လူတွေကို သူတို့လိုချင်တဲ့ ရလဒ်တွေ မရအောင် တားဆီးထားတဲ့ ထိပ်ဆုံးက အရာတစ်ခု

ဘယ်လိုပြဿနာမျိုးကနေမဆို ရုန်းထွက်နိုင်မယ့် သင့်မှာရှိသင့်တဲ့ ခံယူချက် (၁) ခု
June 30, 2020
တစ်စုံတစ်ခုကို အကြောင်းပြပြီး စောင့်ဆိုင်းတတ်သူတွေအတွက် အကြံပြုချက် (၁) ခု
June 30, 2020

လူတွေကို သူတို့လိုချင်တဲ့ ရလဒ်တွေ မရအောင် တားဆီးထားတဲ့ ထိပ်ဆုံးက အရာတစ်ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

တစိုက်မတ်မတ် မလုပ်တတ်ခြင်း။

လူတွေက သူတို့လိုချင်တဲ့ ဟာတွေမရဘူး။ သူတို့လိုချင်တဲ့ သတ်မှတ်ထားတာတွေ ရှိတယ်။ သူတို့လိုချင်တဲ့ အရာလေးတွေ သူတို့ ချရေးရင်ရေးထားမယ်။ စိတ်ကူးထဲမှာ ရှိချင်ရှိမယ်။ ကျွန်တော်တို့ကတော့ ချရေးဖို့ တိုက်တွန်းတယ်။ အဲဒီအရာတွေကို သူတို့မရရင် သူတို့က ဘယ်လိုထင်လဲဆိုတော့ သူတို့ဒီဟာကို ရအောင်လုပ်ဖို့ နည်းလမ်းတွေကို သူတို့မသိလို့ အဲဒီလိုမျိုး ထင်တတ်ကြတယ်။ ကျွန်တော်ကတော့ အဲဒီလိုမထင်ဘူး။

လူတွေက သူတို့တစ်ခုခုကို လိုချင်ပြီဆိုရင် အဲဒါကိုရအောင်သွားမယ့် နည်းလမ်းတွေ သူတို့သိမယ်လို့ ယုံကြည်တယ်။ ဥပမာအားဖြင့် ကျန်းမာရေး ကောင်းချင်တယ်ဆိုရင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ။

ကျန်းမာရေး ကောင်းဖို့ဆိုရင် အစားအသောက်ဆင်ခြင်သင့်တယ်။ အိပ်ရေးဝအောင်အိပ်ရမယ်။ လေ့ကျင့်ခန်း တွေလုပ်မယ်။ စိတ်ဖိစီးမှုတွေ လျော့မယ်။ ဒါက ပုံမှန်အားဖြင့် ကျွန်တော်တို့ အခြေခံသိတာတွေဖြစ်တယ်။ အဲဒါတွေကို ကိုယ်ကသိတယ်ဆိုရင် လုပ်ဖို့အတွက် လှုံ့ဆော်မှု တစ်ခုလိုတယ်။ ပြီးရင် အဲဒီအရာကို ဆက်ပြီးတော့ လုပ်ဖို့လိုတယ်။

ကျွန်တော့် ဆရာ John Maxwell ပြောတာကို စပ်ဆက်ပြီးပြောမယ်ဆိုရင် Motivation ရှိရင် စပြီးသွားတယ်။ ဒါပေမယ့် စည်ကမ်းရှိမှ လူတစ်ယောက်က ဖွံ့ဖြိုးတိုးတက်လာတယ်။ တစ်နည်းပြောရရင် စည်းကမ်းရှိမှ လူတစ်ယောက်က ဆက်ပြီးတော့သွားတယ်။

လူတစ်ယောက်ရဲ့ အောင်မြင်မှုကို သူနေ့တိုင်း ဘာလုပ်လဲဆိုတာကို ကြည့်ပြီးတော့ပဲ တိုင်းတာနိုင်တယ်။ လူတစ်ယောက်အောင်မြင်လား မအောင်မြင်လားဆိုတာကို သူနေ့တိုင်း ဘာကိုမှန်မှန်လုပ်လည်း ဆိုတာကို ကြည့်ရတယ်။

ကိုယ်က စာအုပ်တစ်အုပ်ဖတ်တယ် သင်တန်းတွေ ဘာတွေ သွားတက်တယ်။ TLJ သင်တန်းဆို လူတွေကို တော်တော်လေး Mindset Change ပေးတဲ့ သင်တန်းဖြစ်တယ်။ အဲဒီသင်တန်း တက်ပြီးသွားတဲ့အခါမှာ လူတွေက ငါတို့ ဘာတွေမလုပ်တော့ဘူး ဘာကိုတော့ စပြီးလုပ်တော့မယ်။ ဒီလိုမျိုးတွေ စိတ်ကူးတွေ ပေါ်လာတက်တယ်။ ပေါ်လာပြီးတော့ သူလုပ်တယ်။

ဒါက တစ်နည်းပြောရရင်တော့ Motivation ပေါ့။ ကျန်းမာရေး ကောင်းချင်လို့ဆိုပြီး မနက်စောစော လမ်းတွေထလျောက်တော့မယ်။ Gym တွေသွားမယ်။ အဲဒါက ရက်ပိုင်းနဲ့ ရပ်သွားလို့မရဘူး။ ရက်ပိုင်းလောက်နဲ့ ရပ်သွားရင် ဘယ်လိုမှ Result ကထွက်မှာ မဟုတ်ဘူး။

Relationship ကောင်းချင်တယ်ဆိုရင် Relationship မှာ တစ်ယောက်နဲ့တစ်ယောက် ကောင်းအောင် ဆက်ဆံကြတဲ့အခါမှာ ကိုယ်စိတ်ကူးပေါက်နေတုန်း စိတ်ကြည်သာနေတုန်းလေး ကောင်းအောင်ဆက်ဆံတာ မဟုတ်ဘဲနဲ့ အမြဲတမ်း ကောင်းအောင်ဆက်ဆံမှသာ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်လို့ရမယ်။

လက်အောက်ကလူတွေကို ကိုယ်ကဦးဆောင်တယ်ဆိုရင် ဦးဆောင်တဲ့နေရာမှာ ကိုယ်က ခေါင်းဆောင်မှု စာအုပ်တွေ ခေါင်းဆောင်မှု သင်တန်းတွေတက်ပြီးတော့ တကယ်ကောင်းမွန်တဲ့ Idea တွေ စိတ်နေစိတ်ထား အမူအကျင့်တွေ ရလာပြီဆိုရင် အဲဒါကို သင်တန်းက ပြန်သွားတဲ့အချိန် တက်ကြွနေတဲ့ အချိန်မှာတော့ ကိုယ်ကကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။

ကိုယ့်လူတွေ စစချင်းမှာ ကိုယ့်ရဲ့အထက်လူကြီးက ပြောင်းလာတယ်ဆိုရင် သိပ်ယုံမှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ကယ် တစ်စိုက်မတ်မတ် ပြောင်းလာပြီဆိုရင် ငါတို့ခေါင်းဆောင်က တကယ်ကိုပြောင်းပြီ အဲဒီခါမှာ သူတို့အနေနဲ့ ကိုယ့်အထက်လူကြီးကို ပိုပြီးတော့ ယုံကြည်လေးစားမှု ရှိလာတယ်။

လူတွေကို သူတို့လိုချင်တဲ့ ရလဒ်တွေမရအောင် တားစီးထားတဲ့ အရာက သူတို့ဘာလုပ်ရမယ်ဆိုတာ သူတို့ မသိလို့လည်းမဟုတ်ဘူး။ သူတို့အနေနဲ့ သူတို့ဘာလုပ်ရမလည်းဆိုတာကို သူတို့သိတယ် အရေးကြီးတာက မှန်မှန်မလုပ်ကြတာပဲ။ မှန်မှန်လုပ်အောင် ဘေးနားကနေပြီးတော့ ကျွန်တော်တို့ Coach တွေက ဘာလုပ်လို့ရလည်းဆိုတော့ နှစ်ပါတ်တစ်ခါလောက် တွေ့ဖြစ်တယ်ဆိုရင် မှန်မှန်သူ့ကို တွန်းတာပေါ့။

ဒါပေမယ့်လည်း သူကိုယ်တိုင်ကမှ မှန်မှန်မလုပ်ချင်ဘူးဆိုရင် ကျွန်တော်တို့က ၁ နာရီလောက် Talk ပြောတာလောက်နဲ့ တစ်နာရီလောက် သူပြောတာနားထောင် ပေးရုံနဲ့ မရဘူး။ အရေးကြီးတာက စည်းကမ်းရှိဖို့လိုတယ်။ စည်းကမ်းမရှိဘူးဆိုရင် ဘယ်လိုမှ မရနိုင်ဘူး။

ကိုယ်ကမနက် ဘယ်အချိန် ထမလဲ သတ်မှတ်ထားရင် ထဖြစ်အောင်ထဖို့လိုတယ်။ Facebook ကို ဘယ်လောက်ပဲ သုံးမယ်ဆိုရင် ဘယ်လောက်ပဲသုံးဖို့လိုမယ်။ ဒါတွေ လုပ်မယ်ဆိုရင် မှန်မှန်လုပ်ဖို့လိုတယ်။ ကိုယ်က တစ်နေရာရာမှာ စည်းကမ်းရှိလာပြီဆိုရင် နေရာတိုင်းမှာလည်းကိုယ်က စည်းကမ်းရှိလာမှာပါ။

အဲဒါကြောင့် ဘာလုပ်သင့်လဲဆိုတော့ ကိုယ့်အနေနဲ့ စီးပွားရေးပဲဖြစ်ဖြစ်၊ Relationship ပဲဖြစ်ဖြစ် ဒါမှမဟုတ် ခေါင်းဆောင်မှုပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ အလုပ်အကိုင်ပဲဖြစ်ဖြစ် ဘယ်နယ်ပယ်မှာမဆို
အရေးအပါဆုံး Action ၃ ခုကနေ ၅ ခုလောက်ကိုသက်မှတ် သက်မှတ်ပြီးသွားရင် အဲဒါကို တစ်စိုက်မတ်မတ်လုပ်။

ကျွန်တော် တစိုက်မတ်မတ်လုပ်တာက ဘာလဲဆိုရင် လေ့လာသင်ယူတယ်။ တရားထိုင်တယ်။ ဒါလေးကို အဓိပ္ပါယ်ရှိတယ်လို့လည်း ကျွန်တော်ယူဆတယ်။ ကျွန်တော်တောက်လျှောက် လုပ်တယ်။ ကိုယ်က မှန်မှန်လေ့လာနေမယ်ဆိုရင် မှန်မှန်တိုးတက်နေမယ်။ လေ့လာပြီးရင် မှန်မှန်လည်းအသုံးချရမယ်။

တစ်ဖက်ကလည်း ကျွန်တော်ခုနကပြောသလို တရားထိုင်တယ်ဆိုတာ ဘာသာရေးရှု့ထောင့်ကပဲကြည့်ကြည့် စိတ်ဖိစီးမှုလျော့တဲ့ ဘက်ကပဲကြည့်ကြည့် ကျွန်တော့်အတွက် အများကြီးအကျိုးရှိတယ်။ အဲဒီလိုပဲ မိတ်ဆွေတွေအနေနဲ့ ကိုယ်သွားချင်တဲ့ လမ်းကြောင်းမှာ ကိုယ်မှန်မှန် လုပ်သင့်တဲ့ လုပ်ဆောင်ချက်လေးတွေကို လေ့လာကြည့်ပါ မှန်မှန်လုပ်ကြည့်ပါ။ လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားလာလိမ့်မယ်။ အများကြီး အဆင်ပြေလာလိမ့်မယ်။

အဲဒါကြောင့် တစိုက်မတ်မတ်မလုပ်တက်တာက လူတွေကို သူတို့လိုချင်တာမရအောင် တားစီးထားနိုင်တယ်။ ကိုယ်ကတစ်စိုက်မတ်မတ် လုပ်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ်တွေကိုအများကြီးရလာမှာပါ။ သင်တန်းတွေတက်ရုံနဲ့ မလုံလောက်ဘူး။ စာအုပ်တွေဖတ်ရုံနဲ့ မလုံလောက်ဘူး။ ဘယ်လောက်ပဲ ကောင်းတဲ့ Idea ရှိရှိ အဲဒါကိုမှန်မှန်လုပ်မှပဲ ဒါကတကယ်ကိုအလုပ်ဖြစ်မှာပါ။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial