လုပ်ငန်းခွင်မှာ ဖြစ်တတ်တဲ့ အငြင်းပွားမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ

ညွှန်ကြားတာထက် ပိုပြီးထိရောက်တဲ့အရာ
July 30, 2020
အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို အမှားအယွင်းမရှိအောင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ
July 31, 2020

လုပ်ငန်းခွင်မှာ ဖြစ်တတ်တဲ့ အငြင်းပွားမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ကျွန်တော်တို့ လုပ်ငန်းခွင်တွေမှာ အငြင်းပွားကြပြီဆိုရင် အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာ ကျွန်တော့်အနေနဲ့ မျှဝေချင်ပါတယ်။

ကိုယ်က အငြင်းပွားတဲ့နေရာမှာ ပါနေတာလား ဒါမှမဟုတ်ရင် ကိုယ်ကအငြင်းပွားတဲ့ လူနှစ်ယောက်ရဲ့ ကြားထဲကနေပြီး ကိုယ်က ဖြန်ဖြေပေးမလား။

ကိုယ်ကဒီနေရာမှာ ကိုယ့်ရဲ့ Role က နှစ်မျိုးကွာခြားနိုင်တယ်။ အရေးကြီးတာဘာလဲ ကျွန်တော်တို့ သေချာတာကတော့ အငြင်းပွားတဲ့ အရာတွေကို ကိုယ့်အနေနဲ့ ချစ်ချစ်ခင်ခင်နဲ့ ဖြေရှင်းမယ်ဆိုတဲ့ စိတ်မျိုးလေးရှိဖို့လိုတယ်။ ဆိုလိုတဲ့သဘောက ကိုယ်က ဟိုဘက်ကလူ ဒီလူက ငါ့ကိုသက်သက်မဲ့ ကိုယ်ရေးကိုယ်တာအရကို ထိခိုက်အောင်လုပ်တာ။ အဲဒီတော့ သူ့ကိုလည်း ငါနစ်နာသွားအောင် တစ်ခုခုလုပ်မယ်။ ဒီလိုမျိုး Personal တွေ ကိုယ်ရေးကိုယ်တာတွေ လိုက်စဉ်းစားနေမယ်ဆိုရင်တော့ အဲဒါက ကျွန်တော်တို့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး။

အဲဒီအခါမှာတော့ ကျွန်တော်တို့တွေ စွန့်လွှတ်သင့်တဲ့အရာကဘာလဲ၊ ကျွန်တော်တို့ စွန့်လွှတ်သင့်တဲ့အရာက အတ္တကို စွန့်လွှတ်ဖို့လိုတယ်။ ဆိုလိုတဲ့သဘောက အတ္တစွန့်လွှတ်ဖို့ လိုတယ်ဆိုတာ အတ္တက လုံးလုံးကြီး စွန့်လွတ်လိုက်ရမယ် ဆိုတာထက်ကို အဓိက ကိုယ့်ဘက်ကိုပဲ သိပ်ကြည့်တာမျိုး ဆိုလိုတဲ့သဘောက ကိုယ့်မှာခံစားမူရှိသလို ဟိုဘက်ကလည်း ခံစားမူရှိတယ်။ ကိုယ့်မှာက ကိုယ်ဖြစ်စေချင်တဲ့ အရာတွေရှိသလို ဟိုဘက်ကလူမှာလဲ သူ့မှာသူဖြစ်စေချင်တဲ့ အရာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ အဲဒီအတ္တကို စွန့်လွှတ်ဖို့လိုတယ်။

နောက်တစ်ခုအရေးကြီးတာ ဘာလဲ။ ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ် ကျွန်တော်တို့က လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ အနိုင်အရှုံးကို အရမ်းကြည့်တယ်။ အဲဒီတော့ နေရာတိုင်းမှာ အနိုင်အရူံးကို ကြည့်စရာမလိုဘူး။ ကိစ္စတစ်ခုမှာ ကိုယ့်အနေနဲ့ နောက်ဆုတ်လိုက်တယ်ဆိုတာ ဒီကိစ္စဟာ ရှုံးနိမ့်သွားတယ်လို့ ကျွန်တော်တို့မခေါ်ဘူး။ အဲဒီအတွက်ကြောင့် ရှုံးးနှိမ့်မှာကို ကြောက်တဲ့စိတ်ကို ကျွန်တော်တို့ စွန့်လွှတ်ဖို့လိုတယ်။

နောက်တစ်ခု အရေးကြီးတာဘာလဲ ခေါင်းမာတာ ခေါင်းမာမူကို ကျွန်တော်တို့ စွန့်လွှတ်ဖို့လိုတယ်။ ခေါင်းမာမှုကို ကျွန်တော်တို့ လက်လျှော့လိုက်ဖို့လိုတယ်။ တစ်နည်းပြောရရင်တော့ ကိစ္စတစ်ခုကို ကိုယ်က ဆုပ်ကိုင်ထားမယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လုံးဝအလျော့မပေးဘူးဆိုရင် ကျွန်တော်တို့က အဲဒီအငြင်းပွားမှုမှာ ကျွန်တော်တို့ လုံးဝပြေလည်ရာ ပြေလည်ကြောင်း ဖြစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ခေါင်းမမာပါနဲ့။ ခေါင်းမာလို့မရဘူး။

နောက်အရေးကြီးတာတစ်ခုက ခံစားလွယ်တာကို စွန့်လွှတ်ဖို့လိုတယ်။ ကိုယ်က စိတ်တိုအရမ်းလွယ်နေမယ်၊ ဝမ်းနည်းတာ အရမ်းလွယ်နေမယ်ဆိုရင် ဟိုဘက်ကလူနဲ့ ကျွန်တော်တို့ ဆက်ဆံတဲ့နေရာမှာ ဘယ်လိုမှ ကောင်းမွန်တဲ့ အဖြေကိုရမှာမဟုတ်ဘူး။ အဲဒီအတိုင်းပဲ ကိုယ်က အဲဒီလူနှစ်ယောက်ကြားမှာ ဝင်ဖြန်ဖြေပေးနေမယ်ဆိုရင်လည်း ခုနကအချက်တွေနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်လုံးက စွန့်လွှတ်ဖို့ ကိုယ့်အနေနဲ့ ကူညီပြီးတော့ လမ်းပြပေးနိုင်ဖို့ မဖြစ်နိုင်ဘူး။

အဲဒီတော့ အရေးကြီးတာဘာလဲ ကျွန်တော်တို့ သူနဲ့ကိုယ်နဲ့ကြားထဲမှာ အဆင်ပြေအောင် လုပ်ကြဖို့ဆိုရင် အရေးကြီးတာ ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ သူအလေးထားတာက ဘာတွေလဲ။ ကိုယ်အလေးထားတာက ဘာတွေလဲ။ ကိုယ့်အတွက် အရေးကြီးတာက ဘာတွေလဲ သူ့အတွက် အရေးကြီးတာက ဘာတွေလဲ။ ဒီအခြေအနေကနေပြီးတော့ ကိုယ်လိုချင်တဲ့ အဖြေကဘာလဲ။ သူလိုချင်တဲ့ အဖြေကဘာတွေလဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သိဖို့လိုတယ်။

ကျွန်တော်တို့ ဘာသိဖို့လိုလဲဆိုတော့ ဘုံရည်ရွယ်ချက်ကို သိဖို့လိုတယ်။ ဘုံရည်ရွယ်ချက် နှစ်ဦးနှစ်ဖက် တူနေတဲ့ ရည်ရွယ်ချက် ပိုပြီးတော့ မြင့်မားတဲ့ ရည်ရွယ်ချက် ဖြစ်ဖို့လိုတယ်။ Department နှစ်ခုက ငြင်းကြခုံကြတယ်ဆိုရင် အဲဒီ Department နှစ်ခုက သူ့ဌာနသူ ထိခိုက်မှာစိုးလို့ ကာကွယ်ပြီးတော့ ငြင်းကြတယ်။ အဲဒီအတိုင်းပဲ အဖွဲ့အစည်းအတွက် သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ။ အဖွဲ့အစည်းအတွက်ကို သူတို့ဘာတွေပြင်ဆင်ချင်တာလဲ။ အဖွဲ့အစည်းအတွက် အကျိုးစီးပွားကဘာလဲ။ ဒါလေးကို ပြန်ပြီးတော့ ပုံဖော်ပေးမယ်ဆိုရင် အများကြီးအဆင်ပြေတယ်။

နောက်တစ်ခုက ညှိနှိုင်းဖို့လိုတယ်။ ဆိုလိုတဲ့သဘောက အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကို ရသွားပြီဆိုရင် အဲဒီကနေပြီးတော့ ကျွန်တော်တို့ညှိနှိုင်းဖို့ စပြီးကိုယ့်စိတ်ကိုယ် ဖွင့်ထားဖို့လိုတယ်။ ကိုယ့်စိတ်က အရမ်းကိုခေါင်းမာတယ် ဘာနေနေ လက်မခံဘူး ငါပြောတာပဲ မှန်တယ်ဆိုရင် အဲဒါက အဆင်မပြေဘူး။ အရေးကြီးတာက သူနိုင်ဖို့လည်း မဟုတ်ဘူး။ ကိုယ်နိုင်ဖို့လည်း မဟုတ်ဘူး။ အဲဒီတော့ ဘယ်အကြောင်းအရာက ဘယ်အဖြေဘယ်ဆုံးဖြတ်ချက်က ကိုယ့်အဖွဲ့အစည်းအတွက် ကိုယ့်ရဲ့ဖောက်သည်တွေအတွက် ဆက်စပ်တဲ့လူတွေအတွက်ကို ရေရှည်မှာ ကောင်းစေဖို့လဲ ဒါလေးကို စဉ်းစားပါ။

အဲဒီတော့ အနိုင်ပေးချင် ပေးမယ်ဆိုရင် သူ့လည်းမဟုတ်ဘူး။ ကိုယ့်လည်းမဟုတ်ဘူး အဖွဲ့အစည်းကို အနိုင်ပေးရမယ်။ အဖွဲ့အစည်းအတွက် ရေရှည်အကျိုးစီးပွားကို ကျွန်တော်တို့ ကြည့်ရမယ်။ အဲဒီအတွက်ကြောင့် ရေတိုမှာ တစ်ယောက်ချင်းအနေနဲ့ စွန့်လွှတ်ရတာမျိုး ရှိနိုင်တယ်။ ကျွန်တော်တို့ ကိုယ့်ရဲ့ဆန္ဒကို ဖြစ်ချင်တာတွေ စဉ်းစားလို့ရတယ်။ ပြီးတော့ဟိုဘက်လူက ဘာတွေဖြစ်ချင်တာလဲ ဒါလေးတွေကို စာနာနားလည်နိုင်အောင် ကျွန်တော်တို့ ကြည့်ဖို့လိုတယ်။ ပြီးရင်ကောင်းတာတော့ အပြင်လူတစ်ယောက်အနေနဲ့ဆိုရင် ဒီကိစ္စကို ဘယ်လိုမြင်လဲ။ အဲဒီတော့ ဒါမျိုးလေးတွေကို လိမ်ပတ်လည်အောင် ကျွန်တော်တို့ စဉ်းစားကြည့်ဖို့လိုတယ်။

ပြီးသွားရင်တော့ အဖွဲ့အစည်းရဲ့ အကျိုးစီးပွားအတွက် ငါတို့ဘာလုပ်သင့်လဲ အဖွဲ့အစည်းရဲ့ ရေရှည်အကျိုးစီးပွားက ဘာလဲ။ ဒါလေးကို ကိုယ်က သူနဲ့ကိုယ်နဲ့ကြားထဲမှာ သဘောတူတယ်ဆိုရင် အဲဒီကနေပြီးတော့ ငါတို့ဆက်ပြီးတော့ ပြေလည်ရာ ပြေလည်ကြောင်းအတွက် ဆက်ပြီးတော့ ဖြေရှင်းရမလဲ။ အရေးကြီးတာ ကိုယ့်အကျိုးကြီးပဲ အတ္တနဲ့ ကိုယ့်ဘက်ကိုယ် ကြည့်တဲ့စိတ်တွေကို စွန့်လွှတ်ပါ။ ပြီးတော့ နောက်ဘာလဲ အလကားနေရင်း ရူံးသွားမှာပဲ ငါတော့ လက်လျော့လိုက်ရမှာပဲဆိုတဲ့ စိတ်မျိုးတွေကိုမထားပါနဲ့။ ခေါင်းမမာပါနဲ့။

လုပ်ငန်းခွင်ထဲမှာ အဲဒီလောက် ခံစားနေရင် အလုပ်လုပ်ရတာ အဆင်ပြေမှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ကိုယ့်ဘက်ကစပြီးတော့ သူနဲ့သေသေချာ ရအောင်ညှိနိူင်းမယ်ဆိုတဲ့ စိတ်လေးနဲ့ လုပ်မယ်ဆိုရင် သူ့ဘက်ကလည်း အတိုင်းအတာတစ်ခု ပြောင်းလဲလာလိမ့်မယ်။ အဲဒီလိုဆိုရင်တော့ အလုပ်လုပ်ရတာ အများကြီး အဆင်ပြေလာမယ်။ နှစ်ဖက်စလုံးက ဒါမှမဟုတ် တစ်ယောက်ယောက်က လုံးဝအညှိမခံဘူး လုံးဝမလုပ်ဘူးဆိုရင် ဒါအဆင်ပြေမှာ မဟုတ်ဘူး။

ဒါနဲ့ပတ်သက်ပြီးတော့ ကိုယ်က NLP တို့ ဘာတို့မှာပါတဲ့ သင်ခန်းစာတွေ ဒါမှမဟုတ်ရင်လည်း အခြားပြောဆိုညှိနှိုင်း သင်ခန်းစာလေးတွေ လေ့လာထားမယ်ဆိုရင်တော့ ကိုယ့်အနေနဲ့ ဒီအငြင်းပွားမူတွေကို ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်လာမယ်။ အရေးကြီးတာတစ်ခုကတော့ အတွေ့အကြုံလိုမယ်။ အတွေ့အကြုံများလာမှပဲ ကိုယ့်အနေနဲ့ လုပ်ရကိုင်ရတာ ပိုပြီးတော့ လွယ်လာမယ်။

ကျွန်တော်တို့လည်း နေရာတိုင်းမှာ ညှိလို့ရမယ်လို့ မပြောနိုင်ဘူး။ နောက်တစ်ခုက ဝင်ပြီးတော့ ညှိပေးလို့ ရမယ်မပြောနိုင်ဘူး။ ဘာလို့ဆိုတော့ အခြေနေကွာတယ်။ ကိုယ်ကျွမ်းကျင်တဲ့ အခြေနေမျိုးမှာဆိုရင်တော့ နားလည်လွယ်တယ်။ အချို့အခြေနေမှာတော့ အမြဲတမ်း အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက် အရေးကြီးတာ များများလေ့လာပါ။ ပြီးရင် များများအသုံးချကြည့်ပါ။ ပြီးရင် အတွေ့အကြုံများမျာယူပါ။ လုပ်ရင်းကိုင်ရင်းနဲ့ ပိုပြီးတော့ အဆင်ပြေလာမှာပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial