သင့်လုပ်ငန်း၊ အဖွဲ့အစည်း ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဘာတွေလုပ်သင့်သလဲ

ဦးဆောင်သူတစ်ဦးအနေနှင့် ဘဝမှာ အောင်မြင်မှုကို ရရှိချင်တယ်ဆိုရင် စွန့်လွှတ်ရမယ့် အချက် (၉) ချက်
August 29, 2020
အနာဂတ်တွင် ဦးဆောင်သူဖြစ်လိုတဲ့လူငယ်တွေ ဒီနေ့ လုပ်သင့်တဲ့ အချက် ၉ ချက်
August 31, 2020

သင့်လုပ်ငန်း၊ အဖွဲ့အစည်း ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဘာတွေလုပ်သင့်သလဲ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

စစ်မှန်တဲ့ ခေါင်းဆောင်မှုအရည်အချင်းဟာ သင့်စီးပွားရေး၊ အလုပ်အကိုင်နဲ့ ဘဝကိုသာမက သင့်ပတ်ဝန်းကျင်ကသူများရဲ့ အလုပ်အကိုင်နဲ့ ဘဝကိုပါ ပြောင်းလဲစေနိုင်ပါတယ် …

သင့်လုပ်ငန်းနဲ့ ဘဝမှာ ဒီလက္ခဏာ ၉ ချက်ထဲက ဘယ်အချက်တွေ ရှိနေလဲ …

၁။ သင့်လုပ်ငန်း/ အလုပ်အကိုင်တိုးတက်မှုရပ်တန့်နေတယ် …

၂။ အလုပ်မှာ ရောင်းအားလည်း မကောင်းဘူး …

၃။ အတိတ်က ဆုံးရှုံးခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် နောက်ထပ်ဘာမှ ဆက်မလုပ်ချင်ဘူးဖြစ်နေတယ် …

၄။ သင့်ဘဝမှာ အရာရာကို အလိုမကျဖြစ်ပြီး အရှုံးပေးချင်စိတ်ရှိနေမယ် …

၅။ သင့်ဝန်ထမ်းတွေ၊ သင့်မိသားစုဝင်တွေ၊ သင့်ပါတနာတွေကို သင့်စကားနားထောင်လာအောင် ဘယ်လိုပြောရ ဆိုရမယ်ကို မသိဘူး ဖြစ်နေတယ် …

၆။ သင့်မှာ သင့်ကိုယ်စား လုပ်ဆောင်ပေးနိုင်တဲ့ ဝန်ထမ်းများ မရှိတာကြောင့် အလုပ်တာဝန်အားလုံးဟာ သင့်ပုခုံးပေါ်မှာပဲ ကျရောက်နေတယ် …

၇။ အလုပ်တာဝန်တွေ များလွန်းတာကြောင့် မိသားစုနဲ့ သာရေး နားရေး ကိစ္စရပ်တွေ အတွက်တောင် အချိန်မပေးနိုင်ဖြစ်နေတယ် …

၈။ သင့်လုပ်ငန်းမှာ ဝန်ထမ်းအဝင်အထွက်များနေမယ် …

၉။ စီးပွားရေးလုပ်ငန်း၊ အလုပ်အကိုင်နဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် စိတ်ဆန္ဒပြင်းပြင်းပြပြ ရှိပေမယ့် ဘယ်ကစလုပ်ရမှန်း မသိဘူး ဖြစ်နေတယ် …

အဲဒီအချက် ၉ ချက်ထဲက အနည်းဆုံးတစ်ခုဟာ သင်နဲ့ တိုက်ဆိုင်နေတယ်ဆိုရင် အဲဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

စီးပွားရေးလုပ်ငန်းရှင်တော်တော်များများ၊ Senior Executive များ အပါအဝင် လူတော်တော်များများဟာ ဒီလိုအခြေအနေတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

Dr. John C. Maxwell ရဲ့ အဆိုအရ အရာအားလုံးဟာ ခေါင်းဆောင်မှုအပေါ်မှာ မူတည်ပြီး မြင့်တက်ကြ၊ နိမ့်ကျကြပါတယ်။

အဲဒါကြောင့် သင့်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းကို မြင့်တက်လာအောင် လုပ်ရပါမယ် …

အဲဒီခေါင်းဆောင်မှုကို စာသဘောမဟုတ်ပဲ လက်တွေ့ကျကျ လေ့လာနိုင်ပြီဆိုရင် အထက်မှာ ပြောခဲ့တဲ့ အခက်အခဲတွေကို သင်ဖြေရှင်းဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့ သဘောပါပဲ။

ဒါ့အပြင် သင်အဲဒါတွေကိုသာ လုပ်ပြီဆိုရင် သင့်နောက်ကိုဆန္ဒအလျောက်လိုက်ပါ လုပ်ဆောင်သူတွေ ရှိလာပါလိမ့်မယ်။

နယ်ပယ်အသီးသီးမှာ ဘယ်လိုလူမျိုးတွေရဲ့ ဦးဆောင်မှုကို လူတွေ နာခံချင်ကြလဲ ဆိုတာ သင်လေ့လာမှတ်သားဖူးတယ်ဆိုတာ ကျွန်တော်သိပါတယ်။

ကျွန်တော့်ရဲ့ Mentor ဖြစ်တဲ့ John C. Maxwell က ပြောပါတယ်။

Transformational Leader တွေဟာ

* အခြားလူတွေ မမြင်တဲ့အရာတွေကို မြင်တယ်။
* အခြားလူတွေ မပြောတာတွေကို ပြောတယ်။
* အခြားလူတွေ မယုံကြည်တာတွေကို ယုံကြည်တယ်။
* အခြားလူတွေ မခံစားတာကို ခံစားတယ်။
* အခြားလူတွေ မလုပ်တာတွေကို လုပ်တယ်။

အကယ်၍ သင်ဟာ လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ကိုယ့်အဖွဲ့အစည်းကို တိုးတက်ပြောင်းလဲစေချင်တယ်ဆိုရင် ဒါမှမဟုတ် သင်ဟာ Senior Manager တစ်ဦးအနေနှင့် လုပ်ငန်းရှင်များကို ကူညီပြီး သင့်ဝန်ထမ်းများနှင့်အတူ သင်ကိုယ်တိုင်ရော၊ အဖွဲ့အစည်းကိုပါ တိုးတက်စေချင်တယ်ဆိုရင် တိုးတက်ပြောင်းလဲစေသော ခေါင်းဆောင်မှု (Transformational Leadership) ကို လက်တွေ့ကျကျ လေ့လာသင်ယူပြီး လိုက်ပါ လုပ်ဆောင်သင့်ပါတယ်။

အပေါ်က အချက်တွေကို ပြန်ဖတ်ပါ။ ပြီးရင် ကိုယ်နဲ့ အကိုက်ညီဆုံး အချက် ၃ ချက်ကို ရွေးပါ။ အဲဒီတစ်ချက်ချင်းကို အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတွေကို ချရရေးပါ။ လုပ်မယ့် ရက်စွဲပါ တက်ပါ။ စလုပ်ပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial