သင့်ရဲ့ မကောင်းတဲ့ခံယူချက်တွေကို စွန့်လွှတ်နိုင်ဖို့ အကောင်းဆုံးမဟာဗျူဟာ (၇) ခု

သင်ချမှတ်ထားတဲ့ တာဝန်ကို သင့်ဝန်ထမ်းက မလိုလားသလိုပြလာရင် သင်လုပ်ဆောင်နိုင်တဲ့ အကြံပြုချက် (၅) ချက်
September 19, 2020
သင့်ရဲ့ မကောင်းတဲ့ အတွေးတွေကို ဖယ်ရှားနိုင်ဖို့ ကျွန်တော်ပေးနိုင်တဲ့ အကြံပြုချက် (၇) ချက်
September 21, 2020

ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ ခံယူချက်တွေက ကိုယ့်ကို အောင်မြင်ခြင်းကနေ တားဆီးပိတ်ပင်နိုင်ပါတယ်။ ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ ခံယူချက်တွေက ကိုယ့်ကိုမပျော်ရွှင်အောင် ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို တားဆီးပိတ်ပင်အောင် လုပ်နိုင်တယ်။ လူတွေနဲ့ဆက်ဆံရေး အဆင်မပြေအောင် ပြေပြေလည်လည် မရှိအောင်လည်း လုပ်နိုင်တယ်။ ကိုယ့်မှာ မကောင်းတဲ့ ခံယူချက်တွေရှိပြီ ဒါတွေကို စွန့်လွှတ်နိုင်အောင် ပြုလပ်လို့ရတဲ့ အချက် (၇) ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်။
(၁) ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ ခံယူချက်တွေကြောင့် အတိတ်မှာ ဘယ်လိုဆုံးရှုံးမှုတွေဖြစ်ခဲ့သလဲ ပြန်ပြီးသုံးသပ်ဖို့လိုပါတယ်။
လူတစ်ယောက်က မကောင်းတဲ့ ခံယူချက်တွေရှိတယ်။ ဒီလိုမျိုး နှလုံးသွင်းပြီး လုပ်တာကြောင့် ဘယ်လိုတွေ ကြုံခဲ့ရလဲ ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုတွေ ဒုက္ခရောက်ခဲ့ရလဲ။ အားလုံးတစ်ယောက်နဲ့တစ်ယောက် မတူတဲ့ Story ရှိတာကြောင့် ဒါတွေကို ပြန်စဉ်းစာကြည့်။ သေချာပြန်စဉ်းစားကြည့်ရင် ငါအဲဒီတုန်းက ဒါတွေကြောင့် ဒုက္ခရောက်ခဲ့ဖူးပါလား ပြန်တွေးလို့ရပြီ။
(၂) ဒီအတိုင်းဆက်သွားမယ်ဆိုရင် သင့်အတွက် အနာဂတ်မှာ ဘယ်လိုထိခိုက်မှုတွေ ရှိလာမလဲဆိုတာ ဆင်ခြင်ကြည့်ပါ။
အဲဒီမကောင်းတဲ့ ခံယူချက်တွေနဲ့ ဆက်ပြီးတော့သာ သွားမယ်ဆိုရင် အနာဂတ်မှာ ကိုယ်ဘယ်လို အဆိုးဆုံးတွေနဲ့ ရင်ဆိုင်ရမလဲ ဒါတွေကို ကိုပြီးတော့ သိမယ်ဆိုရင် ရပြီ။ အတိတ်မှာတုန်းက ကိုယ်နှလုံးသွင်းမှားခဲ့လို့ လူတွေနဲ့ အဆင်မပြေဖြစ်ခဲ့တယ်။ အနာဂတ်မှာသာ ဒီတိုင်ဆက်ပြီးသွားမယ်ဆိုရင် ပတ်ဝန်းကျင်ကသူတွေနဲ့ ဘယ်လိုမျိုးတွေ ဖြစ်နိုင်မလဲ။ ဒီတိုင်းဆြက်ပီး သွားမယ်ဆိုရင်လုပ်ငန်းခွင်မှာ ထိခိုက်နစ်နာမှုတွေ ဘယ်လိုဆုံးရှုံးမှုတွေ ဖြစ်နိုင်မလဲ။ ဒါတွေကိုဆင်ခြင်စဉ်းစား တွေးကြည့်မယ်ဆိုရင် ရနိုင်ပါတယ်။
(၃) အဲဒီမကောင်းတဲ့အချက်တွေကို ပြောင်းလဲလိုက်မယ်ဆိုရင် သင်ရလာမဲ့ အကျိုးကျေးဇူးတွေကို ချရေးကြည့်ပါ။
အဲဒီမကောင်းတဲ့ အကျိုးဆက်တွေကို ကိုယ့်အနေနဲ့ ပြုပြင်လိုက်မယ်ဆိုရင် အနာဂတ်မှာ ဘာတွေရနိုင်မလဲ။ အခုချက်ချင်းရလာမယ့် အကျိုးကျေးဇူးတွေ ဘာဖြစ်မလဲ။ တွေးကြည့်ပြီးတော့ ချရေးကြည့်ဖို့လိုတယ်။ လူတစ်ယောက်က ပြောင်းလဲဖို့ဆိုရင် ဆိုးကျိုးကြီးပဲမရဘူး ဘယ်လိုမျိုးကောင်းကျိုးရှိလဲ သူသိတော့မှ ပြင်နိုင်မှာဖြစ်တယ်။
ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ ခံယူချက်တွေကို ပြင်လိုက်မယ်ဆိုရင် ရလာမယ့် အကျိုးကျေးဇူးတွေက ဘာတွေလဲ အဲဒီဟာလေးတွေကို ချရးကြည့်ရင် အတော်လေး အကျိုးကျေးဇူး များပါတယ်။ ပုံမှန်အားဖြင့် ကိုယ့်မှာ မကောင်းတဲ့ ခံယူချက်တွေများနေတယ် ကိုယ်တစ်ခုခုဟိုဟာလုပ်လို့မရဘူး ဒီဟာလုပ်လို့မရဘူး။ အဲဒီလို လုပ်လို့မရဘူး သွားစဉ်းစားနေတဲ့ အတွက်ကြောင့် ကိုယ့်ရဲ့အနာဂတ်က
ပိတ်မိနေတာဖြစ်သည်။ အဲဒါကြောင့် ကိုယ်စွန့်လွှတ်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့အနာဂတ်က ပွင့်သွားမှာ ဖြစ်ပါတယ်။
(၄) မကောင်းတဲ့ ခံယူချက်တွေနေရာမှာ အစားထိုးသင့်တဲ့ ကောင်းမွန်တဲ့ ခံယူချက်အသစ်တွေကို
လေ့လာဖို့လိုတယ်။
ပထမမကောင်းတဲ့ ခံယူချက်ဖြစ်ပြီးတော့ ဒါတွေကို စွန့်လွှတ်လိုက်ဖို့ဆိုရင် သူ့နေရာမှာ
အစားထိုးသင့်တဲ့ ကောင်းမွန်တဲ့ ခံယူချက်တွေကို လေ့လာဖို့လိုတယ်။ မကောင်းတဲ့ Habit နေရာမှာ
အစားထိုးဖို့ ကောင်းမွန်တဲ့ ခံယူချက်တွေကို အစားထိုးဖို့လိုတယ်။ ကောင်းမွန်တဲ့ ခံယူချက်တွေက
ဘာတွေလဲ အဲဒါတွေကို နှလုံးသွင်းနိုင်ဖို့ဆိုရင် စာအုပ်တွေဖတ်ရမယ်၊ သင်တန်းတွေတက်ရမယ်၊ Talk
တွေကနေ သွားနားထောင်ရမယ်။ ဒါမျိုးတွေ လုပ်တော့မှ ကိုယ့်အတွက် အစားထိုးလို့ရမယ့်
ကောင်းမွန်တဲ့ ခံယူချက်တွေ သိလာမယ်။ အဲဒါတွေ မရှိပဲနဲ့ နဂိုဟာတွေကို ပယ်ဖျက်ဖို့ဆိုတာ
တော်တော်ခက်ခဲပါတယ်။
(၅) သင်ဘာတွေနဲ့ ပတ်သက်ပြီး ပြောင်းလဲတော့မယ်ဆိုတာကို ပတ်ဝန်းကျင်ကလူတွေကို
ကြေငြာဖို့လိုတယ်။
လူတစ်ယောက်က ပြောင်လဲမှုကို အားကောင်းတော့မယ်ဆိုရင် ပတ်ဝန်းကျင်က လူတွေက
ကြည့်ပေးတာ အကောင်းဆုံးပဲ။ ပတ်ဝန်းကျင်က လူတွေကို ကိုယ်က ဒါတွေပြောင်းလဲတော့မယ်
ပြောလိုက်ရင် သူတို့က ကိုယ့်ကို ဝိုင်းပြီးတော့ ကြည့်ကြမယ်။ ဝိုင်းပြီး ကြည့်ကြတဲ့အခါမှာ ကိုယ်က
မပြင်ဘူးဆိုရင် ကိုယ့်ကိုဝိုင်းပြီးတော့ ပြောကြမယ်။ ကိုယ်ကပြင်နေတယ်ဆိုရင် သူတို့က ကိုယ့်ကို
ဘာတွေတော့ တိုးတက်လာလဲ ပြောကြမယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်က လူတွေကို ကြေညာလိုက်တာ
အကောင်းဆုံးဖြစ်ပါတယ်။
(၆) သင့်ရဲ့ ခံယူချက်အသစ်တွေနဲ့ သင်နဲ့တစ်သားတည်း မဖြစ်မချင်း စည်းကမ်းရှိရှိနဲ့ လုပ်ပါ။
ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိရှိနဲ့ Drive လုပ်ဖို့လိုတယ်။ အသားကုန် တွန်းဖို့လိုတယ်။
အပြောင်းအလဲ တစ်ခုဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ကိုယ်နဲ့ အရိုးစွဲလာတဲ့ ခံယူချက်တွေ ဒါတွေကို
ပြောင်းလဲဖို့ဆိုတာ ထင်သလောက် လွယ်တာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ခံယူချက်အသစ်တွေနဲ့
ကိုယ်နဲ့ တစ်သားတည်းမဖြစ်မချင်း စည်းကမ်းရှိရှိနဲ့ Drive လုပ်ဖို့လိုတယ်။
ငါဘာတွေပြောင်းဖို့လိုလဲ။ အဲဒီအတိုင်း နေ့တိုင်းပြောင်းလား မပြောင်းလား အဲဒါကို သတ်မှတ်မယ်။
အမူအကျင့် ပြောင်းလဲရင်တော့ ဒီတိုင်းပဲ ပြောင်းလဲလို့ ရပါတယ်။
(၇) လိုအပ်မယ်ဆိုရင် Coach တစ်ယောက်ငှားပါ။
ကိုယ်က ကိုယ့်ကိုယ်ကိုယ်ဆိုရင် ညှာတတ်တယ်။ ကိုယ့်ကိုယ်ကိုယ်ဆိုရင် တွန်းအားပေးတယ်ဆိုရင်
နည်းနည်းဆိုရင် ပြန်ပြေးးတာပဲ ။ ကိုယ့်မှာ Coach ရှိရင် Coach က ကိုယ့်ကိုယ်
တွန်းအားပေးနိုင်တယ်။ မှန်ကန်တဲ့ အမြင်ရအောင် ပြနိုင်တယ်။ တစိုက်မတ်မတ် လုပ်ဖို့အတွက်ကိုလဲ
ကူညီတယ်။ လိုအပ်မယ်ဆိုရင် ကိုယ်တစ်ယောက်တည်း ပြောင်းလဲအောင် ကိုယ်က အမူအကျင့်
ပြောင်းလဲတာပဲပြောပြော အတွေးအခေါ် တစ်ခုခုပြောင်းလဲတာပဲပြောပြော ဒါနဲ့ပတ်သက်ရင်
ကိုယ်တစ်ယောက်တည်း ပြောင်းလဲတာ ခက်ခဲတယ်ဆိုရင် Coach တစ်ယောက်ငှားပါ။
အဲဒီ Coach ကကိုယ့်ကိုယ် အများကြီး Support လုပ်နိုင်တယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့
Breakthrough မှာ ကျွန်တော်နဲ့ အတူတူတွဲလုပ်တဲ့ Associate Coach တွေ (၆)
ယောက်လောက်ရှိတယ်။ ကျွန်တော်တို့ PBCA ကနေပြီး သင်တန်းဆင်းထားတဲ့ Coach တွေလဲ
အများကြီး ရှိတယ်။ Coach တစ်ယောက်နဲ့ အလုပ်လုပ်တာက ကိုယ့်ရဲ့
လက်တွေ့ကျကျသုံးသပ်မှုကို အများကြီး အထောက်ကူပြုပါတယ်။ မဖြစ်မနေ လိုအပ်တယ်ဆိုရင်
Coach တစ်ယောက်ငှားပြီး လုပ် ကြည့်ပါ အများကြီး အကျိုးရှိလာတာကို တွေ့ရပါလိမ့်မယ်။

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough #TLJ

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial