အဖွဲ့အစည်းတစ်ခုမှာ ရာထူးတစ်ခုရလာပြီဆိုရင် ဘာတွေလုပ်သင့်လဲ

အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို အမှားအယွင်းမရှိအောင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ
July 31, 2020
အောင်မြင်နေတဲ့ လူတစ်ယောက်မှာရှိတဲ့ အားသာချက် (၁) ချက်
August 4, 2020

ခေါင်းဆောင်မှုဆိုတာ သြဇာညောင်းမှုဖြစ်တယ်။ ရာထူးတွေ နေရာတွေနဲ့မဆိုင်ဘူး။ ကျွန်တော်တို့ ခေါင်းဆောင်မှုတွေကို ဆွေးနွေးတဲ့အခါမှာ ထည့်ပြီးတော့ သင်ရတယ်။ ဒါကဘာလဲဆိုတော့ ခေါင်းဆောင်မှုရဲ့ အနှစ်သာရကို သဘောပေါက်ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးရတာ ဖြစ်တယ်။ ဒါကလည်း ကျွန်တော်ရဲ့ဆရာဖြစ်တဲ့ World No.1 Leadership Expect John C. Maxwell ဆီကနေ ကျွန်တော် လေ့လာပြီးတော့ ပြန်ပြီးမျှဝေတာဖြစ်ပါတယ်။
ကျွန်တော်တို့ လုပ်ငန်းခွင်မှာ ဦးဆောင်တဲ့အခါကျတော့ ရာထူးနေရာက အတိုင်းတာတစ်ခု အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တရားဝင် ညွှန်ကြားမှုတွေ လုပ်ရမယ်၊ တရားဝင် တင်ပြတာတွေ အထက်ကိုလုပ်ရမယ်။ ပြီးသွားရင် Level အသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်ရတာတွေ ရှိနိုင်တယ်။ လက်အောက်ကသူတွေကို ဦးဆောင်ရတာတွေ ရှိနိုင်တယ်။
ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ရာထူးတစ်ခု ပေးလိုက်ပြီဆိုရင် ဒါကို ကျွန်တော်တို့ နားလည်ရမှာက ဘာလဲဆိုတော့ အဲဒီအဖွဲ့အစည်းမှာရှိတဲ့ လူတွေ အဲဒီလူတွေက ကျွန်တော်တို့ကို နောင်တစ်ချိန်အတွက် အလားအလာရှိတဲ့ လူတစ်ယောက်အဖြစ် သူတို့ယုံကြည်လို့ ကိုယ့်ကို ဒီနေရာကို ပေးတာ။ အဓိပ္ပာယ်က ဘာလဲဆိုတော့ ဒီမှာရှိတဲ့မိတ်ဆွေက ကိုယ့်ကို ရာထူးတိုးခြင်းခံရတယ်ဆိုရင် ကိုယ်က နေရာတစ်ခု ရလာမယ် ပိုပြီးတော့ မြင့်တဲ့နေရာတွေလဲ ရနိုင်လာတယ်။ ကိုယ့်မှာရှိတဲ့ ယုံကြည်မှုတွေ၊ ကိုယ့်ရဲ့ Idea တွေ ဒါတွေကို အစည်းအဝေးမှာဖြစ်ဖြစ်၊ ကိုယ့်ရဲ့အထက်လူကြီးနဲ့ပဲဖြစ်ဖြစ် သွားပြီးတင်ပြနိုင်တယ်။
ဒီနေရာမှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ငန်းတစ်ခု တည်ထောင်လိုက်ထဲက ကိုယ်က ခေါင်းဆောင်မှုနေရာကို ကိုယ်ကိုယ်တိုင် သတ်မှတ်ပြီးတော့ ယူရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီအတိုင်းပဲ ကိုယ့်မှာရှိတဲ့ ယုံကြည်မှုတွေ၊ ကိုယ့်မှာရှိတဲ့ Idea တွေကို ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကို ချပြရမယ်။ အဲဒီအခါကျတော့ ကိုယ့်မှာအဲဒီလိုမျိုး ရာထူးတစ်ခု၊ နေရာတစ်ခုကို ဖန်တီးလိုက်ပြီ ဒါမှမဟုတ် ရယူရတော့မယ်ဆိုရင် ကျွန်တော်တို့ အဓိကလုပ်ရမယ့် တာဝန်တစ်ခုရှိတယ်။ အဲဒါဘာလဲ ကိုယ်က အဲဒီရာထူးနဲ့ ထိုက်တန်တယ်ဆိုတာကို အဲဒီအဖွဲ့အစည်းမှာရှိတဲ့ လူတွေကိုပြရမယ်။
ဆိုလိုတဲ့သဘောက လူတွေအများကြီးက လူတစ်ယောက်ကို ရာထူးတင်လိုက်တော့မယ်ဆိုရင် သူ့မှာ ဒီအရည်အချင်းနဲ့ ပတ်သက်ပြီးတော့ ရှိတယ်မရှိဘူးဆိုတာ၊ တစ်ချို့တွေကလည်း တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားကြလိမ့်မယ်။ တစ်ချို့လူတွေကျတော့လည်း ဒီလူအလကားပါ မရနိုင်ပါဘူးဆိုပြီး ထင်နေကြတာရှိတယ်။ အဲဒီအခါကျတော့ ကိုယ်ကဒီရာထူးနဲ့ ကိုယ်ကထိုက်တန်တဲ့လူ ငါကဒီနေရာနဲ့ ထိုက်တန်တဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သူတို့သိအောင် ပြသနိုင်ဖို့လိုတယ်။
အဲဒီတော့ ကိုယ့်ရဲ့အထက်လူကြီးတွေ၊ အဖွဲ့သားတွေ ဒီလိုမှမဟုတ်ရင် ပတ်ဝန်းကျင်မှာရှိတဲ့ ဒီလူတွေက ကိုယ့်ကို ဒီနေရာနဲ့ ထိုက်တန်တဲ့ လူတစ်ယောက်အနေနဲ့ လက်ခံနိုင်အောင် ဘာတွေပြင်ဆင်ရင် ကောင်းမလဲ၊ လုပ်သင့်တာက ဘာလုပ်သင့်လည်းဆိုရင် အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ လာမယ့် ၆လ၊ ၁နှစ်မှာ ဖြစ်လာနိုင်စရာရှိတဲ့ အခွင့်အလမ်းတွေ ဒါမှမဟုတ်ရင်လည်း အခက်အခဲတွေ ဒါလေးတွေကို ကိုယ့်အနေနဲ့ ကြိုတင်ပြီး လေ့လာသင့်တယ်။ ကြိုတင်လေ့လာပြီးတော့ ကိုယ့်ရဲ့ Department၊ ဒါမှမဟုတ်ရင် Organization တစ်ခုလုံးအနေနဲ့ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ။ အဲဒါလေးတွေကို ကိုယ့်အနေနဲ့ ချရေးသင့်တယ်။
Team မှာရှိတဲ့ လူတွေနဲ့လည်း တိုင်ပင်သင့်တယ်။ တိုင်ပင်ပြီးသွားရင် ဒါလေးတွေနဲ့ ပတ်သက်ပြီး ကိုယ့်အနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရာတွေကို ကိုယ့်ရဲ့လက်အောက်ကလူတွေနဲ့ ဆွေးနွေးဖို့လိုသလို လိုအပ်ရင်လဲ ကိုယ့်ရဲ့ပါတနာတွေ၊ ဒါမှမဟုတ်ရင်လည်း အထက်လူကြီးကို သွားပြီးတင်ပြဖို့ လိုအပ်တယ်။ အဲဒီအခါကျတော့ ဒီလိုမျိုးတွေကြိုတင်ပြင်ဆင်ထားပြီး လုပ်ဆောင်တယ်ဆိုရင် အခက်အခဲတွေ၊ ဒါမှမဟုတ်ရင် အခွင့်အလမ်းတွေ ရောက်လာတော့မှ ရင်ဆိုင်ဖြေရှင်းတာထက် ဒါမှမဟုတ်ရင် အခက်အခဲရင်ဆိုင်ကြုံလာတော့မှ ဖြေရှင်းတာထက်ကို ကြိုတင်ပြင်ဆင်ထားတာက အများကြီး ပိုပြီးကောင်းတယ်။
လူတစ်ယောက်ဘဝမှာ အောင်မြင်ချင်ရင် လျှို့ဝှက်ချက်တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ အခွင့်အလမ်းလာတဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတာ ဖြစ်တယ်။ အဲဒီတော့ လူတော်တော်များများက ဘဝမှာ အောင်မြင်ချင်တယ်၊ လုပ်ငန်းခွင်မှာ အောင်မြင်ချင်တယ်၊ လူတွေကို ဦးဆောင်တဲ့နေရာမှာ အောင်မြင်ချင်တယ်။ စီးပွားရေးလုပ်ငန်းမှာ အောင်မြင်ချင်တယ် ဒါပေမယ့် ကြိုတင်ပြင်ဆင်မှု ကောင်းလားဆို ကြိုတင်ပြင်ဆင်မှု မကောင်းဘူး။
ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှု မကောင်းဘဲနဲ အောင်မြင်ချင်လို့ မရဘူး။ အဲဒီတော့ လုပ်ရမှာကဘာလဲ ကိုယ့်မှာ ရာထူးတစ်ခုကို ယူတော့မယ် ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ရာထူးတစ်ခုက အခြားလူတွေက ကိုယ့်ကိုယ် တင်ပေးလိုက်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် ကိုယ့်ဟာကို ကုမ္ပဏီတစ်ခု ထောင်တယ်၊ လုပ်ငန်းတစ်ခု ထူထောင်တယ်။ အဲဒီလိုမျိုး လုပ်တာဖြစ်မယ် ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အဲဒီလိုမျိုး နေရာတစ်ခု ယူတော့မယ်ဆိုရင် ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ကဘာလဲ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်က အဲဒီအခွင့်အလမ်း ရောက်လာမယ့်အချိန်မှာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရမယ်။ အဲဒီလိုမျိုး လုပ်ထားမယ်ဆိုရင် ကျွန်တော်တို့ ခေါင်းဆောင်မှုမှာ ပိုပြီးထိရောက်မှာ သေချာပါတယ်။
Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial