သင့်ရဲ့ စီးပွားရေးလုပ်ငန်းမှာ အဓိက အာရုံစိုက်ရမယ့် နယ်ပယ်တွေ သတ်မှတ်ထားပြီးပြီ ဆိုရင် အဓိက ရရှိလာမယ့် အကျိုးကျေးဇူး (၅) ခု

လူအများ ချစ်ခင်လေးစားတဲ့ ဦးဆောင်သူ ဖြစ်ချင်တဲ့သူတွေ ကိုယ့်ကိုယ်ကိုယ် ပြောသင့်တဲ့ စကား (၃) ခွန်း
June 30, 2020
လုပ်ငန်းရှင်တွေ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာ ဦးဆောင်တဲ့အခါမှာ အဓိကကျတဲ့ အချက် (၅) ချက်
June 30, 2020

သင့်ရဲ့ စီးပွားရေးလုပ်ငန်းမှာ အဓိက အာရုံစိုက်ရမယ့် နယ်ပယ်တွေ သတ်မှတ်ထားပြီးပြီ ဆိုရင် အဓိက ရရှိလာမယ့် အကျိုးကျေးဇူး (၅) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

လုပ်ငန်းတစ်ခုမှာ ကိုယ်က Branch တစ်ခုကို ဦးစီးတယ်ပဲပြောပြော လုပ်ငန်းကြီး တစ်ခုကို ဦးစီးတယ်ပဲ ပြောပြော၊ ဌာနတစ်ခုလေးပဲ ဦးစီးတယ်ပြောပြော၊ ကိုယ့်ရဲ့ ဌာန၊ ကိုယ့်ရဲ့ Department၊ ကိုယ့်ရဲ့ Brand၊ ကိုယ့်ရဲ့ Business Objective က ဘာလည်း၊ Objective ဆိုတာ အချိန်ကာလနဲ့လည်း ပြောင်းလဲနိုင်တယ်။

ဒီလမှာ ကိုယ်အဓိကလုပ်ရမယ့် Objective က ဘာလည်း၊ ဒီနှစ်မှာ ကိုယ်အဓိကလုပ်ရမယ့် Objective ပေါ့အဓိက ဒါကို သေသေချာချာ သတ်မှတ်ထားတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အဓိကရလာမယ့် အကျိုးကျေးဇူး (၅) ခုကို မျှဝေပေးမှာ ဖြစ်ပါတယ်။

(၁) ကိုယ်ကိုယ်တိုင် စိတ်ရှင်းလိမ့်မယ်

ကိုယ်ကိုယ်တိုင် စိတ်ရှင်းတယ်ဆိုရင် အဓိက ကအလုပ်လုပ်ရတာ အဆင်ပြေတယ်။ ဆိုလိုတဲ့သဘောက ကိုယ်ဘယ်ကိုသွားနေတာလဲ ဆိုတာ ကိုယ်သိတဲ့အတွက်ကြောင့် လုပ်ရကိုင်ရတာ အများကြီး အဆင်ပြေတယ်။ ကိုယ်ကိုယ်တိုင် စိတ်ရှင်းတာ အများကြီး အဆင်ပြေပါတယ်။

(၂) ကိုယ့်ရဲ့ဝန်ထမ်းတွေ အမြင်ရှင်းလင်းလာမယ်

ကိုယ့်ရဲ့ဝန်ထမ်းတွေလည်း ဘာဖြစ်လာမလဲဆိုတော့ သူတို့မှာလည်း အမြင်ရှင်းလင်းမှု ဖြစ်လာမယ်။ ဆိုလိုတဲ့ သဘောက ကိုယ့်ရဲ့ လုပ်ငန်းရှင် ဦးဆောင်တဲ့သူက ဘယ်ကိုသွားရမလဲ၊ ဒါကိုလုပ်ပါလို့ ပြောတဲ့အခါ သူကိုယ်တိုင်က ဘယ်သွားရမလဲဆိုတာ ရှင်းပြီးတော့ ကိုယ့်ကိုလည်း ဒါလုပ်ပါလို့ ပြောတော့ ဝန်ထမ်းတွေကလည်း စိတ်ရှင်းတယ် လုပ်ရကိုင်ရတာ လွယ်တယ်။

(၃) တစ်ယောက်တစ်ပေါက် မညီမညွတ် လုပ်တာတွေ မရှိတော့ဘူး

တစ်ယောက်တစ်ပေါက်နဲ့ မညီမညွတ်နဲ့ လုပ်တာမျိုးတွေ၊ တစ်ယောက်တစ်ပေါက် လုပ်နေတာမျိုးတွေ၊ မညီမညွတ် လုပ်နေတာမျိုးတွေ အဲဒါမျိုးတွေ မရှိတော့ဘူး။

အတူတကွ ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်တဲ့အတွက်ကြောင့် ပုံမှန်ထက် ပိုပြီးတော့ ဆထက်တိုး အောင်မြင်မူတွေ ရလာမယ်။

(၄) ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရလာမယ်

အရေးကြီးတာက ဘာလဲဆိုရင် ငါတို့ ဘယ်ကို ဦးတည်ပြီးသွားမယ်ဆိုတာကို သိတယ်။ ကိုယ့်ရဲ့ Boosက ဘယ်ကို သွားချင်တာလဲဆိုတာ Department တိုင်းက သိတဲ့အတွက်ကြောင့် တစ်ခုခု လုပ်ပြီဆိုရင် ဒါက ဘယ်သူပြောတာလဲဆိုတာ အားလုံးသိတယ်။

ဘယ်သူပြောတာထက်ကို အဓိကက စပြီးသတ်မှတ်ကတည်းက သူတို့နဲ့ အတူတူပူးတွဲပြီး သတ်မှတ်ထားတယ် ဆိုလို့ရှိရင် သူတို့ ဒါနဲ့ ပတ်သက်ပြီးတော့ လုပ်ချင်စိတ်လည်း ရှိတာပေါ့။

ကိုယ့်ရဲ့အဖွဲ့အစည်းက ဘယ်ကိုသွားတယ်ဆိုတာ သိတဲ့အတွက်ကြောင့် Department အချင်းချင်း၊ တစ်ခုချင်းတစ်ခုချင်း ပူးပေါင်းဆောင်ရွက်တာမှာ အများကြီးအဆင်ပြေတယ်။

(၅) ကိုယ့်ရဲ့အဖွဲ့အစည်း အောင်မြင်မှု ဆုတ်ယုတ်မှု နဲ့ပတ်သက်ပြီးတော့ တိုင်းတာလို့ရတယ်

ဒါတွေလုပ်ရမယ်လို့ တိတိကျကျ သတ်မှတ်ထားတဲ့ အတွက်ကြောင့် ရနေလား မရနေဘူးလား မူတည်ပြီးတော့ ကိုယ့်အဖွဲ့အစည်းရဲ့ Progress တိုးတက်မှု၊ ဒါတွေကို ကျွန်တော်တို့က ပြန်ပြီးတိုင်းတာလို့ရတယ်။

တိတိကျကျ သတ်မှတ်ထားတာ မရှိလို့ရှိရင် ဘာဖြစ်လဲဆိုတော့ လူတွေကလည်း တစ်ယောက်တစ်ပေါက် တွေဖြစ်ကြ၊ မညီမညွတ်တွေဖြစ်ကြပြီးတော့ တိုးတက်နေလား မတိုးတက်နေဘူးလား မမြင်ရ၊ အဲဒီတော့ ဝန်ထမ်းတွေကလည်း စိတ်ဓာတ်တွေ ကျမယ်။

ဝန်ထမ်း အဝင်အထွက်တွေ များနိုင်တယ်၊ လုပ်ငန်းကို ထိခိုက်နိုင်တယ်၊ တိတိကျကျ သတ်မှတ်ထားလိုက်တဲ့ အခါကျတော့ ဖြစ်နိုင်မယ်ဆိုရင် အားလုံးကို သေသေချာချာ စာရွက်နဲ့ပါ ထုတ်ပေးထားလိုက်ပါ။ ဒါမှမဟုတ်ရင် နံရံတွေ ဘာတွေမှာ ကာလတစ်ခုထိ သေသေချာချာလေး ချိတ်ထားလိုက်။ အဓိကက ဒီလမှာ ဦးစားပေးရမယ့် Objective က ဘာတွေ ဒါကို ကျွန်တော်တို့က သတ်မှတ်ပေးထားလိုက်လို့ ရတယ်။

အားလုံး တစ်ယောက်တစ်ပေါက်တွေ မဖြစ်ကြတော့ဘဲနဲ့ ညီညီညွတ်ညွတ်နဲ့ လုပ်တဲ့အတွက်ကြောင့် ရလဒ်ကောင်းတွေ ပိုပြီးတော့ ကောင်းလာပြီးတော့ အဓိကက ကိုယ့်လုပ်ငန်းရဲ့ ရလဒ်ကောင်းတွေကို တိုင်းတာ စစ်ဆေးတဲ့နေရာမှာ အများကြီး အဆင်ပြေလာတယ်။ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုမှာ အများကြီး အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial