အရည်အချင်း မပြည့်ဝတဲ့ ခေါင်းဆောင်တွေ ဖန်တီးတဲ့ ပြဿနာ (၆) ခု

လုပ်ငန်းရှင်တွေ လက်တွေ့လုပ်ငန်း လုပ်ဆောင်တဲ့အခါ အရေးပါတဲ့ အချက် (၄) ချက်
September 23, 2020
ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ လုပ်ငန်းခွင်ကို တည်ဆောက်နိုင်ဖို့ အရေးကြီးတဲ့ အကြံပြုချက် (၅) ခု
September 25, 2020

အရည်အချင်း မပြည့်ဝတဲ့ ခေါင်းဆောင်တွေ ဖန်တီးတဲ့ ပြဿနာ (၆) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

အဖွဲ့အစည်းအသီးသီးမှာ ခေါင်းဆောင်ကိုယ်တိုင်ပဲဖြစ်ဖြစ် မန်နေဂျာကိုယ်တိုင်ပဲဖြစ်ဖြစ် အရည်အချင်းအားနဲတဲ့ အားနည်းတဲ့အခါမှာ သူတို့က အောက်လူတွေကို ရာထူးတင်လိုက်တဲ့အခါမှာ သေချာမစစ်ဘဲ တင်လိုက်မိတဲ့အတွက် ဒီလိုမျိုးမှာလည်း အဲဒီလို ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်။

(၁) လုပ်ငန်းခွင်မှာ အမှားအယွင်း များနိုင်တယ်။

ဦးဆောင်သူက သူကိုယ်တိုင်ကမှ မလုပ်တက်တဲ့အတွက် သူကလွဲတဲ့ Instructions ပေးလိုက်ပြီး ဝန်ထမ်းတွေက အလွဲတိုင်း လိုက်လုပ်တဲ အတွက်ကြောင့် အလွဲ Result တွေပဲ ထွက်လာနိုင်တယ်။ တစ်ချို့ သိတဲ့ဝန်ထမ်းတွေရှိလို့ သူ့ကို သွားသင်ပြတာကို လက်ခံနိုင်ရင်တော့ ကောင်းတာပေါ။့ လက်မခံဘူးဆိုရင်တော့ ပိုဆိုးသွားကော။

(၂) လုပ်ငန်းခွင်မှာ ဆုံးရှုံးမှုတွေ များလာနိုင်တယ်။

အမှားအယွင်း ဘာလို့များရသလဲဆိုရင် ညွှန်ကြားထဲက အမှားတွေညွှန်ကြားနေတဲ့အတွက် နောက်တစ်ခု ဘာဖြစ်နိုင်လည်းဆိုတော့ အေက်ကလူ မှားနေရင်တောင် အပေါ်ကလူက ပြင်ပေးရကောင်းမှန်း မသိတော့ အဆင်မပြေဘူး။ ဆုံးရှုံးမှုမှာ အဓိက အရေးကြီးတာက အချိန်၊ အချိန်က တန်ဖိုးရှိပြီး မလိုလားအပ်ဘဲ ခဏခဏပြန်လုပ်နေရတော့ အချိန်ဆုံးရှုံးတယ်။ ငွေကြေးအရ ပစ္စည်းအရ ဆုံးရှုံးတာတွေ ယုံကြည်မှု ကျဆင်းသွားတာတွေ ဖြစ်နိုင်တယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးရလာနိုင်တယ်။

(၃) ဦးဆောင်မှုအပေါ် ဝန်ထမ်းတွေရဲ့ ယုံကြည်မှုတွေ ပျက်ပြားလာနိုင်တယ်။

ဘာလို့လဲဆိုတော့ ညွှန်ကြားလိုက်ရင် တစ်လွဲဖြစ်လာရင် မကောင်းတဲ့ အကျိုးဆက်တွေဖြစ်နိုင်တယ်။ အဲဒီအခါ အငယ်တွေကလည်း ဘယ်လိုသွားပြီး ပြင်ပေးရမလဲမသိဘူး သူတို့ကလည်း သေချာမသိတဲ့အခါ ငါတို့အပေါ်ကလူပြောတာ တစ်လွဲတွေပဲ လုပ်ရင်လည်း ဆုံးရှုံးမှုတွေဖြစ်တယ်။ အဲဒီအခါ လက်အောက်ကလူတွေက အပေါ်ကလူတွေပြောတာ မယုံတော့ဘူး။

(၄) ဖောက်သည်တွေ လျော့လာနိုင်တယ်။

ဖောက်သည်တွေက တစ်လွဲတွေလုပ် အမှားအယွင်းတွေအများကြီးနဲ့ နောက်ဆုံး Customer တွေဆီရောက်သွားတဲ့အခါမှာ Product တွေ ထုတ်တဲ့နေရာမှာပဲဖြစ်ဖြစ် Service တွေ ပေးတဲ့ နေရာမှာပဲဖြစ်ဖြစ် ဘယ်လိုမှ သူတို့လိုချင်တဲ့ Need တွေ Expection တွေရမှာ မဟုတ်ဘူး။
ဖောက်သည်တွေမှာ မကျေနပ်မှုတွေ များလာတဲ့အခါ ဒီဘက်ခေတ်မှာ ရွေးစရာတွေ များတဲ့အတွက် ကိုယ့်ဆီမှာ ပေကပ်နေတော့မှာ မဟတ်ဘဲ တစ်ခြားဆီကို ရောက်သွားလိမ့်မယ်။

(၅) အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေဆုံးရှုံးမယ်။

အရည်အချင်းရှိတဲ့ ဝန်ထမ်းက အစထဲက အလုပ်မရှားတဲ့အတွက် သူက ဒီမှာလုပ်နေပေမယ့် သူရဲ့အထက်လူကြီးကလည်း တလွဲတွေ ညွှန်ကြားတယ်။ သူနဲ့တွဲလုပ်တဲ့သူကလည်း လုပ်ရည်ကိုင်ရည်နည်းတယ် Customer တွေကလည်း Complain တွေများတယ်။ လုပ်ငန်းကလည်း အကျိုးကျေးဇူးနည်းတဲ့အခါမှာ တစ်ခြားပြောင်းသွားရင် ကောင်းမှာပဲဆိုပြီး တွေးတာတွေရှိနိုင်တယ်။

(၆) လုပ်ငန်းပြိုကွဲသွားနိုင်တယ်။

တစ်ချို့အမှားတွေက အကြိမ်ကြိမ်မှားတဲ့အခါ အရမ်းကြီးတဲ့ ပြဿနာဖြစ်လာနိုင်တယ်။ တစ်ချို့အမှားတွေကျတော့လည်း တကယ်ကို မိုးမီးလောင်တဲ့ ပြဿနာတွေ ဖြစ်တက်တယ်။

အဲဒီအတွက် အမှားအယွင်းတွေကို သေသေချာချာပြင်ဆင်ပြီး ဦးမဆောင်နိုင်ဘူးဆိုရင် လုပ်ငန်းရပ်ဆိုင်းသွားနိုင်တယ်။ အဲဒီအတွက် ကျွန်တော်တို့က ကိုယ်နဲ့ကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့ခေါင်းဆောင်မှု အရည်အချင်းကို ဆက်တိုက်မြှင့်တင်နေသင့်တယ်။ ကိုယ့်ရဲ့ အငယ်ဆုံးဝန်ထမ်းလေးတွေကအစ ခေါင်းဆောင်မှု အရည်အချင်းကို မြင့်တင်တဲ့အခါမှာ တစ်ချိန်သူတို့ကို ဆွဲတင်တဲ့အခါ အဆင်သင့် ဖြစ်နေတဲ့အတွက် အဆင်ပြေတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial