လုပ်ငန်းခွင်မှာလူတွေ အလုပ်မပြီးရတဲ့အကြောင်းအရင်း (၃) ခု

သင့်ရဲ့ဘဝမှာ ရလဒ်ကောင်းတွေလိုချင်ရင် လိုက်နာသင့်တဲ့ စည်းကမ်းချက် ( ၅) ချက်
January 25, 2021
အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားကို မွေးမြူရင် ရလာနိုင်တဲ့ အကျိုးကျေးဇူး (၃) ခု
January 30, 2021

(၁) နေ့တစ်နေ့တာမှာ ဘာတွေပြီးရမယ်ဆိုတာကို မသတ်မှတ်ထားခြင်း။

ဘာတွေပြီးရမယ်ဆိုတာ မသတ်မှတ်ထားတဲ့ အတွက်ကြောင့် အလုပ်ကို ကိုယ်ကစပြီးတော့ တစ်ခုပြီးတစ်ခု ဘာလုပ်မယ်ဘာလုပ်မယ် လုပ်ရမယ့်အစား ပေါ်လာတာကို ကောက်ကောက်လုပ်တာ။ ဥပမာ Facebook တွေ သွားပြီးစစ်လိုက်တယ် စစ်လိုက်တဲ့အခါမှာ Messenger ကဝင်လာတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို တစ်ခုခုမေးထားတယ်။ တစ်ခုခု ပို့ထားတယ်။ တစ်ခုခုကြည့်ခိုင်းတာ ဒါမှမဟုတ်ရင်လဲ အလုပ်နဲ့မဆိုင်တဲ့ အကြောင်းအရာတွေ ပြောထားတယ်။ ဒါမျိုးလေးတွေမှာဆိုရင် ကိုယ်က လည်ထွက်သွားတယ်။ အဲဒါမျိုးတွေ ဖြစ်တတ်တယ်။ အဲဒီတော့ ဘာတွေပြီးရမယ်ဆိုတာ မသတ်မှတ်ထားရင် အလုပ် မတွင်ကျယ်တာမျိုးတွေ ဖြစ်နိုင်တယ်။

(၂) အချိန်ဇယားမဆွဲထားခြင်း။

To Do List ဆိုတာ ဒီနေ့တစ်နေ့တာမှာ ဘာတွေပြီးရမယ်ဆိုတာ စာရင်းတော့လည်း သေသေချာချာ ချရေးထားတယ်။ ပြီးရမယ့်အလုပ်တွေ အကုန်လုံးချရေးထားတယ်။ သူဘာလုပ်မထားဘူးဆိုတာ အချိန်ဇယားမဆွဲထားဘူး ။အချိန်ဇယား မဆွဲထားတဲ့အခါကြတော့ လုပ်ရမယ့် အလုပ်တွေတော့ ချရေးထားတယ် အချိန်ဇယားနဲ့ ဥပမာ သေသေချာချာ ဘယ်အလုပ်ကို ဘယ်အထဲမှာ ဘယ်နှစ်မိနစ်ယူပြီးလုပ်မယ် ဘယ်နှစ်နာရီကြာအောင်လုပ်မယ်။ ပြီးရင်ကြားထဲမှာ ခရီးသွားချိန် တစ်နေရာနဲ့တစ်နေရာ ကူးတဲ့အချိန် ဟိုသွားဒီသွား သွားတဲ့အချိန်ဟာ ဘယ်လောက်လောက်ကြာမှာလဲ ဒီလိုဟာမျိုးတွေ အချိန်ဇယားနဲ့ သေသေချာချာထည့်ထားတာ မရှိလို့ရှိရင် ဘာဖြစ်နိုင်လဲဆိုရင် ကျွန်တော်တို့က တစ်ခုကိုသွားလုပ်လိုက်ပြီးတော့ အဲဒီတစ်ခုထဲမှာ မျှောနေပြီးတော့ ကျန်တဲ့ဟာကို မလိုက်နိုင်တော့တာလည်း ဖြစ်နိုင်တယ်။

အဲဒီတော့ To Do List တစ်ခုထဲနဲ့ အလုပ်မဖြစ်ဘူး။ အရေးကြီးတာ Schedule လည်းအရေးကြီးတယ်။ အချိန်ဇယားဆွဲထားဖို့လို့တယ်။ အဲဒီတော့ ကျွန်တော်တို့ တစ်ပတ်စာဆိုရင်လည်း တစ်ပတ်စာ ဘာတွေပြီးရမလဲဆိုတာ မသတ်မှတ်ထားတာ ပြီးရင် ကျွန်တော်တို့ အချိန်ဇယားနဲ့ ဘယ်နေ့မှာ ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာ ဘာလုပ်ရမယ်၊ ဘယ်တော့ ဘာပြီးရမယ်ဆိုတာ အဲဒီလိုမျိုး တစ်ခုချင်း သေသေချာချာ ပြက္ခဒိန် ထဲမှာ ဖုန်းထဲမှာဆိုလည်း Calendar ထဲမှာ ဒါမျိုးတွေမှာ ကျွန်တော်တို့ မထည့်ထားတဲ့အခါမျိုးမှာ အလုပ်တွေဟာ မတွင်ကျယ်တာ မပြီးတာမျိုးတွေ ဖြစ်နိုင်တယ်။

(၃) အာရုံစူးစိုက်မှုမရှိခြင်း။

ဘာတွေပြီးရမယ်ဆိုတာလည်း ရေးထားတယ် ပြီးလည်းပြီးရော ဘယ်အချိန်မှာ ဘာလုပ်ရမှာလဲ သတ်မှတ်ထားတယ် အချိန်ဇယားနဲ့လည်း သတ်မှတ်ထားတယ်။ ဒါပေမယ့် လုပ်နေရင်းနဲ့ စိတ်ကဟိုခုန်ဒီခုန်ဖြစ်နေတယ်။ ဟိုခုန်ဒီခုန်ဆိုတာ ဂိမ်းဆော့တာမျိုးတို့ Facebook ကို ကောက်ပြီးကြည့်လိုက်တာမျိုးတို့ သူများတစ်ခုခု အသံထွက်လာပြီဆိုရင် ကိုယ်ကထပြီး သွားကြည့်တာမျိုးတို့ အဲဒါမျိုးတွေ ဖြစ်ပြီဆိုရင် ဘယ်လိုမှ အာရုံစူးစိုက်မှု မရှိနိုင်တော့ဘူး။ အဲဒီအခါကြတော့ လုပ်ငန်းရှင်တွေ အလုပ်မသွားဘူးဆိုရင်လည်း မသွားတာကိစ္စမရှိ သွားတယ်ဆိုရင်လည်း အလုပ်ကပြီးမှရမယ်။ အဲဒီအတိုင်းပဲ ကိုယ့်ရဲ့ဝန်ထမ်းတွေ အလုပ်ပြီးလား မပြီးလားဆိုတာ ကျွန်တော်တို့က စောင့်ကြည့်ပေးဖို့လို့တယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial