတာဖြစ်တယ်။ Covid-19 လို ကာလမှာ အပြင်တွေထွက်လို့ မရဘူး။ အဲဒီအခါမှာ ကိုယ်က Mobile Phone လား Application လား ဒါမျိုးတွေ သုံးရတယ်။ Zoom meeting လို ဟာမျိုးတွေ သုံးရတယ်။ Mobile မှာလည်း ကျွန်တော်တို့ To Do List လို ဟာမျိုးတွေ ဒါမှမဟုတ်ရင် တခြား Application တွေရှိတယ်။ Calendar Application သုံးတာမျိုး ဒါမျိုးတွေက နည်းပညာမသိရင် အင်မတန်ခက်တယ်။ တချို့ Facebook Account မဖွင့်တတ်လို့ သူများ ဖွင့်ပေးရတယ်ဆိုတာ ဒါကမဖြစ်သင့်ဘူး။ ကိုယ်က လေ့လာလို့ရတယ်။ ဒါတွေက လုပ်သင့်တဲ့ဟာမျိုးတွေ ဖြစ်တယ်။ (၈) ဘာသာစကား Second Language တစ်ခုခု တတ်ရမယ်။ ဘာသာစကား တစ်ခုခု တတ်ရမယ်။ ကျွန်တော်အနေနဲ့ကတော့ English စာတောင် ကိုယ်က အနိုင်နိုင် လေ့လာနေရတာဆိုတော့ တခြားတော့တတ်ဖို့ မရှိဘူး။ ကျွန်တော်အတွက်ကတော့ English လေ့လာရတယ်။ တရုတ်နိုင်ငံနဲ့ ဆက်စပ်ရတယ်ဆိုလည်း တရုတ်၊ ဒါမှမဟုတ်ရင်လည်း ထိုင်းနိုင်ငံနဲ့ ဆက်စပ်ရတယ်ဆိုလည်း ထိုင်းဘာသာပေါ့။ မဟုတ်ရင် Korea လား၊ Japan လား၊ ဂျာမန်လား ဆက်စပ်တဲ့ Second Language တစ်ခုကို တတ်ထားသင့်တယ်။ ကျွန်တော်တို့ နိုင်ငံတကာက အသိပညာတွေပါ လေ့လာတဲ့ အခါမှာ အများကြီး အဆင်ပြေတယ်။ အထူးသဖြင့်တော့ English စကားက တတ်သင့်တယ်။ English စကား တတ်တော့မှ YouTube Video ကြည့်တာ ဆောင်းပါးတွေ ဖတ်တာ Internet ကနေ Video တွေ သင်တန်းတွေ တက်တာ ဒါမျိုးတွေမှာ အများကြီး အဆင်ပြေမှာ ဖြစ်တယ်။ ကျွန်တော်ဆိုရင် English စာ မကောင်းဘူး။ ဒါပေမယ့် MBA တက်ပြီးသွားတဲ့ အချိန်မှာ အတိုင်းတာတစ်ခု နားလည်လာတယ်။ အရေးကြီးတာက Second Language က အများကြီး အထောက်အကူဖြစ်တယ်။ ကျွန်တော် ပြောတဲ့အချက်လေးတွေ ပြန်ပြီးစစ်ဆေးကြည့်ပါ။ ကိုယ်ဘယ်နေရာလေးတွေမှာ မြှင့်ဖို့လိုလဲ စဉ်းစားပါ။ ဒါကတော့ ကျွန်တော်တို့ Personal Growth Plan မှာ ထည့်ပြီးတော့ စဉ်းစားသင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။

Naing Win Aung (MBA, UK)

Business & Executive Coach

Leadership Development Facilitator

Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach

#Leadership #Coaching

#Transformation

#NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial