(၁) ပျော်စရာကောင်းမယ်။
ပျော်စရာက အိမ်မှာကြီး ပျော်စရာကောင်းလို့မရဘူး၊ အဓိက လုပ်ငန်းခွင်မှာလည်း ပျော်ရမယ်။ အိမ်မှာရော သူငယ်ချင်းတွေနဲ့ရော ပျော်ရမယ်။ လူတွေ ပတ်ဝန်းကျင်တွေမှာ ကောင်းတဲ့ ကိစ္စလေးတွေ အသိအမှတ်ပြုနေဖို့လိုတယ်။ မကောင်းတာကိုလည်း အသိအမှတ်ပြုရမယ်ဆိုတာမှန်တယ်။ ဒါပေမယ့် အဲဒါတွေကို အာရုံစိုက်နေတဲ့အခါမှာ ပျော်စရာမကောင်းတော့ဘူး။ ကောင်းတဲ့ကိစ္စ ဘာတွေရှိလဲ ၊ အားသာချက် ဘာတွေရှိလဲ တခြားလုပ်လို့ရတဲ့ အခွင့်အရေး ဘာတွေရှိလဲ။ ကိုယ်ဘာပဲလုပ်လုပ် အများစုက ပျော်စရာကောင်းဖို့ ကျေနပ်စရာကောင်းဖို့ ဖြစ်တဲ့အတွက်ကြောင့် ကောင်းမွန်တဲ့ စိတ်နေသဘောထားကိုသာ မွေးမြူမယ်ဆိုရင် ပျော်စရာကောင်းဖို့အတွက် ဖြစ်လာနိုင်ခြေရှိတယ်။
(၂) အခွင့်အလမ်းတွေ ပိုရနိုင်ပြီးအောင်မြင်နိုင်တယ်။
လူတစ်ယောက် တခုခုလာပြောတိုင်းမှာ လိမ်နေတာပဲမြင်တယ် မဖြစ်နိုင်တာဘဲမြင်တယ်။ ကိုယ်က ပိုအောင်မြင်ဖို့ မမြင်တော့ဘူး။ လောကကြီးမှာ ကိုယ်မယုံရတဲ့ အခက်အခဲတွေ အများကြီးရှိနိုင်တယ်။ ဘယ်လိုကြောင့်ပဲပြောပြော ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သင့်တာပဲ၊ အခြေအနေနဲ့ပတ်သက်ပြီး ပိုကောင်းအောင် ဘာတွေလုပ်နိုင်မလဲ၊ ပိုများအောင်လုပ်နိုင်မယ့် အခွင့်လမ်းတွေရှိနိုင်မလဲ၊ မှန်ကန်တဲ့ အခွင့်အလမ်းတော့ ဖြစ်ရမယ်။ ပိုမြင်တက် ပိုအောင်မြင်လာလိမ့်မယ်။
(၃) လူတွေနဲ့ ဆက်ဆံရေး ပိုအဆင်ပြေလာနိုင်တယ်။
လူတွေနဲ့ဆက်ဆံတဲ့အခါမှာ မကောင်းတဲ့ အချက်ကိုပဲဖိပြောရင် ဟိုလူက ကိုယ့်ဆီမလာချင်တော့ဘူး။ ကိုယ့်သားသမီးတွေ အိမ်ထောင်ဖက်၊ ချစ်သူတွေ၊ Customer တွေ လုပ်ငန်းခွင်ကလူတွေ သူတို့နဲ့ ဆက်ဆံတဲ့အခါမှာ သူတို့ကို ချီးကျူးပေးမယ် အသိအမှတ်ပြုပေးမယ်ပြီးမှ ပိုကောင်းစေချင်တာကို ချဉ်းကပ်ပေးမယ်ဆိုရင် လူတိုင်းနဲ့ ဆက်ဆံရေး အဆင်ပြေလာရင် ကိုယ်ဘဝ ပိုအောင်မြင်လာနိုင်တယ် ပျော်ရွှင်လာနိုင်တယ်။
Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
naingwinaungceocoach
naingwinaungexecutivecoach
Leadership #Coaching #Transformation #NLP
Breakthrough_Coaching_Myanmar
Make_Myanmar_A_Better_Place