သင့်ပါတနာရဲ့ လိုလားချက်ကို သိရှိရန် အရေးကြီးရသည့် အကြောင်းအရင်း (၄) ခု

လုပ်ငန်းစွမ်းဆောင်မှု သတ်မှတ်ထားခြင်းဟာ အရေးပါရတဲ့ အကြောင်းအရင်း (၅) ခု
December 11, 2020
သင့်လုပ်ငန်း တိုးတက်ဖို့အတွက် သင့်ကိုသင် မေးသင့်တဲ့ မေးခွန်း (၅) ခု
December 13, 2020

ပါတနာဆိုတာ အိမ်ထောင်ဖက်ဖြစ်ရင် ဖြစ်မယ်၊ ချစ်သူဖြစ်ရင် ဖြစ်မယ်၊ လုပ်ဖော်ကိုင်ဖက်ဖြစ်ရင် ဖြစ်မယ် ဒါမှမဟုတ် Customer လည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ အဲဒီလို ပါတနာရဲ့ လိုလားချက်ကိုသိဖို့ ဘာကြောင့် လိုအပ်သလဲဆိုတဲ့ အကြောင်းရင်း(၄) ခုကို မျှဝေချင်ပါတယ်။

(၁) သူဘာလိုချင်လဲ ဆိုတာကို မသိဘဲ သင်ဘာကိုမှ လုပ်လို့မရနိုင်ဘူး။

သူဘာကို လိုချင်တာလဲဆိုတာ မသိဘဲ ကိုယ်က ဘာကိုမှ လုပ်လို့မရပါဘူး။ လိုချင်တာကို သိမှသာ သူ့ကို ဘာလုပ်ပေးရမလဲ ဆိုတာကို ကိုယ်က စဉ်းစားပေးလို့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်ဆရာ တစ်ယောက်ဖြစ်တဲ့ Tony Robbin ပြောတာနဲ့ ကျွန်တော်တွဲပြီး မျှဝေပေးချင်ပါတယ်။ “Relationship ရဲ့ အရည်အသွေးက ဘဝရဲ့ အရည်အသွေးဖြစ်တယ်”။ Relationship မှာ အဆင်မပြေရင် ဘဝရဲ့ အခြားအစိတ်အပိုင်းတွေမှာပါ အဆင်မပြေနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အဆင်မပြေမှုတွေ ဖြစ်နေတဲ့ ကာလမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူဘာကို လိုချင်တာလဲကို မသိဘဲ ကျွန်တော်တို့ ဘာမှ လုပ်ပေးလို့မရလို့ သူဘာလိုချင်လဲဆိုတာ သိဖို့လိုပါတယ်။

(၂) သူဘာလိုတယ်ဆိုတာကို သိရင် သင်ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာကို အဖြေရှာနိုင်မယ်။

သူဘာလိုချင်တယ်ဆိုတာကို သိတဲ့အခါ ဘာတွေကို လုပ်ပေးလို့ ရမလဲဆိုတာကို အဖြေရှာလို့ရလာပါမယ်။ နံပါတ် (၁) မှာ ဘာမှ လုပ်ပေးလို့ မရပေမယ့် နံပါတ် (၂) မှာ သိအောင် လုပ်လိုက်တဲ့အခါ သူလိုချင်တာကို ဖြည့်ဆည်းပေးဖို့အတွက် ကိုယ်ဘာလုပ်ပေးနိုင်မှာလဲ၊ သူနဲ့ကိုယ် ပိုအဆင်ပြေအောင် ဘယ်လို လုပ်လို့ရမှာလဲနဲ့ ပတ်သက်ပြီး အဖြေရှာလို့ ရလာပါမယ်။

(၃) နှစ်ယောက် ပိုပြီးတော့ နားလည်မှုကို တည်ဆောက်လာနိုင်မယ်။

နားလည်မှုကို ပိုပြီး တည်ဆောက်လာနိုင်ရင် ပိုပြီး ပျော်စရာ ကောင်းလာမယ်၊ ပိုပြီး နွေးထွေးတဲ့ Relationship ဖြစ်လာမယ်၊ ပိုပြီး ပျော်စရာကောင်းတဲ့ အခြေအနေမျိုးတွေကို နှစ်ယောက်အတူတူ တည်ဆောက်လို့ ရလာနိုင်ပါမယ်။ ဒါက နားလည်မှုအတွက် ခုနတုန်းက ပြောခဲ့တဲ့ သူရဲ့လိုလားချက်ကို သိဖို့ အများကြီး အရေးကြီးပါတယ်။

(၄) ပျော်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်လာနိုင်မယ်။

Tony Robbins ပြောတဲ့ စကားကို ပြန်စဉ်းစားကြည့်ကြပါ။ “Relationship ရဲ့ အရည်အသွေးက ဘဝရဲ့ အရည်အသွေးဖြစ်တယ်”။ ကျွန်တော်တို့ ဆက်စပ်ပတ်သက်တဲ့ သူတွေနဲ့ အမြဲတမ်း ပြဿနာတွေ တက်တယ်၊ အိမ်ထောင်ဖက်နဲ့ ပြဿနာတွေ တက်တယ်၊ သားသမီးတွေနဲ့ ပြဿနာတွေ တက်တယ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြဿနာတွေတက်တယ်၊ လုပ်ငန်းသဘောဆက်စပ်ရတဲ့ သူတွေနဲ့ ပြဿနာတွေ တက်နေတယ်ဆိုရင် ဘဝက အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်ဆံရေးကို ကောင်းမွန်အောင် တည်ဆောက်နိုင်ရင် ဘဝက ပျော်စရာကောင်းလာမယ်။ ဒီလိုဖြစ်ဖို့ဆိုရင် သူတို့ ဘာကိုလိုချင်တာလဲဆိုတာကို သိအောင်အရင်လုပ်ရပါမယ်။ ဒီလို သိလာတဲ့အခါမှာ ကိုယ့်ဘက်က ဖြည့်ဆည်းပေးနိုင်စွမ်းရှိသလောက် ဖြည့်ဆည်းပေးပါ။ ဒါဆိုရင် Relationship အနေနဲ့ ပိုပြီး ကောင်းဖို့အတွက် အများကြီး အထောက်အကူပြုပါလိမ့်မယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial