လူတွေကို ဦးဆောင်နေတဲ့ သူတွေဘဲဖြစ်ဖြစ် ကိုယ့်ဘဝမှာ ထိထိရောက်ရောက် အောင်မြင်ချင်တဲ့ သူတွေပဲဖြစ်ဖြစ် ဘယ်သူမဆို လုပ်ဆောင်သင့်တဲ့ အချက်တစ်ခု

ဦးဆောင်သူတစ်ဦးအနေနှင့် ဘဝမှာ အောင်မြင်မှုကို ရရှိချင်တယ်ဆိုရင် စွန့်လွှတ်ရမယ့် အချက် ၉ ချက်
June 12, 2020
ဦးဆောင်သူတွေအနေနဲ့ လူအများ ယုံကြည် အားထားရတဲ့ ဦးဆောင်သူဖြစ်လာအောင် လုပ်နိုင်တဲ့နည်းလမ်း (၃) ခု
June 14, 2020

လူတွေကို ဦးဆောင်နေတဲ့ သူတွေဘဲဖြစ်ဖြစ် ကိုယ့်ဘဝမှာ ထိထိရောက်ရောက် အောင်မြင်ချင်တဲ့ သူတွေဘဲဖြစ်ဖြစ် ဘယ်သူမဆို လုပ်ဆောင်သင့်တဲ့ အချက်တစ်ခု

ကိုယ်က ကိစ္စတစ်ခုကိုမသိတဲ့အခြေအနေမျိုးကို ကြုံလာပြီဆိုရင် မသိဘူးသာပြောလိုက်ပါ။ မသိဘူးလို့ ပြောတာကို မကြောက်သင့်ဘူး။ မသိဘူးလို့ပြောတာက ကိုယ်က လူညံ့တစ်ယောက်၊ ကိုယ့်အနေနဲ့ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူးလို့ ဆိုလိုချင်တာ မဟုတ်ဘူး။ တစ်ချို့နေရာတွေမှာ ကိုယ်က တစ်ခုခုမသိတာကို မသိကြောင်းဝန်ခံတာက ရိုးသားမှုကိုပြရာကြပါတယ်။ ဒီနေရာမှာ ပြောနိုင်တာ တစ်ခုက ကိုယ်မသိဘူးလို့ပြောတဲ့ အရာတစ်ခုက ကိုယ်သိကိုသိရမယ့်နေရာတစ်ခုမှာတော့ ကိုယ်မသိလို့သွားပြောလို့မရဘူးပေါ့။ ကိုယ်သိကိုသိရမယ့်နေရာမယ့် နယ်ပယ်တစ်ခုမှာကိုယ် မသိရင် ကိုယ်က တာဝန်မယူတဲ့ သူတစ်ယောက်ဖြစ်သွားနိုင်တယ်။ ကျွန်တော် သင်တန်းတွေမှာလည်း အမြဲတမ်းပြောတယ် သိကိုသိရမယ့် အရာတစ်ခုကို မသိဘူးလို့ပြောတာ ခေါင်းရှောင်တာနဲ့တူတယ်။ သိဖို့ဆိုရင် အင်တာနက်မှာ ရှာဖတ်လို့ရတယ်။ စာအုပ်ဖတ်လို့ရတယ်။ သိတဲ့သူကိုမေးလို့ရတယ်။ သင်တန်းတွေတက်လို့ရတယ်။ ဒါက ကိုယ်သိသင့်တဲ့နေရာမှာ သိအောင်လုပ်ရမှာပေါ့။ ကိုယ်က နေရာတိုင်းတော့ မသိနိုင်ဘူး။ ကျွန်တော် တစ်ချို့အရေးကြီးတဲ့ အချက်လေးတွေ ပြောချင်ပါတယ်။ (၁) ဘယ်သူမှ အရာ အားလုံးမသိဘူး။ ကိုယ့်ကိုယ်ကိုယ် လက်ခံဖို့လိုတယ်။ အသက်အရွယ် အရမ်းရပြီး Experience တွေ အများကြီး ရှိနေတဲ့သူဆိုရင်တော့ မပြောတက်ဘူး။ ဒါပေမယ့် ပုံမှန်အားဖြင့် လူတစ်ယောက်က အရာအားလုံးကျွမ်းကျင်၊ အရာအားလုံးသိနေဖို့ ဆိုတာက မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ လက်ခံရမှာက ဘယ်သူမှ အရာအားလုံးမသိနိုင်သလို ကျွန်တော်တို့လည်း အရာအားလုံးမသိနိုင်ဖူးဆိုတာကို ရိုးရိုးသားသားလက်ခံဖို့လိုတယ်။ (၂) မသိဘဲနဲ့ သိသလိုလို ပြောနေရင် ကိုယ်ရော နားထောင်တဲ့သူတွေရော ဒုက္ခရောက်နိုင်တယ်။ နားထောင်တဲ့ သူကတော့ ကိုယ်ပြောတာကို အဟုတ်မှတ်ပြီးထင်သွားတဲ့ အတွက် သူအရင်ဒုက္ခရောက်နိုင်တယ်။ အဲဒီလိုဘဲ သူဒုက္ခရောက်လာရင် ကိုယ့်ဆီပြန်လှည့်လာတဲ့ အတွက်ကြောင့် ကိုယ်လည်းနာမည်ပျက်တာပေါ့။ ဒီနေရာမှာ Level တစ်ခုရောက်ပြီးသားလူတွေ ငါမသိဘူးပြောလိုက်လို့ အောက်ကျသွားမလားလို့ စိုးရိမ်တယ်။ ကျွန်တော့်ရဲ့ဆရာ Marshall Gold.Smit (World No.1 Executive Coach) ကျွန်တော်တို့ ဖိတ်ကြားမှုနဲ့ မြန်မာနိုင်ငံကို လာသွားတယ်။ သူကဘာပြောလည်းဆိုတော့ Leadership နဲ့ပက်သက်ပြီး သူသိတယ်။ Leadership မှာမှလူတွေရဲ့ Behavior ပြောင်းတာတွေသိတယ်။ သူ Executive Coaching လုပ်တယ်။ ဒါတွေနဲ့ ပက်သက်ပြီးသူသိတယ်။ ဒါတွေနဲ့ ပက်သက်ပြီးလာမေးရင် သူဖြေမယ်။ သူကို သူမသိတဲ့ Business Development နဲ့ပက်သက်ပြီး လာမေးရင် သူမသိဘူး။ နိုင်ငံရေးနဲ့ ပက်သက်ပြီး လာမေးရင် သူဖြေမှာ မဟုတ်ဘူး။ သူမသိဘူးဆိုရင် သူမသိဘူးပြောမယ်။ သူသိတဲ့ဟာဆိုရင် သူဖြေပေးမယ်။ World no 1 Coach တောင်ပြောတာ ကိုယ့်အနေနဲ့ ဘာမှ ဒါကိုရှက်နေစရာမလိုဘူး။ ကိုယ်ကျွမ်းကျင်တဲ့ အဓိက အပိုင်းကိုဘဲ ကိုယ်လုပ်တာကောင်းတယ်။ (၃) အကယ်၍ကိုယ်က မသိဖူးပြောတဲ့နေရာတွေမှာ မသိဘူးပြောတဲ့ အတွက်ကြောင့် သိတယ်လို့ပြောရမယ့်နေရာတွေမှာ သိတယ်လို့ ပြောရမယ့် ဟာတွေမှာ သိတယ်လို့ပြောနိုင်ဖို့ အများကြီး အထောက်အကူပြုတယ်။ တကယ် သိသင့်တဲ့ နေရာတွေမှာ သေသေချာချာ အာရုံစိုက်လာနိုင်တယ်။ တစ်ခါ တစ်လေကြရင် ကိုယ်မကျွမ်းကျင်တဲ့ နေရာတွေ ကိုယ်နဲ့ မဆိုင်တဲ့ နေရာတွေမှာ ကိုယ်က နည်းနည်း နည်းနည်း သိအောင်လိုက်လုပ်နေတဲ့ နေရာမှာ ကိုယ်တကယ်သိသင့်တဲ့ နေရာတွေမှာ လျော့သွားတယ်။ ဘဲရဲ့တာဝန်က ရေကူးဖို့။ သူ့တာဝန်က အမြန်ပြေးဖို့မဟုတ်ဘူး၊ ခပ်မြင့်မြင့်မှာ ပျံဖို့မဟုတ်ဘူး။ ရေကူးတက်ရင်ရပြီ။ ရေကူးမကျွမ်းရင်တော ဘဲက ပြဿနာရှိပြီ။ လင်းယန်ငှက်တွေရဲ့ တာဝန်က အမြင့်ကြီးမှာ ပျံရမှာ။ အမြင့်ကြီးမှာ ပျံရမယ့် ငှက်တွေကို အောက်မှာ နေခိုင်းလို့ မရဘူး။ ဒီနေရာမှာ လင်းယုန်ငှက်ကတော်တယ်။ ဘဲကညံ့တယ်လို့ပြောချင်တာထက် သူ့အားသာချက်နဲ့ သူရှိတယ်။ ကိုယ်ကျွမ်းကျင်ပိုင်နိုင်ရမယ့်နေရာမှာ ကျွမ်းကျင် ပိုင်နိုင်အောင်မလုပ်ထားဘဲနဲ့ တစ်ခြားသူရဲ့ အပိုင်းတွေကို လျှောက်ပြီးတော့ပြောနေရင် အလကားဘဲ။ အဲဒါအတွက် မသိဘူးလို့ ပြောရမှာကို မကြောက်ပါနဲ့။ ဘယ်သူမှ အရာအားလုံးကို မသိဘူး။ ကိုယ်လည်း အရာအားလုံးကို မသိနိုင်တဲ့အတွက် မသိဘဲနဲ့ သိသလိုလို လုပ်ရင် ကိုယ်ရော နားထောင်တဲ့ သူရော ဒုက္ခရောက်နိုင်တယ်။ ကိုယ်မသိသင့်တဲ့ နေရာမှာ မသိဘူးပြောတာက ကိုယ်တစ်ကယ် သိသင့်တဲ့ နေရာမှာ သိအောင်လုပ်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်တယ်။

Naing Win Aung (MBA, UK) Business & Executive Coach

Leadership Development Facilitator

Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach

#Leadership#Coaching#Transformation

#NLP#Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial