သင့်လုပ်ငန်း တိုးတက်ဖို့အတွက် သင့်ကိုသင် မေးသင့်တဲ့ မေးခွန်း (၅) ခု

သင့်ပါတနာရဲ့ လိုလားချက်ကို သိရှိရန် အရေးကြီးရသည့် အကြောင်းအရင်း (၄) ခု
December 12, 2020
သင့်လုပ်ငန်း အောင်မြင်မှုအတွက် မဖြစ်မနေ အာရုံစိုက်သင့်တဲ့ အရာ (၄) ခု
December 14, 2020

(၁) ငါအခု ဘယ်နေရာကို ရောက်နေတာလဲ။

လူတစ်ယောက်က ကိုယ်အခု ဘယ်နေရာကို ရောက်နေတာလဲဆိုတာ ပြန်ပြီး ဆန်းစစ်မှု မရှိဘဲနဲ့ ဘယ်သွားချင်တာလဲဆိုတာ ဘယ်လိုမှ ဆုံးဖြတ်လို့ ရမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းက Performance အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကို လေ့လာဆန်းစစ်ဖို့ လိုတယ်။ အဲဒီတော့ ကိုယ်အခု ဘယ်နေရာ ရောက်နေတာလဲ၊ ကိုယ့်လူတွေက ဘယ်နေရာ ရောက်နေတာလဲ၊ ကိုယ့်အဖွဲ့အစည်းက ဘယ်နေရာ ရောက်နေတာလဲ၊ ဘယ်နေရာမှာတော့ တိုးတက်ဖို့ လိုနေတာလဲ။ ဒါလေးတွေ ပြန်ပြီး လေ့လာဆန်းစစ်ကြဖို့ လိုတယ်။

(၂) ငါဘယ်နေရာကို သွားချင်တာလဲ။ ဘာကြောင့်လဲ။

ကိုယ်သွားချင်တဲ့ နေရာ ရှိလိမ့်မယ်။ ကိုယ်လိုချင်တဲ့ Result တွေရှိမယ်။ ကိုယ်လက်ရှိ ဘယ်နေရာမှာ ရောက်နေလဲဆိုတာသိရင် ပြန်ပြီးတော့ ဆန်းစစ်နိုင်ရင် ဘာတွေ အားနည်းလဲဆိုတာ သိသွားတယ်။ ဘာဖြစ်ချင်တာလဲဆိုတာ သေချာသတ်မှတ်ပြီးရင်တော့ အမြင်ရှင်းလင်းမှုလို့ခေါ်တဲ့ Clarity ရသွားတယ်။ ဘာကြောင့် သွားနေတာလဲ သိရင် Highest Purpose မြင့်မားတဲ့ ရည်ရွယ်ချက်တွေကိုပါ နားလည်လာရင် အလုပ်တွေမှာ အများကြီး ပိုပြီးအဓိပ္ပါယ်ရှိရှိ လုပ်လာနိုင်တယ်။

(၃) ငါရှိနေတဲ့နေရာကနေ သွားချင်တဲ့နေရာကို သွားဖို့အတွက် ဘယ်အရာတွေက တားဆီးထားတာလဲ။ အဲဒါတွေကို ဘယ်လိုဖြေရှင်းရမလဲ။

ကိုယ်က လက်ရှိတစ်နေရာမှာ ရှိမယ်။ အဲဒီကနေ နောက်တစ်နေရာကို သွားချင်တယ်။ သူဘာဖြစ်လို့ သူသွားချင်တဲ့နေရာကို ဘာဖြစ်လို့ ရောက်နေပြီးသား ဖြစ်မနေရတာလဲ။ ဘယ်အရာတွေက တားဆီးထားတာလဲ။ တားဆီးတယ်ဆိုတာ (၂) မျိုး ဖြစ်နိုင်တယ်။ တစ်မျိုးက Internal ဖြစ်နိုင်တယ်။ တစ်မျိုးက External ဖြစ်နိုင်တယ်။ Internal ဆိုတာ သူ့ရဲ့အတွေးတွေ၊ သူရဲ့ Belief တွေ ဒါတွေကသူ့ကို တားထားတာ ဖြစ်နိုင်သလို External ကျတော့ သူ့မှာ ဘာမရှိလို့ ညာမရှိလို့ သူ့ကို ကူညီပေးမယ့်သူ မရှိလို့ ဝန်ထမ်းတွေ မရှိလို့ စနစ်မကျလို့ ဒါမျိုးတွေ ဖြစ်နိုင်တယ်။ အဲဒါတွေကို စာရင်းပြုလုပ်ပြီးတော့ ဒါတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို သူ့အနေနဲ့ အဖြေရှာဖို့ လိုတယ်။

(၄) ငါရှိနေတဲ့နေရာကနေ သွားချင်တဲ့ နေရာကိုသွားဖို့အတွက် ဘယ်သူတွေက ကူညီပေးနိုင်မလဲ။

လူတစ်ယောက်က ကိုယ်လက်ရှိကြုံနေရတဲ့ အခက်အခဲတွေ၊ အဆင်မပြေတာတွေက အရင်ကြုံဖူးတဲ့လူတွေ ဖြေရှင်းပြီးသား လူတွေရှိခဲ့လိမ့်မယ်။ ကိုယ်သွားချင်တဲ့ နေရာကို ရောက်နေပြီးသား လူတွေကို ကိုယ်က သိအောင်လုပ်ပြီးတော့ သူတို့ဆီကနေ အကူအညီတောင်းမယ်။ ကိုယ်သိချင်တာလေးတွေ၊ မေးသင့်တာလေးတွေ သွားမေးမယ်ဆိုရင် ကိုယ့်ဟာကိုယ် ပုံမှန်သွားရင် (၅)နှစ်လောက် သွားရမှာကို (၅) လလောက်နဲ့ ရောက်နိုင်တာမျိုး ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။

(၅) အခုချက်ချင်း ဘာကိုစလုပ်သင့်လဲ။

စလုပ်မယ့် Action (၃)ချက်ကနေ (၁၀)ချက်လောက်ရေးပါ။ ပြီးရင် ရက်စွဲတွေတပ်။ လုပ်စရာရှိတာတွေ စပြီးတော့ လုပ်သင့်တယ်။ ပြီးရင်တော့ ရလာတဲ့ ရလဒ်တွေအပေါ် မူတည်ပြီးတော့ ကိုယ့်ရဲ့တိုးတက်မှု၊ အားနည်နေတဲ့ အချက်လေးတွေ ပြန်သုံးသပ်ပြီးတော့ လိုအပ်သလို ပြုပြင်သွားရင် လုပ်ငန်း သိသိသာသာ တိုးတက်သွားဖို့ အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial