ကျွန်တော်တို့မှာ လုပ်ငန်းတစ်ခု လုပ်တဲ့အခါ ပြိုင်ဘက်တွေမရှိရင် အမြင့်ရောက်မှာ မဟုတ်ဘူး။ ပြိုင်ဘက်တွေက ရှိနေပြီးသားလည်း ဖြစ်ရင်ဖြစ်မယ်။ အသစ် ထပ်ဝင်လာတာတွေလည်း ဖြစ်ရင်ဖြစ်မယ်။ သင့်လုပ်ငန်းက ပြိုင်ဆိုင်နိုင်မှုနှိမ့်ရင် ဈေးကွက်မှာ နှိမ့်သွားတာမျိုးတွေ ရှိနိုင်တယ်။ အဲဒီအတွက် သင့်ရဲ့ လုပ်ငန်းနဲ့ တစ်ယောက်ချင်းစီတိုင်းမှာ ပြိုင်ဆိုင်နိုင်စွမ်း မြှင့်ဖို့လိုတယ်။ အဲဒီလိုမျိုး ဖြစ်ဖို့ဆိုရင် အခုဆက်ပြီး မျှဝေမယ့် အချက်လေးတွေက အကျိုးပြုမယ်လို့ ထင်ပါတယ်။
(၁) သင့်ရဲ့ ဖောက်သည်တွေက ထုတ်ကုန်ဝန်ဆောင်မှုကို ဝယ်မယ်ဆိုရင် ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်တွေကို စာရင်းပြုစုပါ။
သင်က လက်ဖက်ရည်ဆိုင် ဖွင့်ထားတယ်ဆိုရင် သင့်ဆိုင်မှာ ထိုင်တဲ့ Customer တွေက ဘာတွေကို ထည့်သွင်း စဉ်းစားလည်းဆိုတာကို စဉ်းစားပါ။ (၁)က ဘာလဲ၊ (၂)ကဘာလဲ၊ (၃)က ဘာလဲ စဉ်းစားပါ။ ကိုယ်ရောင်းတဲ့ ကုန်စည် ဝန်ဆောင်မှုကို ဝယ်တော့မယ်ဆိုရင် လူတွေက ဘာတွေကို အခြေခံပြီး စဉ်းစားလဲ။ ဥပမာ ကျွန်တော်တို့လို သင်တန်းတွေဆိုရင် ဘယ်နေရာက အသိအမှတ်ပြုတယ်ဆိုတာကို အခြေခံလား၊ ကုန်ကျစရိတ်လား၊ ထိရောက်မှုလား တကယ်ကို တိုးတက် ပြောင်းလဲနိုင်မှုလား။ ဒါမှမဟုတ် အချိန်လားဆိုတဲ့ Content တွေကို အခြေခံပြီး ထိပ်ဆုံးက (၅) ချက် (၁၀) ချက်ကို အခြေခံပြီး ပြုစုပေးရမယ်။
(၂) သင်နဲ့ Direct Competitors များ စာရင်း ပြုစုရမယ်။
သင့်ရဲ့ ကုန်ပစ္စည်းနဲ့ တိုက်ရိုက်တူတဲ့ပစ္စည်း ဒါမှမဟုတ် တော်တော်များများတူတဲ့ ပစ္စည်းကို ရောင်းနေတဲ့ Competitors တွေကို စာရင်းပြုစုပါ။
(၃) ဖောက်သည်တွေက ဝယ်မယ်ဆိုရင် အဓိကထားတဲ့ အချက်မှာ သင်နဲ့ သင့်ပြိုင်ဘက်တွေကို ယှဉ်ပြီး အမှတ်ပေးဖို့ လိုတယ်။
ဆိုလိုတာက သင့်လုပ်ငန်းရဲ့ ဝန်ဆောင်မှုကို ၁ ကနေ ၁၀ ထိပေးရမယ်ဆိုရင် ဘယ်လောက်ပေးမလဲ။ Competitor A ရဲ့ ဝန်ဆောင်မှုက အမှတ်ဘယ်လောက်။ ဈေးနှုန်းမှာဆိုရင်လည်း တကယ်ကို သက်သာလွန်းတယ်ဆိုရင် ၁၀ ပေးပါ။ တကယ်ကို ဈေးကြီးလွန်းတယ် ဆိုရင်လည်း ၁ မှတ်။ Competitor A ကဘယ်လောက်၊ B ကဘယ်လောက်၊ C ကဘယ်လောက်။ တစ်ခုခုမှာရင် မြန်မြန်ဆန်ဆန် ပို့ပေးနိုင်လား။ အဲဒါမျိုးကို Competitor က ဘယ်လောက် ကိုယ်ကဘယ်လောက် အဲဒီလိုမျိုးတွေကို ဇယားချ အမှတ်ပေးပြီးရင် သင့်ရဲ့ အမှတ်အခြေအနေ နဲ့ Competitor A,B,C ရဲ့ အမှတ်အခြေအနေတွေကို ယှဉ်ကြည့်ပါ။
(၄) ဘာလုပ်နိုင်မလဲဆိုတော့ သင်အားသန်တဲ့ နေရာတွေကို ဖိပြီးလုပ်မယ်ဆိုရင် အဆင်ပြေနိုင်တယ်။
သင်အားနည်းတဲ့ အရာတွေကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုမရှိအောင် အားနည်းတဲ့ နေရာတွေကိုလည်း တိုးတက်လာအောင် လုပ်ရမယ်။ သင့်ဝန်ထမ်းတွေက ဘယ်နေရာတွေမှာ အားနည်းနေတာလဲ။ သင့်လုပ်ငန်းရဲ့ ပြိုင်ဆိုင်နိုင်မှုက ဘယ်မှာ အားနည်းနေတာလဲ။ ကျွန်တော်တို့ ဘယ်လောက်လောက်ထိ မြှင့်လို့ရမလည်း အားစိုက်သင့်တဲ့ နေရာတွေကို အားစိုက်မလဲ။ ပြီးရင် သင်ကျွမ်းကျင်တဲ့ နေရာတွေကို ဖိပြီးကြော်ငြာမယ်ဆိုရင် Competitors တွေက သင်အားသန်တဲ့ နေရာမှာ သူတို့ အားသန်တာ ဖြစ်ရင်ဖြစ်မယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အားသန်ပါတယ်ဆိုတာကို ပြထားရင် Customer တွေက ဒီလုပ်ငန်း ဒါနဲ့ပတ်သက်လာရင် သူတို့က ဒီလောက်တောင် ကောင်းနေတာပဲဆိုပြီး သင့်ဆီက အားပေးလိမ့်မယ်။ အဲဒီအတွက် သင်အားသန်တာတွေကို အားစိုက်ပြီးလုပ် အားနည်းတဲ့ နေရာတွေကိုလည်း ကာထားမယ်ဆိုရင် လုပ်ငန်းရဲ့ ပြိုင်ဆိုင်နိုင်မှုနဲ့ ရောင်းအား ဝင်ငွေတွေ များလာမယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။
Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
naingwinaungceocoach
naingwinaungexecutivecoach
Leadership #Coaching #Transformation
NLP #Breakthrough
Breakthrough_Coaching_Myanmar
Make_Myanmar_A_Better_Place