သင့်ကိုယ်သင် စကားပြောတဲ့အခါ သတိထား ဆင်ခြင်သင့်တဲ့ အကြောင်းအရင်း (၃) ချက်

ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံပြုချက် (၅) ချက်
July 16, 2020
ဦးဆောင်သူတွေ ကိုယ်လိုချင်တဲ့ ရလဒ်တွေကို ရယူချင်တယ်ဆိုရင် အမြဲတမ်း သင့်ကိုယ်သင် ပြောသင့်တဲ့ အရေးကြီးဆုံး စကား (၄) ခု
July 16, 2020

သင့်ကိုယ်သင် စကားပြောတဲ့အခါ သတိထား ဆင်ခြင်သင့်တဲ့ အကြောင်းအရင်း (၃) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

လူတစ်ယောက်က တစ်နေ့တာမှာ အများဆုံး စကားပြောတဲ့သူက ဘယ်သူလဲ။ ကျွန်တော်ဆိုရင် အများဆုံးစကားပြောတာက ကိုယ့်ကိုယ်ကိုယ်ပဲ။ ကိုယ့်ကိုယ်ကိုယ် အများကြီးစကားပြောတယ်။ ဒီမှာရှိတဲ့ မိတ်ဆွေတွေလည်း ကိုယ့်ကိုယ်ကိုယ် အများကြီး စကားပြောမယ်လို့ထင်တယ်။

မနက်မိုးလင်းလာရင် နိုးနိုးချင်း အသိဝင်လာတာနဲ့ ငါထတော့မလား။ ဆက်ပြီးကွေးနေဦးမလား။ Alarm သံကိုပိတ်ပြီး ပြန်အိပ်မလား။ ဒါမှမဟုတ် ချက်ချင်းထမလား။ မျိုးစုံပေါ့။ ဒါမှမဟုတ်ရင် ဒီအဝတ်အစား ဝတ်သွားမလား။ ဟိုအဝတ်အစား ဝတ်သွားမလား။ မျိုးစုံစဉ်းစားရတာပေါ့။ အဲဒီအခါကျတော့ တစ်ရက်တာမှာ စကားပြောတာက ကိုယ့်ကိုယ်ကိုယ် စကားပြောတာများတယ်။

Self Talk ကအရမ်းအရေးကြီးတယ်။ ဘာဖြစ်လို့အရေးကြီးလဲ။ အရေးကြီးတဲ့ အချက်လေး (၃) ချက်မျှဝေချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကားက ကျွန်တော်တို့ ပျော်ရွှင်မလား၊ စိတ်ညစ်မလား ဆိုတာကိုဆုံးဖြတ်တယ်။

ကျွန်တော်တို့ Customer တစ်ယောက်ကို ဈေးသွားရောင်းတယ်။ သူကမဝယ်ဘူးဆိုပါစို့။ သူမဝယ်ရင် ငါတော်တော်ညံ့တာပဲ။ အဲဒီလိုမျိုး စဉ်းစားပြီး ပြောမယ်ဆိုရင်လည်း ဒါကတစ်မျိုးပေါ့။ ဒါမှမဟုတ်လည်း သူမဝယ်ဘူး။ သူမဝယ်တဲ့အခါမှာ ငါတော့ Customer တွေကို ဘယ်လိုသွားရောင်းရင် သူမဝယ်ဘူးဆိုတာကို သိလိုက်တယ်။

အဲဒီအခါကျတော့ နောက် Customer နဲ့ကျွန်တော် ဒါကို ရှောင်လိုက်မယ်ဆိုရင် ငါ့အနေနဲ့ပိုပြီးရောင်းရနိုင်တယ်။ ဒါကကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပြောတဲ့စကားပေါ့။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကားက ကျွန်တော်တို့ ပျော်ရွှင်မလား၊ မပျော်ရွှင်ဘူးလားဆိုတာ ဆုံးဖြတ်တယ်။

ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ Meaning မကောင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် Interpretation လည်းခေါ်တာပေါ့။ ဒါကိုကျွန်တော်တို့ ပေးလိုက်ရင် စိတ်က ပျော်စရာ အကြောင်းမရှိတော့ဘူး။ မပျော်တော့ဘူး။
ဘဝမှာ အမြဲတမ်းကြီးတော့ ကိုယ်လိုချင်သလိုဖြစ်မှာမဟုတ်ဘူး။အရေးကြီးတာက အခြေအနေတစ်ခုမှာ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုလည်း အဲဒါအရေးကြီးတယ်။

(၂) ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကားက ကျွန်တော်တို့ အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာဆုံးဖြတ်တယ်။

ကျွန်တော် ၂၀၁၇ လောက်က ကျွန်တော်တို့ အလုပ်တွေက နှစ်ဆန်းပိုင်းတွေမှာဆိုရင် ကျတတ်တယ်။ ဘာဖြစ်လို့ကျလဲဆိုရင် လူတွေခရီးသွားတာကတစ်မျိုး။ ဒါမှမဟုတ်ရင် ကလေးတွေ စာမေးပွဲဖြေတာကတစ်မျိုး။ သင်္ကြန်မတိုင်ခင် တွန်းလုပ်ကြတာပေါ့။

၂၀၁၇ လောက်ကျတော့ ကျွန်တော်က အလုပ်စခါစဆိုတော့ ကျွန်တော် အဲဒီတုန်းက ဒီအလုပ်အကြောင်းကို သေချာမသိသေးဘူး။ တစ်နှစ်ပဲရှိသေးတယ် စတာက။ အလုပ်တွေက ကျလာတယ် ကျတော့ ကျွန်တော် စိတ်ညစ်တယ်။ စိတ်အင်မတန်ညစ်တော့ ဒီအတိုင်းပဲပေပြီးတော့ ဆက်လုပ်မလား။ ဒါမှမဟုတ် ပိုကောင်းအောင်လုပ်မလားပေါ့။

ကျွန်တော်စဉ်းစားပြီးတော့ ဒီအချိန်က တာဝန်ယူရမယ့်အချိန်ပဲဆိုပြီးတော့ ရှိသမျှအလုပ်တွေ အကုန်ရပ်ပြီးတော့ ကျွန်တော်ထိုင်ပြီး စဉ်းစားတယ်။ ပိုကောင်းအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ။ စဉ်းစားပြီးတော့ သင်္ကြန်ကာလမှာ အိမ်တွင်းအောင်းပြီးတော့ လေ့လာသင်ယူမှုကို နောက်တစ်ဆင့်မြှင့်လိုက်တယ်။

ကျွန်တော် လေ့လာဖို့ ကျန်နေတဲ့တစ်ခန်းကို ဖြတ်လိုက်တယ်။ သင်္ကြန်အပြီးမှာ TLJ ဆိုတဲ့ သင်တန်း ပေါ်လာတယ်။ အခု အဲဒီ TLJ က မြန်မာနိုင်ငံမှာ တက်ရောက်တဲ့သူ အများဆုံးသင်တန်းတစ်ခု အနေနဲ့ ရပ်တည်နေတယ်။ Leadership နဲ့ပတ်သက်လာရင် TLJ သင်တန်းကို လူတော်တော်များများ စိတ်ဝင်စားကြတယ်။

အရေးကြီးတာက ဘာလဲ အဆင်မပြေတဲ့ အခြေအနေတစ်ခုမှာ ငါတော်တော်ကံဆိုးတာပဲလို့ စဉ်းစားရင်လည်းခက်တာပဲ။ ဒါမှမဟုတ်ရင် ငါတော်တော်ညံ့လို့ ငါ့ကို လူတွေမကြိုက်လို့ မလာကြတာပဲလို့ စဉ်းစားရင်လည်း လွဲတာပဲ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကားက အောင်မြင်ဖို့ အတွက်ကို ကျွန်တော် ကိုယ့်ဘာသာ ထိုင်ပြီးတော့ စဉ်းစားဖြစ်တယ်။ လုပ်ငန်းကို ပြန်ပြီးတော့ အစီအစဉ်ချတယ်။

အဲဒီလိုလုပ်တဲ့အတွက်ကြောင့် ကျွန်တော် သင်္ကြန်အပြီးမှာ ကျွန်တော်တို့ သင်တန်းတွေက နဂိုကရှိနေတဲ့အရေအတွက်ထက်ကို ၅ ဆ ၆ ဆ ကနေပြီးတော့ အဆ ၂၀ – ၃၀ လောက်ထိ တက်လာပြီးတော့ ကျွန်တော်တို့ ဝင်ငွေတွေရော သင်တန်းသားတွေ လာတတ်တဲ့ အတိုင်းအတာအနေနဲ့‌ရော မိတ်ဆွေကောင်းတွေရတယ်။

Relationships ကောင်းတွေ Networking ဒါတွေရလာတော့ အများကြီး အကျိုးထပ်ပြုတယ်။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကားက ကျွန်တော်တို့ပျော်မလား၊ မပျော်ဘူးလား ဆိုတာဆုံးဖြတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကားက အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာ ဆုံးဖြတ်တယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကားက ပတ်ဝန်းကျင်ကလူတွေနဲ့ ကမ္ဘာကြီးအပေါ်ကျွန်တော်တို့ မြင်တဲ့အမြင်ကို ဆုံးဖြတ်တယ်။

ကိုယ့်ရဲ့ပတ်ဝန်းကျင် ကမ္ဘာကြီးနဲ့ ပတ်ဝန်းကျင်က လူတွေအပေါ်မှာ ကျွန်တော်တို့ ဘယ်လိုမြင်သလဲဆိုတာ ဆုံးဖြတ်တယ်။ ဥပမာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေတဲ့ လူတွေရှိတယ်။ အရည်အချင်းပိုင်းဆိုင်ရာ ညံ့တဲ့သူရှိမယ်။ ဒီကောင်ငတုံးပဲ၊ ဒီကောင်ငညံ့ပဲလို့ စဉ်းစားလိုက်လို့ရှိရင် သူတို့နဲ့ ကျွန်တော်နဲ့ ဆက်ဆံတဲ့နေရာမှာ အဆင်မပြေတော့ဘူး။

ဒါပေမဲ့ သူ့နေရာမှာ သူကတော့ ဘာလေးတွေတော့ကောင်းတယ် ဘာလေးတွေတော့ သူအားနည်းနေတယ်။ သူ့ကိုငါပြုပြင်ပေးရမယ် ဆိုတဲ့စိတ်မျိုး အဲဒီလိုတွေးရင် ကိုယ့်ကိုယ်ကိုယ်ပြောလို့ရှိရင်ကျတော့ ကျွန်တော်တို့က အများကြီးပိုပြီးတော့ အပြုသဘောဆောင်တယ်။

တကယ် Leader တစ်ယောက်က တစ်ခြားသူတစ်ယောက်ကို အပြစ်တင်တဲ့ဘက်ကနေ ချဉ်းကပ်မယ့်အစား ကောင်းတဲ့ဘက်ကနေ ချဉ်းကပ်နိုင်ရင် အများကြီး ပိုပြီးအဆင်ပြေတယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့ သူ့ကို ဒီကောင်အလကားကောင်ပဲလို့ ကျွန်တော်တို့ စဉ်းစားမယ့်အစား ခုနတုန်းက ပြောသလိုမျိုး ကျွန်တော်တို့ သူ့ကို ဘာကူညီပေးရမလဲဆိုတဲ့ဘက်ကနေ ချည်းကပ်လိုက်လို့ရှိရင် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ပေါ်မှာ မြင်တဲ့အမြင်တွေ ပြောင်းသွားနိုင်တယ်။

ကျွန်တော်တို့ရဲ့ လုပ်ပုံကိုင်ပုံတွေ ပြောင်းသွားနိုင်တယ်။ အဲဒီအတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကားက အများကြီး အရေးကြီးတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungexecutivecoach
#ceocoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial