သင့်လုပ်ငန်း အိပ်မက်တွေအတွက် အားဖြစ်စေမယ့် အဆိုအမိန့် (၁) ခု

သင့်လုပ်ငန်း တိုးတက်ဖို့အတွက် သင့်ကိုယ်သင် အမြဲတမ်းမေးနေသင့်တဲ့ မေးခွန်း (၁) ခု
November 17, 2020
လုပ်ငန်းခွင်မှာ ရလဒ်ကောင်းတွေ ထွက်လာစေမယ့် အကြောင်းရင်း (၃) ခု
November 19, 2020

ဒါကတော့ Walt Disney ရဲ့ အဆိုအမိန့်ဖြစ်ပြီး “All Our Dreams Can Come True If We Have The Courage To Pursue Them.” ကျွန်တော်တို့မှာသာ အိပ်မက်တွေကို ရယူဖို့ သတ္တိရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အိပ်မက်တွေက အမှန်တကယ် ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

(၁) အိပ်မက်မက်ရဲဖို့ လိုပါတယ်။

လူတွေက ဘာဖြစ်ဖို့လိုသလဲဆိုတော့ ကိုယ့်ရဲ့လုပ်ငန်း တိုးတက်ချင်တယ်ဆိုရင် ဒါမှမဟုတ် အလုပ်အကိုင်ဘဝ တိုးတက်ချင်တယ်ဆိုရင် အိပ်မက်မက်ရဲဖို့ လိုပါတယ်။ အိပ်မက်မက်ရဲတယ်ဆိုတာ သင့်လုပ်ငန်းက တိုးတက်လာမှာ မဟုတ်တော့ဘူးဆိုတဲ့ စိတ်မျိုးရှိနေရင် ဘယ်လိုမှ တိုးတက်လာမှာ မဟုတ်တဲ့အတွက် သင့်ရဲ့ လုပ်ငန်းဝင်ငွေကို နှစ်ဆဖြစ်ချင်သလား၊ သုံးဆလား၊ ငါးဆလား၊ ဘယ်လောက်အထိ ဖြစ်နိုင်မယ်လို့ သင်ထင်သလဲ၊ သင့်ရဲ့ လုပ်ငန်းအမျိုးအစားကရော ဘယ်လောက်အထိ ဖြစ်နိုင်သလဲဆိုတဲ့ ဖြစ်နိုင်တဲ့ အတိုင်းအတာကို ကျွန်တော်တို့က အိပ်မက်မက်ရဲဖို့ လိုပါတယ်။ အိပ်မက်မက်ရဲမှပဲ နောက်ဆက်တွဲ ကိစ္စတွေကို ကျွန်တော်တို့က ဆက်ပြီးလုပ်လို့ရမယ်။

(၂) လေ့လာသင်ယူဖို့ လိုပါတယ်။

လေ့လာသင်ယူတယ်ဆိုတာ သင်လိုချင်တဲ့ ရည်မှန်းချက်တွေကို တကယ်ဖြစ်လာအောင် ကျွန်တော်တို့က ဘာတွေကို သိဖို့လိုသလဲ၊ ဘာတွေကို တတ်ဖို့လိုသလဲ၊ ဘယ်လို လေ့လာသင်ယူလို့ရသလဲ ဆိုတာတွေကို လေ့လာသင်ယူလို့ရပါမယ်။

(၃) သင် လေ့လာထားတာတွေကို ပြန်ပြီး အသုံးချဖို့ လိုပါတယ်။

လူတွေက လေ့လာသင်ယူပြီး အမှန်တကယ် အသုံးမချဘူးဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လေ့လာသင်ယူထားတာတွေကို အမှန်တကယ် အကျိုးရှိဖို့အတွက် လုပ်ငန်းခွင်မှာ ပြန်ပြီးအသုံးချဖို့ လိုအပ်ပါတယ်။

(၄) အလုပ်လုပ်လို့တဲ့အခါ သင့်ရဲ့အားအင်တွေနဲ့ အသားကုန် ကြိုးစားပြီး လုပ်ဖို့လိုပါတယ်။

သင်က လျှော့ပြီး လုပ်နေမယ်ဆိုရင် သင့်ရဲ့ အိပ်မက်တွေက အမှန်တကယ် ဖြစ်လာတာကို မြင်ရမှာ မဟုတ်ပါဘူး။ သင့်ရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာဖို့ ဘာလုပ်သင့်သလဲဆိုရင် သင်လုပ်နိုင်စွမ်း ရှိသလောက် အသားကုန် လုပ်ရပါမယ်။

(၅) ဇွဲရှိဖို့ လိုပါတယ်။

သင်လိုချင်တဲ့ ရလဒ်တွေကို ချက်ချင်းမြင်ရမှာ မဟုတ်ဘူး။ အဲဒီတော့ အိပ်မက်တွေကို တကယ်ဖြစ်လာတာ မြင်ချင်တယ်ဆိုရင် ဇွဲမလျှော့ဘဲ တောက်လျှောက် လုပ်ဖို့လိုပါတယ်။ သင်က နဲနဲလောက် လုပ်ပြီးတာနဲ့ လက်လျှော့လိုက်မယ်၊ ဆက်မလုပ်တော့ဘူးဆိုရင် လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ပြောင်းလို့ ဆုံးမှာ မဟုတ်တော့ပါဘူး။ လုပ်ငန်း တစ်ခုကို လုပ်တဲ့အခါ အချိန်တစ်ခုပေးပြီး လုပ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဇွဲ မလျှော့ဖို့ လိုပါတယ်။ ရည်မှန်းချက်တစ်ခု ချပြီးရင် အဲဒီလမ်းကြောင်းကလည်း မှန်တယ်လို့ထင်ပြီး လေ့လာတယ်၊ သင်ယူတယ်၊ အသုံးချတယ် ဆိုရင်တော့ ဇွဲကိုမလျှော့ဘဲ အသားကုန် ဆက်ပြီးကြိုးစားနေဖို့ လိုပါတယ်။

(၆) တိုင်ပင် ဆွေးနွေးဖို့အတွက် Coach တစ်ယောက် ရှိသင့်ပါတယ်။

တိုင်ပင် ဆွေးနွေးဖို့ Coach တစ်ယောက် ရှိသင့်တယ် ဆိုတဲ့နေရာမှာ တကယ်လို့ သင်က Coach မငှားချင်သေးရင်လည်း Consultant လိုမျိုးကို ငှားလည်း ရပါတယ်။ အရေးကြီးတဲ့အချက်က တိုင်ပင် ဆွေးနွေးဖို့ Professional တစ်ယောက်လောက် ရှိဖို့ လိုအပ်ပါတယ်။ ဥပမာ ကျွန်တော်ဆိုရင် Business Coach တစ်ယောက်ရှိတယ်။ ကျွန်တော့်ရဲ့ Mindset တွေနဲ့ ပတ်သက်ပြီး လိုအပ်သလို တည့်မတ်ပေးမယ့် Coach တစ်ယောက်လည်း ရှိပါတယ်။ အဲဒီလို သူတို့နဲ့ တိုင်ပင်တဲ့အတွက် ကျွန်တော့်မှာ အတွေးအခေါ်တွေ လွဲနေတဲ့အခါ၊ ကျွန်တော့်မှာ Negative တွေ များနေတဲ့အခါ၊ လုပ်ချင်တာတွေများပြီး ကျွန်တော့်မှာ ဗျာများနေတဲ့အခါဆိုရင် သူတို့နဲ့ တိုင်ပင်လိုက်တဲ့အတွက် အများကြီး ပိုပြီးအဆင်ပြေသွားတယ်။ ပိုပြီး တည့်မတ်သွားပါတယ်။

ဒါကြောင့် Walt Disney ရဲ့ အဆိုအမိန့်က ဘာပြောသလဲဆိုရင် ကျွန်တော်တို့မှာသာ အိပ်မက်တွေကို ရယူဖို့ သတ္တိရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အိပ်မက်တွေက တကယ်ကို ဖြစ်လာနိုင်ပါတယ်။ အဲဒီအတွက် မိတ်ဆွေတို့အားလုံးအနေနဲ့ သင့်ရဲ့ အိပ်မက်တွေကို မက်ရဲဖို့ သတ္တိရှိပါ၊ ရယူရဲဖို့လည်း သတ္တိရှိပါလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial