သင့်ရဲ့ မကောင်းတဲ့ အတွေးတွေကို ဖယ်ရှားနိုင်ဖို့ ကျွန်တော်ပေးနိုင်တဲ့ အကြံပြုချက် (၇) ချက်

သင့်ရဲ့ မကောင်းတဲ့ခံယူချက်တွေကို စွန့်လွှတ်နိုင်ဖို့ အကောင်းဆုံးမဟာဗျူဟာ (၇) ခု
September 20, 2020
ခေါင်းဆောင်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်း (၇) ခု
September 22, 2020

မကောင်းတဲ့ အတွေးတွေဆိုတာ သူသူကိုယ်ကိုယ် ဝင်လာတတ်တယ်။ ကျွန်တော်တို့မှာလည်း
ရှိတာပဲ။ ဒါပေမယ့် အဲဒီအတွေးတွေ ဝင်လာတဲ့အခါမှာ ဖျောက်ဖို့အတွက် လျော့သွားဖို့အတွက်ကို
ကျွန်တော်တို့အနေနဲ့ သိထားပြီးတော့ သတိမထားမိတာလေးတွေ ဖြစ်တယ်။
(၁) ကိုယ့်ဘဝမှာ ဘာတွေအရေးကြီးလဲဆိုတာ သိရမယ်။
လူတစ်ယောက်က ကိုယ့်ဘဝမှာ ဘာအရေးကြီးလဲ ဆိုတာကိုမသိရင် အဲဒီအခါမှာ မလိုလားအပ်တဲ့
အတွေးတွေဝင်နိုင်တယ်။ အဲဒီအတွက်ကြောင့် ကိုယ့်ဘဝမှာ ဘာအရေးကြီးလဲ။ ကိုယ့်ရဲ့ Business
မှာ ဘာအရေးကြီးလဲ။ ကိုယ့်ရဲ့ Life မှာ ဘာအရေးကြီးလဲ။ မိသားစုလား တရားထူးရဖို့လား
ပညာရေးနဲ့ပတ်သက်ပြီး မြင့်တက်ဖို့လား ဘာနဲ့ပတ်သက်ပြီးတော့ အရေးကြီးလည်း ဒါကိုသိအောင်
လုပ်ရမယ်။
(၂) ကိုယ်အရေးကြီးတယ်လို့ ယူဆထားတဲ့ အရာတွေကို အာရုံစိုက်ပါ။
အရေးကြီးတာတွေကို အာရုံစိုက်နေရင် အရေးမကြီးတာတွေကို အာရုံစိုက်မိနေမှာ မဟုတ်ဘူး။
အဲဒီအတွက်ကြောင့် ငါ့ဘဝမှာ ဘယ်အရာတွေက အရေးကြီးတယ် ဘယ်အရာတွေကို အာရုံစိုက်ရမယ်
ဆိုတာကို ဆုံးဖြတ်ပါ။
(၃) Facebook သုံးတာကို လျှော့ပါ။
Social Media တွေဖြစ်တဲ့ Facebook တို့ ဘာတို့ကို သုံးတဲ့အခါမှာ Facebook ဆိုရင် Negative တွေ
အရမ်းများတဲ့အတွက်ကြောင့် Facebook သုံးတာကို အချိန်ကန့်သက်ပြီးတော့
အချိန်ကိုလျှော့ပြီးတော့ သုံးသင့်တယ်။ အဲဒီအခါမှာ ကိုယ့်အတွက် အများကြီး
အဆင်ပြေလာလိမ့်မယ်။ မလိုလားအပ်တဲ့ သတင်းတွေ အများကြီးဖတ်နေရင် စိတ်ကဘယ်လိုမှ
ကြည်လာမှာ မဟုတ်ဘူး။
(၄) အတွေးအခေါ် လွဲတဲ့သူတွေနဲ့ တွေ့တာကိုလျော့ပါ။
ဒါက အပြင်မှာရော Facebook မှာရော အတွေးအခေါ် လွဲတဲ့သူတွေ ရှိနေနိုင်တယ်။ သူက
အမြဲအတွေးအခေါ်လွဲနေရင် ကိုယ်ကလည်း အမြဲအဲဒီဟာကိုပဲ ကြားနေရတဲ့အတွက် စိတ်ကြည်မှာ
မဟုတ်သလို ကိုယ်လည်း အဲဒီအတွေးတွေဝင်လာရင် အဆင်မပြေဘူး။ အဲဒီအတွက်ကြောင့် Facebook
မှာ ကိုယ့်ကို စိတ်အနှောင့်အယှက် ပေးတဲ့သူတွေကို Unfriend လုပ်သင့်ရင်လုပ်။ Unfollow
လုပ်သင့်ရင်လုပ်။ Block လုပ်သင့်ရင်လုပ်ပါ။ စိတ်ချမ်းသာနေဖို့က အရေးကြီးတဲ့ အတွက်ကြောင့်
ကိုယ့်ကို စိတ်အနှောက်အယှက်ပေးတဲ့သူတွေ ကိုနဲ့ဘယ်လိုမှ စိတ်သဘောထားချင်း
မတိုက်ဆိုင်တဲ့သူတွေ ကိုယ်ကို သူမြင်ရင်လည်း စိတ်မချမ်းသာ၊ သူ့ကို ကိုယ်မြင်ရင်လည်း
စိတ်မချမ်းသာတဲ့သူတွေကို မတွေ့တာကောင်းတယ်။
(၅) ကောင်းတဲ့စာပေတွေကို များများဖတ်ပါ။
ကောင်းတဲ့စာပေတွေကနေ ကောင်းတဲ့ အတွေးအခေါ်တွေရတယ်။ ကောင်းတဲ့စာပေဆိုတာ
ဘာသာရေးနဲ့ဆိုင်တဲ့ စာပေတွေ ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့ အတွေးအခေါ်ကို မြှင့်တင်ပေးနိုင်တဲ့
စာတွေဖြစ်နိုင်တယ်။ အသိပညာမြင့်စေတဲ့ စာတွေက ဦးနောက်ကို Refrain လုပ်ပေးပြီး ကိုယ့်ကိုပြန်ပြီး
တည့်မတ်ပေးတဲ့အတွက်ကြောင့် ကောင်းတဲ့ စာအုပ်လေးတွေ ဖတ်တာက အရမ်းကောင်းတယ်။
(၆) ကောင်းတဲ့ Talk တွေကို နားထောင်ပါ။
တစ်ခါတစ်လေ ကိုယ်က စိတ်မကြည်တဲ့အချိန်မှာ Talk တွေနားထောင်တာက အဆင်ပြေတယ်။
ကျွန်တော်ဆိုရင် Tonny Robbins တို့ Les Brown တို့ရဲ့ Talk တွေကို နားထောင်တယ်။ တစ်ချို့ သူတို့
Talk တွေဆိုရင် အကြိမ်ကြိမ် ပြန်နားထောင်ရတာတွေရှိတယ်။ အကြိမ်ကြိမ်နားထောင်မှ နားထဲစွဲတာ
ဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။ တစ်ခါတစ်လေကျရင် တစ်ခေါက်ထဲနားထောင်ရုံနဲ့ မစွဲဘူး။
တစ်ချို့ဟာတွေက ကိုယ်အရင်က နားထောင်ပြီးပြီ ဒါပေမယ့် အခုပြန်နားထောင်တဲ့အခါမှာလည်း
ပြန်ကောင်းနေတာတွေ ရှိတယ်။ အင်္ဂလိပ်စာကောင်းရင် YouTube Video တွေကြည့်ပြီးတော့
လေ့လာလို့ရတယ်။
(၇) တရားထိုင်ပါ။
တရားထိုင်လို့ရရင်ထိုင် တခြားဘာသာဝင်တွေဆိုလည်း သက်ဆိုင်တာလေးတွေ ဘုရားရှိခိုး၊
တရားနာတွေ ဘာတွေလုပ်ပါ။ တရားထိုင်တဲ့အခါထိုင်၊ ဘုရားရှိခိုးတဲ့အခါ ရှိခိုးပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် နေ့တိုင်းနေ့တိုင်း ၁နာရီ တရားထိုင်တဲ့အခါမှာ ကျွန်တော့်ဆီမှာရှိတဲ့
မကောင်းတဲ့စိတ်တွေ အမြင်တွေ ရှင်းသွားစေတယ်။ တရားထိုင်တဲ့အခါမှာ Stress တွေ
လျော့သွားတယ်။ ပိုပြီးအိပ်ပျော်တယ်။ အဲဒီအတွက်ကြောင့် အခုစာဖတ်နေတဲ့ မိတ်ဆွေတွေလည်း ၁နာရီ
မထိုင်နိုင်သေးရင်တောင် တစ်ရက်ကို ၁၅မိနစ်လား၊ မိနစ် ၂၀လား စပြီးတော့ မှန်မှန်လုပ်ပါ။
နည်းရင်နည်းပါစေ မှန်မှန်လုပ်သွားဖို့လိုတယ်။ ဒီနည်းလေးတွေက မိတ်တွေတွေအတွက် မကောင်းတဲ့
စိတ်ခံစားချက်တွေ ပျောက်ဖို့အတွက် အများကြီး အကျိုးရှိမယ်ထင်ပါတယ်။
Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial