သင့်လက်အောက်မှာ မှန်ကန်တဲ့ ခံယူချက်ရှိတဲ့ လက်ထောက် ခေါင်းဆောင်တွေ ပျိုးထောင်နိုင်ဖို့ အကြံပြုချက် (၅) ချက်

သင်ကိုယ်တိုင်ရဲ့ လုပ်ငန်းဦးဆောင်မှု အမှားတွေကနေ သင်ယူသင့်တဲ့ အကြောင်းရင်း (၄) ခု
September 14, 2020
ဦးဆောင်သူတွေ အနေနဲ့ တစ်စုံတစ်ခုကိုလုပ်ဖို့ကြောက်နေတဲ့ အချိန်မှာ လုပ်လို့ရနိုင်တဲ့ အချက် (၅) ချက်
September 16, 2020

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းကို ဦးဆောင်တဲ့အခါမှာ လက်အောက်က လူတွေမပါဘဲနဲ့ အလုပ်အများကြီး မပြီးနိုင်ဘူး။ လူတွေမှာက တစ်ရက်မှာ ၂၄ နာရီရှိပြီး အဲဒီအချိန်တွေမှာ အလုပ်လုပ်တဲ့ အချိန်တွေရှိသလို နားတဲ့အချိန်တွေလည်း ရှိတယ်။ အဲဒီအတွက်ကြောင့် ကိုယ့်လက်အောက်က လူတွေကလည်း အလုပ်လုပ်တဲ့ အခါမှာ ထိထိရောက်ရောက်ဖြစ်အောင် လုပ်တက်ကြဖို့လိုတယ်။

ကိုယ့်ရဲ့လက်အောက်မှာ ထိထိရောက်ရောက် ဦးဆောင်နိုင်တဲ့သူတွေကို ထားနိုင်တော့မှ ဆိုင်ခွဲတွေကို ဖွင့်ရတာ အဆင်ပြေမယ်။ ကိုယ်ကနေရာတွေခွဲပြီး နောက်ထပ်စစ်မျက်နှာ အသစ်တွေ ဖွင့်လို့ရမယ်။ လက်ထောက်ခေါင်းဆောင်တွေ ပျိုးထောင်ပေးဖို့က အရမ်းကို အရေးပါတယ်။ လက်ထောက်ခေါင်းဆောင်တွေကို ပျိုးထောင်တဲ့နေရာမှာ အရမ်းကိုအရေးကြီးတဲ့ အချက်(၅)ချက်ကို မျှဝေသွားမှာ ဖြစ်ပါတယ်။

(၁) ကိုယ်ကိုယ်တိုင်က မှန်ကန်တဲ့ သဘောထားရှိရမယ်။

လက်ထောက် ခေါင်းဆောင်တွေ ပျိုးထောင်ချင်ပေမယ့် ကိုယ်ကိုယ်တိုင်က အရှေ့ကနေ စံပြမဖြစ်ဘူး။ ကိုယ်ကိုယ်တိုင်က မှန်ကန်တဲ့ စိတ်နေသဘောထား မရှိဘူးဆိုရင် သူတို့ကို သွားသင်ပေးတဲ့ အခါမှာလည်း အဆင်ပြေမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ Believe တွေ ခံယူချက်တွေကို စစ်ဆေးကြည့်ပြီးတော့ ဒါတွေက မှန်ရဲ့လားဆိုတာကို သိဖို့လိုတယ်။

(၂) ကိုယ်ကိုယ်တိုင်က ကောင်းတဲ့သဘောထားတွေကို စံနမူနာပြ လုပ်ဖို့လိုတယ်။

ကောင်းတာတွေကို သိတယ်။ ဒါပေမယ့် မလုပ်ဘဲ မင်းတို့တော့ ဒါတွေကောင်းတယ် လုပ်ကြဆိုပြီး သွားပြောတာက အဓိပ္ပါယ်မရှိဘူး။ သိပြီးရင် လုပ်ရမယ်။ မလုပ်ဘဲနဲ့ အဆင်မပြေဘူး။ ခေါင်းဆောင်တစ်ယောက်က ဘယ်ကိုသွားရမလဲဆိုတဲ့ လမ်းကိုသိပြီး ကိုယ်တိုင်ကလည်း သွားနေတဲ့သူ ဖြစ်ရမယ်။ ဒါက John C Maxwell ရဲ့ အဆိုအမိန့် တစ်ခုဖြစ်တယ်။ ကိုယ်ကိုယ်တိုင်က သွားပြမှ သူတို့ကလည်း အနောက်က လိုက်လာမှာဖြစ်တယ်။

(၃) အမှားအမှန်ကို သူတို့ဝေဖန်ပိုင်းခြားနိုင်အောင် သင်ပေးရမယ်။

အမှား အမှန်ကိုသိရမယ်။ ဘာကြောင့်လည်းဆိုရင် အငယ်တွေက ရာထူးရတော့မယ် နေရာရတော့မယ်ဆိုရင် အယူလွဲသွားနိုင်တယ်။ ဘဝင်မြင့်သွားနိုင်တယ်။ တစ်လွဲတွေ လုပ်သွားနိုင်တယ်။ သူသူ ကိုယ်ကိုယ် လူငယ်ဘဝက ကြီးလာတာပဲ။ အဲဒီအတွက်ကြောင့် သူတို့ကို ဘယ်ဟာမှားတယ် ဘယ်ဟာမှန်တယ် ဆိုတာကို သင်ပြပေးမှသာ သူတို့အနေနဲ့ သိလာမှာ ဖြစ်တယ်။ သူ့အလိုလို သိနေမယ်လို့ မယူဆင့်ဘူး။

(၄) မှန်ကန်တဲ့ အတွေးအခေါ်တွေကို သိလာအောင် စာအုပ်တွေဖတ်ခိုင်း၊ သင်တန်းတွေတက်ခိုင်းပြီး လေ့လာခိုင်းရမယ်။

တစ်ချို့ကိစ္စတွေက ကိုယ်ကိုယ်တိုင် သင်ကြားပေးလို့မရဘူး။ ကိုယ်က Trainer မဟုတ် Coach မဟုတ်တဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေက အဲဒါကြောင့် အချိန်ယူနေလို့ မရဘူး။ မလုပ်လို့လည်း မရဘူး။ အဲဒါကြောင့် ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဝယ်ပါ။ ဖတ်ခိုင်းပါ။ နယ်ပယ်အသီးသီးမှာ သင်ကြားတဲ့ ဆရာတွေရှိတယ်။ ခေါင်းဆောင်မှုက တစ်ခုထဲ လေ့လာရုံနဲ့ ပြီးတဲ့အရာ မဟုတ်တဲ့အတွက်ကြောင့် ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ သင်တန်းလေးတွေ ထားပေးသင့်တယ်။

ကျွန်တော်ဆိုရင် ကျွန်တော့်ရဲ့ Team Member တွေကို US ထိလွှတ်တယ်။ စင်္ကာပူ၊ ဘန်ကောက်၊ မလေးရှား လိုအပ်တဲ့ နေရာတွေကို သွားခိုင်းတယ်။ ကျွန်တော့်လူတွေ တန်ဖိုးရှိတယ်ဆိုတာကို ကျွန်တော်သိတယ်။ ဒီမှာရှိတဲ့ မိတ်ဆွေတွေကိုလည်း လုပ်ဖို့တိုက်တွန်းချင်တယ်။

(၅) သူတို့ရဲ့ လုပ်ရက်တွေမှာ မှန်တာလေးတွေရှိရင် ချီးကျူးပေးပါ။

သာမန်လေးတွေ လုပ်တဲ့သူအပေါ်မှာတောင် ကောင်းတဲ့ အားပေးမှုလို့ခေါ်တယ်။ အဲဒီအခါမှာ ကျန်တဲ့သူတွေကလည်း ဒါတွေလုပ်တဲ့အခါမှာ ငါတို့ ချီးကျူးခံရမှာပါလားဆိုတဲ့ အတွေးရောက်သွားတဲ့ အတွက်ကြောင့် လိုက်လုပ်ကြမှာ ဖြစ်တဲ့အတွက် Leadership Development ကို အားပေးရာရောက်တယ်။ ပံ့ပိုးပေးရာ ရောက်တယ်။

အဲဒါကြောင့် ခေါင်ဆောင်မှုကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆိုရင် ကိုယ်တစ်ယောက်ထဲ တတ်နေလို့မရဘူး။ ကိုယ့်ရဲ့ လက်အောက်က လက်ထောက်ခေါင်းဆောင်တွေပါ တိုးတက်နေရမယ်။ အဲဒီလို တိုးတက်ဖို့ ကျွန်တော်အရှေ့က ပြောခဲ့တဲ့အချက်တွေက အများကြီး အထောက်အကူပြုမယ် လို့ယုံကြည်ပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial