(၁) ရည်မှန်းချက်မရှိခြင်း
စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က သူ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်ကိုဆက်သွားမှာလဲဆိုတဲ့ ရည်မှန်းချက် မရှိဘူးဆိုရင် လုပ်ငန်းအနေနဲ့ ဘယ်ကို ဦးတည်လို့ ဦးတည်ရမှန်းမသိ၊ ဘာကို ရည်ရွယ်ပြီး လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ အဲဒီအခါ လုပ်ငန်းတိုးတက်မှုက နှေးကွေးတာမျိုး ဖြစ်တတ်ပါတယ်။
(၂) ရှိဖို့လည်း မကြိုးစားခြင်း
အဲဒီလို ဖြစ်နေတဲ့အချိန် သူ့ဆီမှာရှိတဲ့ ဝန်ထမ်းတွေထဲမှာ တိုးတက်ရာ တိုးတက်ကြောင်းကို အင်မတန်လိုလားတဲ့ Team Member တွေ၊ အမြင့်ပိုင်းဝန်ထမ်းတွေ ဒါမှမဟုတ် လုပ်ငန်းပါတနာတွေပါ ရှိနေနိုင်ပါတယ်။ ဒီလိုမျိုး သူတို့က တိုးတက်ရာ တိုးတက်ကြောင်းကို လိုချင်တယ် သူတို့ရဲ့ဦးဆောင်သူက ရည်မှန်းချက်မရှိဘူး၊ ရှိဖို့လည်း မကြိုးစားဘူးဆိုရင် ကျန်တဲ့သူတွေအနေနဲ့ လမ်းပျောက်သလိုမျိုး ဖြစ်လာနိုင်ပြီး သူတို့အတွက် တိုးတက်ရာ တိုးတက်ကြောင်း ရလာနိုင်မယ့် အခြားနေရာတွေကို ပြောင်းသွားနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ လုပ်ငန်းကို တိုးတက် အောင်မြင်ချင်ရင် ရည်မှန်းချက်ရှိဖို့ လိုပါတယ်။ ရည်မှန်းချက်ရှိဖို့ ဆိုတဲ့စကားက ရိုးရှင်းတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူအများစုကို သွားမေးကြည့်ရင် ရည်မှန်းချက်ရှိသလား ဆိုတော့ အောင်မြင်ချင်တယ်၊ ပိုပြီးတိုးတက်ချင်တယ် ဆိုတာက လွဲပြီး တိကျတဲ့ရည်မှန်းချက် မရှိကြတာကို တွေ့ရပါတယ်။
အရေးကြီးတာက လာမယ့် ၂၀၂၁ ထဲမှာ သင်လိုချင်တဲ့ ရည်မှန်းချက်က ဘာလဲ၊ ၂၀၂၀ နှစ်ကုန်ရင် သင်လိုချင်တဲ့ ရည်မှန်းချက်က ဘာလဲ၊ နောက်လာမယ့် ကာလသတ်မှတ်ချက် မရှိတဲ့ အချိန်တစ်ခုမှာ သင့်ရဲ့လုပ်ငန်းက ဘယ်လိုမျိုး ဖြစ်လာတာကို မြင်ချင်သလဲ။ အရေးကြီးတဲ့အချက်က ကျွန်တော်တို့မှာ ပန်းတိုင် တိတိကျကျ ရှိနေရပါမယ်။ ဥပမာ ၂၀၂၁ မှာ ဘယ်လိုမျိုး ဖြစ်ရမှာလဲ။ ၂၀၂၀ နှစ်ကုန်မှာ ဘယ်လိုမျိုး ဖြစ်ရမှာလဲ။ ၂၀၂၁ နှစ်ကုန်မှာ ဘယ်လိုမျိုးတွေ ရှိရမှာလဲ။ Customer Service နဲ့ပတ်သက်ရင် ဘယ်လို ဖြစ်ရမှာလဲ။
Systemization စနစ်ချတာနဲ့ ပတ်သက်ရင် ဘယ်လိုမျိုးတွေ ဖြစ်ရမှာလဲ။ Marketing နဲ့ပတ်သက်ရင် ဘယ်လိုမျိုးတွေ ဖြစ်လာတာကို မြင်ချင်သလဲ။ သင့်ရဲ့လုပ်ငန်းမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ အရည်အချင်းကရော ဘယ်လိုမျိုးတွေ မြင်ချင်သလဲ။ ရောင်းအား ဘယ်လောက်ဖြစ်လာတာကို လိုချင်သလဲ။ သင့်ရဲ့ Profit ကရော ဘယ်လောက် ဖြစ်လာတာကို လိုချင်သလဲ။ ဒါတွေအားလုံးကို သေချာသတ်မှတ်ပြီးမှပဲ လုပ်ငန်းကို အစီအစဉ်သေချာချပြီး သွားလို့ရပါမယ်။
အကယ်၍ သင်က ရည်မှန်းချက်တွေ သေချာ ချမှတ်ထားတာ မရှိဘူး၊ အဲဒီအတွက်လည်း အစီအစဉ် သေချာ ရေးဆွဲထားတာ မရှိဘူးဆိုရင် လုပ်ငန်းက သိသိသာသာနဲ့ မြင်သာထင်သာရှိတဲ့ တိုးတက်မှုမျိုးကို ရမှာမဟုတ်ပါဘူး။ ဒီအတိုင်း လုပ်ရိုးလုပ်စဉ် သွားနေတဲ့ အခြေအနေမျိုးတွေ ဆက်ပြီးတော့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းတစ်ခုကို ရည်မှန်းချက် သေသေချာချာချဖို့ လိုအပ်တယ်။ ပန်းတိုင် သေသေချာချာ သတ်မှတ်ဖို့ လိုတယ်။ လိုအပ်တဲ့ အစီအစဉ်တွေကိုလည်း သေသေချာချာ ရေးဆွဲရမယ်။ သတ်မှတ်ထားတဲ့ အစီအစဉ်တွေအတိုင်းလည်း သေသေချာချာ လုပ်ရမယ်။ ဒါဆိုရင်တော့ မိတ်ဆွေတို့ရဲ့ လုပ်ငန်းက အခုထက် ပိုပြီး အောင်မြင်တဲ့ အနေအထားကို ဦးတည်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
naingwinaungceocoach
naingwinaungexecutivecoach
Leadership #Coaching #Transformation
NLP #Breakthrough
Breakthrough_Coaching_Myanmar
Make_Myanmar_A_Better_Place