အဓိပ္ပာယ်ရှိတဲ့ ဘဝကိုဖန်တီး ချင်တယ်ဆိုရင် သင်လုပ်ဆောင်သင့်တဲ့ အချက် (၆) ချက်

လူတွေ ကိုယ့်စည်းကမ်း ကိုယ်မထိန်းချင်ကြတဲ့ အကြောင်းအရင်း (၃) ခု
January 9, 2021
အရည်အချင်းမပြည့်ဝတဲ့ ခေါင်းဆောင်အောက်မှာ လုပ်ရတဲ့ အလယ်ခေါင်းဆောင်တွေရဲ့ အခက်အခဲ (၄) မျိုး
January 20, 2021

(၁) သင့်ဘဝမှာ သင်ဘာကိုလိုချင်တာလည်းဆိုတာ သိအောင်လုပ်ပါ။
ဘဝမှာ ဘာကိုလိုချင်တာလည်းဆိုတာ မသိဘူးဆိုရင် ဘယ်လိုမှ ဦးတည်ချက်မရှိဘူး တောင်ရောက်မြောက်ရောက် ရောက်နေမယ်။ အဲဒီအခါမှာ ကိုယ့်ဘဝကြီးက အသက်သာ ကြီးလာတယ် အဓိပ္ပယ်မရှိဘူး၊ တိုးတက်မလာဘူး။ ဒီလိုအနေအထားမျိုးကို ရင်ဆိုင်ရနိုင်တယ်။ ဒါကြောင့် သင့်ဘဝမှာ ဘာကိုလိုချင်တာလည်း အလိုချင်ဆုံး(၃) ခုက ဘာဖြစ်မလည်း စဉ်းစားကြည့်ပါ။


(၂) သင်လိုချင်တာကို သိပြီဆိုရင် ရအောင်ကြိုးစားပါ။
ငါကလိုချင်တာကို ရအောင်ကြိုးစားရမယ့်ဖက်ကို ရွေ့နေတယ်ဆိုတာ သိနေနဲ့အသိက လူကို စိတ်ချမ်းသာစေတယ်။ အဓိပ္ပာယ်ရှိစေတယ်။ အဲဒီအတွက်ကြောင့် ကိုယ်လိုချင်တာက ဘာလည်းဆိုတာ သိအောင်လုပ်၊ ပြီးရင် လိုချင်တာကို ရအောင်သွားတဲ့ဖက်ကိုရွှေ့ပါ။ မကြိုးစားဘဲနဲ့ လိုချင်တာက တောင်ဖက်မှာ ကိုယ်က မြောက်ဖက်ကိုသွားနေရင် ကြာလေလေ ကိုယ်ကစိတ်ပျက်လေလေ ဖြစ်နေမယ်။ အဲဒါဆိုရင် ကိုယ့်လမ်းကြောင်းပြောင်းဖို့ အချိန်တန်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။


(၃) ပတ်ဝန်းကျင်ကလူတွေ ဘာတွေလိုအပ်နေလည်း သိအောင်ကြိုးစားပါ။
သင့်ပတ်ဝန်းကျင်ကလူတွေ ဘာတွေလိုအပ်နေလည်း ဈေးကွက်ထဲမှာ ဘာတွေလိုအပ်နေလည်း လုပ်ငန်းအဖွဲ့အစည်းထဲမှာ ဘာ‌တွေလိုအပ်နေလည်း ကိုယ့်သူငယ်ချင်းတွေ ဘာတွေလိုအပ်နေလည်း ကိုယ့်မိသားစုကလူတွေ ဘာတွေလိုအပ်နေလည်း အဲဒါကို သိအောင်ကြိုးစားပါ။


(၄) လူတွေ လိုအပ်နေတာတွေကို ဖြည့်ပေးနိုင်ဖို့ ကြိုးစားပါ။
ဖြည့်ပေးတယ်ဆိုတာ အခမဲ့ ကူညီပေးတာဖြစ်နိုင်တယ်။ အကြံပေးတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း ရင်းငွေကြေးယူပြီးတော့ တစ်ခုခုကောင်းမွန်တဲ့ ထုတ်ကုန်တေ၊ွ ဝန်ဆောင်မှုတွေကို ထိုက်သင့်တဲ့ နှုန်းထားယူပြီးတော့ ရောင်းချတာလည်း ဖြစ်နိုင်တယ်။ အဓိကကတော့ လူတွေကို ကူညီနေပါလားဆိုတဲ့ အသိဉာဏ် အဲဒီစိတ်က ကျွန်တော်တို့ကို စိတ်ချမ်းသာစေတယ် ဘဝအဓိပ္ပာယ်ရှိစေတယ်။ လူတွေကို ကူညီနေတဲ့သူက အင်မတန် ပျော်စရာကောင်းတဲ့သူပဲ။ ငွေရတဲ့သူဆိုရင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်လည်း ဖြစ်နိုင်တယ်။ တစ်ဖက်မှာ လူတွေကိုကူညီတယ်။ တစ်ဖက်မှာလည်း အနာဂတ်အတွက် ဝင်ငွေရှာတာဖြစ်နိုင်တယ်။


(၅) ကိုယ်ဘာအသိပညာတွေထပ်ပြီး‌လေ့လာဖို့လိုအပ်နေလည်းသိအောင်လုပ်ပါ။
လူတွေ စိတ်ချမ်းသာဖို့ လိုအပ်တဲ့အရာက တိုးတက်တက်မှုပဲ။ ဒီနေရာမှာတော့ အသိပညာနဲ့ ပတ်သက်ပြီး ငါဘာတွေ တိုးတက်အောင် လုပ်သင့်လည်းဆိုတာကို လေ့လာရမယ်။ ဘာလို့လဲဆိုတော့ အဲဒါတွေကို သိလာခဲ့ရင် ဒါတွေနဲ့ ပတ်သက်ပြီး အသိပညာတွေ တိုးတက်အောင် လုပ်လို့ရတယ်။


(၆) ကိုယ့်ရဲ့ အသိပညာတွေကို မြင့်မားလာအောင်မြင့်တင်ပါ။
အသိပညာ မြင့်မားလာတာလောက် ဘဝမှာ အဓိပ္ပါယ်ရှိတာ မရှိဘူး။ ဆိုလိုတဲ့ သဘောက ကိုယ်က မျက်လုံးနှစ်ဖက် အလင်းမရတဲ့သူကနေ မျက်လုံး အလင်းရသွားသကဲ့သို့ အင်္ဂလိပ်စာ နားမလည်ဘူး၊ အခုနားလည်လာတယ်။ အရင်က စာတွေမဖတ်တက်ဘူး။ အခုဖတ်တက်လာတယ်။ အရင်တုန်းက အင်တာနက် မသုံးတက်ဘူး။ အခုတက်လာတယ်။ အရင်က facebook မသုံးတက်ဘူး။ အခု သုံးတက်လာတယ်။ ဒါတွေက ကိုယ့်ဘဝမှာ ပျော်စရာကောင်းတယ်လို့ ခံစားရလာစေတယ်။ ကိုယ်က Business မှာ ဘယ်လို Organization လုပ်ရမလဲ မသိတာတို့ ဘယ်လို Presentation လုပ်ရလဲ မသိတာတို့ Website တွေမှာ ဘယ်လိုလုပ်ရလည်း မသိတာတို့ Application တွေ မသုံးတက်တာတို့ ဥပမာ အနေနဲ့ ပြောမယ်ဆိုရင် အများကြီးရှိတယ်။
အရင်တုန်းက မလုပ်တက်တာတွေကို လုပ်တက်လာပြီ။ အရင်တုန်းက နားမလည်တာတွေ နားလည်လာပြီဆိုရင် ကိုယ့်ဘဝက အများကြီး အဓိပ္ပါယ်ရှိတယ်။ ဒါတွေကို ပြန်ပြီးတော့ မျှဝေမယ်ဆိုရင်လည်း အများကြီး အကျိုးရှိတဲ့အတွက်ကြောင့် ဘဝအဓိပ္ပါယ်သာရှိချင်ရင် ဒီ (၆) ချက်ကို တစ်ဆင့်ပြီးတစ်ဆင့်ပဲဖြစ်ဖြစ် အကုန်လုံး တစ်ပြိုင်ထဲပဲဖြစ်ဖြစ် တက်နိုင်သမျှ ကျိုးစားပြီး လုပ်ကြည့်ပါ။ ကိုယ့်ဘဝမှာ ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်လို့ ခံစားလာရပါလိမ့်မယ်။
Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial