သာမန်ရလဒ်တွေနဲ့ မကျေနပ်ဖို့

ရှုံးနိမ့်မှာကို စိုးရိမ်နေမယ့်အစား ဘာတွေလုပ်သင့်လဲ
July 25, 2020
သင့်ရဲ့ စိတ်နေသဘောထား ပိုပြီးကောင်းလာဖို့ သိနေရမယ့် အချက် (၆) ချက်
July 30, 2020

ကျွန်တော်တို့ ဒီနေ့မှာတော့ ထူးခြားတဲ့ရလဒ်တွေကို ရယူနိုင်ဖို့အတွက် ကျွန်တော်တို့မှာ မွေးမြူရမယ့် ခံယူချက် တစ်ခုအကြောင်းကို ကျွန်တော့်အနေနဲ့ မျှဝေချင်ပါတယ်။ အဲဒါက ဘာလည်းဆိုတော့ သာမန်ရလဒ်တွေနဲ့ မကျေနပ်ဖို့ဖြစ်ပါတယ်။ လူတွေအများစု ဘာတွေဖြစ်လဲဆိုတော့ တစ်ခုခုလုပ်တော့မယ်ဆိုရင် သာမန်ရလဒ်လေးတစ်ခု ရပြီဆိုရင် ငါတော်တော်ဟုတ်နေပြီဆိုပြီးတော့ ကျေနပ်နေတတ်တယ်။ အဲဒီ အခြေအနေမှာ ရပ်နေလိုက်တတ်တယ်။

တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုယ်ပဲဖြစ်ဖြစ်၊ အခြားလူတွေကပဲဖြစ်ဖြစ် မဆိုးပါဘူး ဆိုတဲ့ စကားလေးပြောရင် ကိုယ့်ဟာကို အားရရင်အားရမယ်။ မဆိုးပါဘူးဆိုတဲ့ စကားက အတိုင်းအတာတစ်ခု ချီးကျူးတဲ့စကား ဟုတ်ပေမဲ့လည်း ကိုယ့်အနေနဲ့ ကျေနပ်ရမယ့် စကားတော့မဟုတ်ဘူး။ ဆိုလိုတဲ့သဘောက ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် နားလည်ရမှာက ငါဒီထက်မက လုပ်နိုင်တယ်။ ငါဒီထက်မက ထိုက်တန်တယ်။ ငါမှာဒီထက်မက အရည်အချင်းရှိတယ်။ ငါအနေနဲ့ ငါသာလုပ်မယ်ဆိုရင် အခုထက်ကို ငါပိုပြီးတော့ လုပ်နိုင်သေးတယ်။ ဒီလိုမျိုး ခံယူချက်မျိုး ကိုယ့်မှာရှိဖို့လိုတယ်။

အဲဒီအတွက်ကြောင့် ကိုယ့်မှာရှိတဲ့ အရင်းအမြစ်တွေကို အခြေခံပြီးတော့ ကိုယ်သာအကောင်းဆုံး ကြိုးစားမယ်ဆိုရင် ကိုယ်အမြင့်ဆုံး ရနိုင်တဲ့ ရည်မှန်းချက်တွေက ဘာတွေဖြစ်မလဲ။ အမြင့်ဆုံး ရနိုင်မယ့် စံနှုန်းတွေ စံချိန်တွေက ဘာတွေဖြစ်မလဲ။ ကိုယ့်ရဲ့စံကို မြှင့်တင်ဖို့လိုတယ်။ ကိုယ်က အခြားလူတစ်ယောက်ကို တစ်ခုခုလုပ်ပေးရတော့မယ်။ တစ်ခုခု Share လုပ်ရမယ်၊ တစ်ခုခုမျှဝေရမယ်၊ တစ်ခုခုပေးရမယ်။ ဒါဆိုရင် ငါလုပ်နိုင်မယ့် အကောင်းဆုံး အခြေအနေကဘာလဲ ဒါကို ကျွန်တော်တို့က စဉ်းးစားဖို့လိုတယ်။

အဲဒီတော့ ငါရဲ့အမြင့်ဆုံးပဲလား၊ ငါဒီအခြေအနေနဲ့ ကျေနပ်လား၊ ဒီထက်ပိုပြီးတော့ ကောင်းအောင် ဘာတွေလုပ်နိုင်မလဲ ဒါလေးကို ကျွန်တော်တို့ သိဖို့လိုတယ်။ အဲဒီအတွက်ကြောင့် ကိုယ်အရင်တုန်းက ယူခဲ့ဖူးတဲ့ အမြင့်ဆုံးရလဒ်ကဘာလဲ အခြားလူတွေ ရဖူးတဲ့ အမြင့်ဆုံးရလဒ်ကဘာလဲ၊ ကိုယ့်အနေနဲ့ ဒီအခြေအနေမှာ အကောင်းဆုံးရဖို့ ငါဘာတွေလုပ်ရင် ကောင်းမလဲ။ ဒါလေးတွေကို ကျွန်တော်တို့လုပ်ရင် အများကြီး အဆင်ပြေတယ်။

ကျွန်တော်အရင်လည်း ကျွန်တော်မျှဝေဖူးလိမ့်မယ်။ အဓိကက သာမန်ကို လူတွေက ပိုက်ဆံအများကြီး ပေးလေ့မရှိဘူး။ ကျွန်တော်တို့ တော်တော်များများက ကိုယ့်ကို တစ်ခုခုပေးတယ်ဆိုရင် ကိုယ်အကောင်းဆုံးကို လိုချင်တာပဲ၊ ပိုက်ဆံဆိုရင် Professional Fee ဆိုရင် ကိုယ်များများလိုချင်တယ်၊ လစာဆိုများများလိုချင်တယ်။ ကိုယ်ပစ္စည်းတစ်ခု ရောင်းလို့ရှိရင် ဈေးကြီးကြီးနဲ့ ရောင်းနိုင်ချင်တယ်။ ဒါပေမဲ့ လူတွေက သာမန်ကို များများပေးလေ့မရှိဘူး။ ကိုယ်ကသာမန် Service ပေးတယ်၊ သာမန် Product၊ သာမန် Quality ပေးတယ်ဆိုရင် လူတွေက ကိုယ့်ကို ပိုက်ဆံများများ ပေးမှာမဟုတ်ဘူး။

ကိုယ့်ကို နေရာများများ ပေးမှာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ကိုယ်က တစ်နေရာမှာ Professional ဖြစ်နေဖို့လိုတယ်။ တစ်နေရာမှာ လုံးဝဒိတ်ဒိတ်ကြဲ ဖြစ်နေဖို့လိုတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဒီ Product ဝယ်မယ်ဆိုရင် ကိုယ့်ဆီလာရမယ်။ ကိုယ့်ဆီကို တကူးတကကို ရှာဖွေပြီးတော့ ဆက်သွယ်လာရမယ်။ တစ်ယောက်နဲ့တစ်ယောက် ရည်ညွှန်းပြီးတော့ ဒီနေရာ ဒါနဲ့ပတ်သက်ရင်တော့ ဘယ်သူဆီကိုသွားပါ။ ကိုယ့်ဆီကို သွားပါလို့ လူတွေက ရည်ညွှန်းပြောဆိုရတဲ့ အခြေအနေ တစ်ခုလောက်ထိရအောင်ကို ကိုယ်ကကြိုးစားပြီး လုပ်သွားမယ်ဆို ကိုယ်ကအများကြီး အဆင်ပြေတယ်။

အဲဒီလိုမျိုး ဖြစ်နိုင်ဖို့အတွက်ဆိုရင် ကိုယ်ကသာမန်ရလဒ်တွေနဲ့ ကျေနပ်နေလို့မရဘူး။ လိုင်းတစ်လိုင်း သေချာရွေးပြီးသွားရင် အဲဒီလိုင်းနဲ့ ပတ်သက်ပြီးတော့ တစိုက်မတ်မတ် တိုးတက်လာအောင် ကိုယ့်အနေနဲ့ လုပ်ပြီးတော့ အမြဲတမ်း၊ အချိန်တိုင်း အချိန်တိုင်းမှာ ကိုယ့်ရဲ့ Best ကို ပေးနိုင်ဖို့လိုတယ်။ ဒီနေရာမှာ ကျွန်တော်တို့က အချိန်တိုင်းမှာ Best ကိုပေးပါဆိုပြီးတော့ Best ကိုရအောင် လုပ်နေဖို့အတွက်ကို ကျွန်တော်တို့က ကိစ္စတစ်ခုကို အဆုံးမသတ်ဘဲ အလကားနေရင်း ကြာနေတာ ဒါမျိုးကို ဆိုလိုတာမဟုတ်ဘူး။ အဲဒီအချိန်မှာရှိတဲ့ ကိုယ့်ရဲ့ Best ကိုပေးလိုက်။ ဒါဆိုရင် ကိုယ့်ကို အားပေးနေတဲ့သူတွေ သူတို့ကလည်း ကိုယ့်ရဲ့တိုးတက်မှုကို သိလိမ့်မယ်။ တောက်လျှောက် ဆက်ပြီးတော့လည်း အားပေးလာကျလိမ့်မယ်။

အရေးကြီးတာက လူတစ်ယောက်က ကိုယ့်ကိုလုပ်ပေးပြီဆိုရင် လူတစ်ယောက်က ကိုယ့်ကို စေတနာအပြည့်နဲ့ အကုန်လုပ်ပေးတာလား ဒါမှမဟုတ် ရှော့ရှော့ပေါ့ပေါ့နဲ့ လုပ်ပေးတာလားဆိုတာ လူတွေကခံစားရတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဆိုရင် ကိုယ်တတ်နိုင်သမျှ ကျွန်တော်တို့ သင်တန်းတွေမှာပဲဖြစ်ဖြစ်၊ Coaching Section မှာပဲဖြစ်ဖြစ် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ခုချိန်အထိ ကျွန်တော်တို့ Breakthrough Coaching , Training & Consulting ဟာ ကျွန်တော်တို့ရဲ့ Leadership Program တွေ၊ Coaching Program တွေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဦးဆောင်နိုင်တဲ့ အခြေအနေတစ်ခုအနေနဲ့ ရပ်တည်နေလို့ရလာတယ်။

ဒီနေရာမှာ ကျွန်တော်တစ်ခုပြောချင်တာက ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ။ ကိုယ့်ရဲ့ကျန်းမာရေးက မကောင်းရင် ကိုယ့်ရဲ့ဝန်ဆောင်မှု အရည်အချင်း၊ ဒါမှမဟုတ်ရင် ကိုယ့်ရဲ့ထုတ်လုပ်မှု အရည်အချင်း ဒါတွေက ကျသွားနိုင်တယ်။ ဒါလေးကို ဂရုစိုက်ပါ။ ကျွန်တော်တို့ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ဆက်စပ်နေတဲ့ နည်းပညာတွေ၊ အခြားလေ့လာဖို့ လိုအပ်တာတွေ ဒါလေးတွေ ဖြည့်ပြီးလေ့လာပါ။

ကိုယ်ကဘယ်လောက်ပဲ အားထည့်ပြီးလုပ်လုပ် ကိုယ်သုံးနေတဲ့ နည်းလမ်းတွေ နည်းစနစ်တွေ၊ System တွေ၊ Technology တွေ ဒါတွေနိမ့်နေရင်လဲ ဘယ်လိုမှ Quality ကောင်းမှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ကိုယ်လုပ်တဲ့ အလုပ်နဲ့ပတ်သက်ပြီးတော့ မဆိုးပါဘူး သာမန်ဆိုတဲ့ အခြေအနေထက်စာရင် လုံးဝအကောင်းဆုံး အခြေအနေတစ်ခုကို ဖြစ်နိုင်အောင် ကြိုးစားပါ။ ဒီထက်ပိုပြီးတော့ ငါဘာတွေ ပိုကောင်းအောင် လုပ်နိုင်ဦးမလဲ။ ဒါလေးကို ဂရုစိုက်ကြည့်ပါ။ အဲဒီလိုဆိုရင် ကိုယ်လုပ်တဲ့ အလုပ်တွေကို လူတွေကြိုက်လာတယ်ဆိုရင် ကိုယ့်ကို လူတွေက ပိုပြီးနေရာပေးလာကျမယ်ဆိုရင် ကိုယ်လိုချင်တဲ့ မြင့်မားတဲ့ ရလဒ်တွေလဲ ရလာမှာသေချာတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial