သာမန်မဖြစ်ဖို့လိုတယ်

လုပ်ငန်းခွင်မှာ ပိုထိရောက်ဖို့ လုပ်ပိုင်ခွင့် ရချင်သူများအတွက်
August 25, 2020
ဘဝမှာ တိုးတက်လာဖို့ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်နေသူတွေ အတွက်
August 27, 2020

နေရာတကာမှာ သာမန်လောက်ပဲ ရည်မှန်းလုပ်ဆောင်ကြတာတွေ အသားကျနေတတ်ကြတယ်။

မဆိုးပါဘူး၊ လက်ခံလို့ ရပါတယ်၊ ဒီလောက်ဆို အိုကေပါတယ် စသဖြင့် လုပ်နိုင်စွမ်းကို နှိမ့်ပြီး စဉ်းစားတတ်ကြပါတယ်။

အဲဒီလိုနဲ့ အဖွဲ့အစည်းတွေမှာ

  • သာမန် မန်နေဂျာ၊
  • သာမန်ကြီးကြပ်ရေးမှူး၊
  • သာမန် Marketing သမား၊
  • သာမန် Accountant၊
  • သာမန် HR သမား၊
  • သာမန် အရောင်းသမား၊
  • သာမန် စားဖိုမှူး၊
  • သာမန် အဖျော်ဆရာ
  • သာမန် Coach
  • သာမန် Leadership Trainer

စသဖြင့် သာမန် အဆင့်လောက်နဲ့ ကျေနပ်နေသူ အများအပြားရှိနေတတ်ပါတယ်။

အဲဒီလိုပဲ

  • သာမန်ဟိုတယ်တွေ
  • သာမန်စားသောက်ဆိုင်တွေ
  • သာမန် ဝန်ဆောင်မှုလုပ်ငန်းတွေ
  • သာမန် အကြံပေးလုပ်ငန်းတွေ
  • သာမန် ဆောက်လုပ်ရေးလုပ်ငန်းတွေ
  • သာမန် ဆေးခန်းတွေ
  • သာမန် ဥပဒေအတိုင်ပင်ခံလုပ်ငန်းတွေ
  • သာမန် ကုန်ထုတ်လုပ်ငန်းတွေ
  • သာမန် ဆံပင်ညှပ်ဆိုင်တွေ
  • သာမန် အလှပြင်လုပ်ငန်းတွေ
  • သာမန် အားကစားခန်းမတွေ
  • သာမန် သင်တန်းကျောင်းတွေ

အစရှိသဖြင့် သာမန် လုပ်ငန်းတွေ အများအပြား မြင်တွေ့ရနိုင်ပါတယ်။

ဘယ်သူမဆို ဝန်ထမ်းပဲ လုပ်လုပ်၊ ကိုယ်ပိုင်လုပ်ငန်းပဲ လုပ်လုပ် ရပိုင်ခွင့်ကျတော့ များများ လိုချင်ကြတာချည်း ဖြစ်ပါတယ်။

အရေးကြီးတာကတော့ ဘယ်သူကမှ သာမန်လောက်အဆင့်ကို များများစားစားပေးလေ့မရှိဘူးဆိုတာ ဖြစ်ပါတယ်။

များများစားစား လိုချင်တာဆိုရင် ကိုယ်က စပြီး ဂျွတ်နေဖို့ လိုတယ်။ လန်ထွက်နေဖို့ လိုတယ်။

ဝန်ထမ်းတွေဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်ပြီး လူကြီးက ခိုင်းစရာရှိရင် ကိုယ့်ကို တန်းသတိရတာမျိုး ဖြစ်ဖို့ လိုတယ်။

အတတ်ပညာပိုင်းနဲ့ ပတ်သက်လာရင် ကိုယ့်ရုံးမှာ အတော်ဆုံးထက် အဲဒီအလုပ်နယ်ပယ်တစ်ခုလုံးမှာ အတော်ဆုံးဖြစ်ရမယ်ဆိုပြီး ရည်မှန်းလုပ်ဆောင်သင့်တယ်။

လုပ်ငန်းရှင်တွေလည်း လူတွေက ဒီလိုထုတ်ကုန် ဝန်ဆောင်မှုကို သုံးမယ်ဆိုတာနဲ့ ငါတို့ကို ပြေးမြင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလုပ်ကို လုပ်သင့်တယ်။

ဘယ်သူမဆို ဘယ်လုပ်ငန်းမဆို ကိုယ့်နယ်ပယ်မှာ ထိပ်ဆုံးက ၃ ဦး စာရင်းမှာ ပါဖို့အတွက် ငါတို့ဘာတွေ လုပ်ရမလဲဆိုတာကို ချိန်ဆပြီး အသည်းအသန်လုပ်ဆောင်ကြမယ်ဆိုရင် အလုပ်က သိသိသာသာ တက်လာပါလိမ့်မယ်။

သာမန်မဖြစ်ချင်ပါနဲ့။

လန်ထွက်နေအောင် လုပ်ပါ။

သင်က သွားစရာမလိုပဲ လူတွေက သင့်ကို တကူးတကလာရှာကြပါလိမ့်မယ်။

TLJ

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial