သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်သင့်တဲ့ အကြောင်းအရင်း (၄) ခု

နှလုံးသွင်းမှန်တဲ့ ဦးဆောင်သူဖြစ်လာဖို့ အတွက် အကြံပြုချက် (၃) ချက်
July 14, 2020
ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးတဲ့ အချက် (၄) ချက်
July 16, 2020

သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်သင့်တဲ့ အကြောင်းအရင်း (၄) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

လုပ်ငန်းရှင်တွေ ဦးဆောင်တဲ့လူတွေ ဒါမှမဟုတ် Company တွေမှာလုပ်ကိုင်တဲ့ဘယ်သူမဆို ဒီမှာကြည့်နေတဲ့မိတ်ဆွေတွေ လုပ်ငန်းရှင်ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် မန်နေဂျာဖြစ်ရင်ဖြစ်မယ်။ အခုမှ လုပ်ငန်းခွင်ထဲစဝင်မယ့် လူငယ်လေးတွေ ဖြစ်ရင်ဖြစ်မယ်။

ဘယ်သူမဆို ကိုယ့်ရဲ့ရလဒ်တွေ ကိုယ့်ရဲ့ Performance တွေ ကောင်းချင်ကြတယ်။ အကျိုးအမြတ်တွေ၊ ခံစားခွင့်တွေ ဒါတွေကို ပိုပြီးလိုချင်ကြတယ်။ ဒီထက်ပိုပြီးတော့ မြင့်တတ်တဲ့ရာထူးတွေကို ပိုပြီးတော့ ထမ်းဆောင်ချင်ကြတယ်။ ဒါက သဘာဝကျတယ်။

လူဆိုတာ ဒီလိုမျိုးပဲ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ချင်စိတ်မရှိဘဲနဲ့တော့ ဘာမှအကျိုးရှိမှာမဟုတ်ဘူး။ တိုးတက်ချင်စိတ်ရှိတာသဘာဝကျတယ်။ အဲဒီလိုမျိုး ကိုယ်လိုချင်တဲ့ အရာတွေ တကယ်ဖြစ်လာမှာကိုလိုချင်ရင် ကျွန်တော် ခုနကပြောတဲ့ Personal Growth ကိုယ်ရည်ကိုယ်သွေး အရည်အချင်းတွေ တက်လာဖို့ အဲဒါဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ အဲဒါမရှိဘဲနဲ့ ကိုယ်ကလိုချင်တာကို လိုက်မှမဖြည့်ဘဲနဲ့ ဘယ်လိုမှရမှာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့် အဓိက ကိုယ့်ရဲ့ Personal Growth ကို အာရုံစိုက်သင့်တဲ့အကြောင်းအရင်း (၄) ခု ကိုမျှဝေချင်ပါတယ်။

(၁) ကိုယ့်ရဲ့ရလဒ်က ကိုယ့်ရဲ့အရည်အချင်းနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတယ်။

ကျွန်တော်တို့က မတော်တဆ ကိုယ်လုပ်တာ ကောင်းသွားရင် ဖြစ်ကောင်းဖြစ်နိုင်တယ်။ မတော်တဆက အမြဲတမ်းတော့ မဖြစ်နိုင်ဘူး။ အရေးကြီးတာက တောက်လျှောက်ကိုယ့်ရဲ့ရလဒ်က တစ်သမတ်တည်း Consistent ရှိရှိ ကောင်းနေတာလိုချင်တယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့အရည်အချင်းက မြင့်တက်နေဖို့လိုတယ်။

အဲဒီအတွက်ကြောင့် ကိုယ့်ရဲ့ရလဒ်နဲ့ ကိုယ့်ရဲ့အရည်အချင်းက တိုက်ရိုက်ဆက်စပ်မူရှိတယ်။ အရည်အချင်းတက်မလာဘဲနဲ့ ရလဒ်ကောင်းတွေ မျှော်မှန်းဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။

(၂) ကိုယ်ရည်ကိုယ်သွေး ကိုယ့်ရဲ့အရည်အချင်း တိုးတတ်မလာဘဲနဲ့ လူတွေကို ဦးဆောင်လို့မရဘူး။

လူတွေကိုဦးဆောင်မယ့်လူတွေက ကိုယ့်ရဲ့အပေါ်က ကိုယ့်လောက်မှအသုံးမကျဘဲ ဒီလူနောက်ကို ကျွန်တော်တို့က ဘယ်လိုလုပ်လိုက်ချင်မှာလဲ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ကိုယ့်ရဲ့လူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ထိထိရောက်ရောက် ဦးဆောင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အရည်အချင်းတွေ တက်လာဖို့လိုတယ်။

အရည်အချင်းမရှိတဲ့လူအောက်မှာ ဘယ်သူမှ အလုပ်မလုပ်ချင်ဘူး။ ဒါကိုနားလည်ရမယ်။ လူတော်တွေကိုရဖို့ဆိုရင် ကိုယ်အရင်ဆုံး တော်နေရမယ်။ ပတ်ဝန်းကျင်ကလူတွေ တော်ဖို့ဆိုရင် သူတို့ကို လူတော်တွေဖြစ်ဖို့ လေ့ကျင့်ပေးဖို့ လူတော်တွေကို ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် အရေးကြီးဆုံးက ကိုယ်အရင်ဆုံးတော်ဖို့အရေးကြီးတယ်။

(၃)သင့်ကိုယ်ရည်ကိုယ်သွေး တိုးတက်လာမှ နောက်ထပ် ကိုယ်ရည်ကိုယ်သွေးမြင့်တဲ့လူတွေ သူတို့နဲ့ သင် အပေါင်းသင်းလုပ်လို့ရနိုင်မယ်။

ကိုယ်က အရည်အချင်းနိမ့်နေလို့ရှိရင် ကျွန်တော်တို့နဲ့ ဘယ်သူကမှ အပေါင်းသင်း လာလုပ်ချင်မှာမဟုတ်ဘူး။ ကိုယ်ကတော်နေပြီဆိုရင် ဥပမာ ကျွန်တော်က Coach လုပ်တယ်။ Coaching လိုင်းနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ကမ္ဘာ့အဆင့်မီအောင် တောက်လျှောက်လေ့လာတယ်။ အခုဆိုရင် Coaching နဲ့ပတ်သက်လို့ လေ့လာတာ လေးနှစ်ခွဲလောက်ရှိပြီ တောက်လျှောက်လေ့လာတယ်။

အဲဒီလိုလေ့လာတဲ့အတွက်ကြောင့် နိုင်ငံတစ်ကာမှာ အမေရိကန်ကနေစပြီးတော့ စင်္ကာပူတို့ ထိုင်းနိုင်ငံတို့အထိကို ကျွန်တော့်မှာ Coaching နဲ့ ပတ်သက်ပြီးတော့ မိတ်ဆွေတွေ အများကြီးရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်းရှိတယ်။ အိန္ဒိယမှာလည်းရှိတယ်။ အကုန်ရှိတယ်။

အဲဒီအခါကျတော့ ဒါကဘာလဲဆိုတော့ ကိုယ့်အနေနဲ့ ဒီလိုင်းတစ်လိုင်းနဲ့ပတ်သက်ပြီးတော့ ထူးချွန်အောင် လေ့လာတဲ့အတွက်ကြောင့် ဒီလိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ကို စကားပြောချင်တဲ့လူရှိတယ်။ အကယ်၍ ကိုယ်က အရည်အချင်းမရှိဘူးဆိုလို့ရှိရင် ကိုယ့်ကို ဒါနဲ့ပတ်သက်ပြီးတော့ ပြောချင်မှာလည်းမဟုတ်ဘူး။

အဲဒီအတွက်ကြောင့် ကိုယ့်မှာအရည်အချင်းမြင့်တဲ့ ကျွမ်းကျင်တဲ့လူတွေ ကိုယ်သွားချင်တဲ့လိုင်းမှာ ဒါနဲ့ပတ်သက်ပြီးတော့ လူတွေနဲ့ အပေါင်းအသင်းလုပ်ချင်ရင် ကိုယ်ကျွမ်းကျင်ဖို့လိုတယ်။

(၄) လူတိုင်းဟာ ကိုယ်တိုးတက်သလို တစ်ခြားသူတွေကိုလည်း တိုးတက်စေချင်ကြတယ်။

လူတွေအများကြီးပဲ။ ကိုယ်သိလာပြီဆိုရင် တစ်ခြားသူတွေကို မျှဝေချင်တယ်။ ကျွန်တော်တို့ဆိုလည်း တစ်ခုခုသိလာပြီဆိုရင် အဲဒါလေးကို ပြောချင်တာ။ စာအုပ်တစ်အုပ်ဖတ်ပြီးသွားရင် ဒါလေး ဘယ်သူ့ကို ပြောပြရင်ကောင်းမလဲ ဒီလိုမျိုး စိတ်ကူးအမြဲတမ်းရှိတယ်။

ဒီမှာရှိတဲ့မိတ်ဆွေတွေလဲ ကိုယ်သိလာပြီဆို တစ်ခြားသူတွေကို မျှဝေချင်တဲ့စိတ်မျိုး ရှိကြမယ်လို့ ကျွန်‌တော်ယုံကြည်တယ်။ အရေးကြီးတာကဘာလဲ။ ကိုယ့်မှာမရှိတာကို တစ်ခြားလူကို သွားပေးလို့မှမရတာ။ အဲဒီအတွက်ကြောင့် ကိုယ့်မှာ အရည်အချင်းမြင့်နေမှ ကိုယ်က တစ်ခြားလူတွေကိုပေးလို့ရမှာ။ ကိုယ့်မှာအရည်အချင်းမြင့်နေမှ တစ်ခြားသူတွေကို သူတို့ကိုယ်သူတို့ ပြောင်းလဲနိုင်အောင် သွားပြီးကူညီပေးနိုင်တယ်။

ကိုယ့်ကိုယ်ကိုယ် အရင်ကူညီပေးနိုင်မှ တစ်ခြားသူတွေကို သူတို့ ဘယ်လိုပြောင်းလဲရမလဲဆိုတာကို ကျွန်တော်တို့ မျှဝေပေးလို့ရမှာ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ကိုယ်ရည်ကိုယ်သွေး မြင့်တက်နေမှုမရှိဘဲနဲ့ ကိုယ့်မှာမသိတဲ့ဟာကို တစ်ခြားသူကို ဘယ်လိုမှ သွားပေးလို့မရဘူး။

ကိုယ်တကယ်သိသွားရင် ကိုယ်တကယ်လုပ်နေတယ်ဆိုရင် တစ်ခြားသူတွေကို မျှဝေဖို့ရာ အများကြီးအဆင်ပြေလာတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungexecutivecoach
#ceocoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial