လုပ်ငန်းကို ဆနဲ့ချီပြီး တိုးတက်ဖို့အတွက် လုပ်ငန်းရှင်တွေ သတိမထားမိတဲ့ လျှို့ဝှက်ချက် ၄ ချက်

သင့်ရဲ့စိတ်နေသဘောထားကို ပြောင်းလဲနိုင်ချင်တယ်ဆိုရင်
August 6, 2020
ဦးတည်ရာမဲ့ဖြစ်နေတာကို ရပ်ရမယ့်အချိန်ရောက်ပြီ။
August 8, 2020

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သင်အမြဲတမ်းလုပ်ချင်တဲ့အရာဟာ သင့်လုပ်ငန်းကနေ အမြတ်အစွန်းရအောင် လုပ်ဖို့ ဖြစ်တယ်။

အဲဒါဟာမှန်တယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးပန်းတိုင်ဟာ သင့်ရဲ့လုပ်ငန်းကို ၂ ဆတက်လာအောင် လုပ်ခြင်း ဖြစ်တယ်။

နိစ္စဓူဝကိစ္စတွေကို လုပ်နေရင်း အချိန်တွေကုန်နေတဲ့လုပ်ငန်းရှင် ဦးဆောင်သူတွေကို ကျွန်တော့်အနေနဲ့ လွယ်ကူရိုးရှင်းတဲ့ အကြံပြုချက် ၄ ခုကို ရှင်းပြချင်ပါတယ်။

အဲဒီလို နည်းလမ်းတွေဟာ ကျွန်တော့်ကိုတင်မကပဲ ကျွန်တော့်ရဲ့ Business Coaching Client တွေကိုပါ လုပ်ငန်းကို ၁ နှစ် ဒါမှမဟုတ် ၁ နှစ်ခွဲအတွင်း ဆနဲ့ ချီပြီး တိုးတက်လာစေခဲ့တာဖြစ်ပါတယ်။

၁။ သင့်ရဲ့ Business Model ကို ပြန်သတ်မှတ်ပါ။

သင့်လုပ်ငန်းကို ၂ ဆ တိုးတက်ဖို့ဆိုရင် သင့်အတွက် ရှင်းလင်းတဲ့ဖော်မြူလာလိုပါတယ်။

သင့်လုပ်ငန်းက ဘာလဲ၊ သင့်ပန်းတိုင်ကို ရဖို့အတွက် သင်အရေအတွက် ဘယ်လောက်ရောင်းရဖို့လိုလဲဆိုတာကို သင်ရှင်းရှင်းလင်းလင်း သိနေဖို့ လိုပါတယ်။

သင့်လုပ်ငန်းကို ၂ ဆ တိုးတက်ဖို့အတွက် သင့်အနေနဲ့ အလွယ်ကူဆုံး လုပ်နိုင်တဲ့နည်းဟာ သင်ယူတဲ့စျေးနှုန်းကို ၂ ဆ တင်တာ ဒါမှမဟုတ်ရင် သင့်ရဲ့ ဖောက်သည်အရေအတွက်ကို ၂ ဆ တိုးလာအောင် လုပ်တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီနည်းလမ်း ၂ ခုဟာ တကယ့်တကယ်တန်းမှာ ရဖို့ အင်မတန်ခက်ခဲလို့ နည်းပါးတဲ့ အရေအတွက်လောက်ကပဲ ဖြစ်အောင် လုပ်နိုင်ကြပါတယ်။

လုပ်ငန်းရှင်တွေနဲ့ အလုပ်လုပ်ကြည့်တဲ့အခါမှာ အဖြေကတော့ သူတို့ရဲ့ ဝင်ငွေ လမ်းကြောင်းကို ဘယ်လိုအမျိုးမျိုး သတ်မှတ်ထားသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

အနှစ်သာရကတော့ သင်နဲ့ အလုပ်လုပ်ချင်တဲ့သူတွေအတွက် အမျိုးမျိုးသော ဈေးနှုန်းသတ်မှတ်ချက်ရှိတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို ဖန်တီးထားဖို့ ဖြစ်ပါတယ်။

သင်ဆီကို ဝင်လာစရာ လမ်းကြောင်းများလေလေ လူတွေများများ ဝင်လာလေလေပါပဲ။

နောက်တစ်နည်းပြောရရင် ဈေးသက်သာပြီး အရည်အသွေးကောင်းတဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုတစ်ခုခုနဲ့ သင့်ဖောက်သည်တွေကို ဆွဲဆောင်ပါ။

ပြီးရင် ဈေးပိုမြင့်ပြီး အရည်အသွေးပိုကောင်းတဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေကို မိတ်ဆက်ပါ။

၂။ သင့်ကို ဘယ်အရာက တွန်းအားဖြစ်စေလဲဆိုတာကို ရှင်းလင်းအောင် လုပ်ပါ။

သင်လုပ်နေတဲ့ အလုပ်ကို သင်လုပ်နေရတဲ့ အကြောင်းရင်းရဲ့ နောက်မှာ သင့်ကို အဓိက စိတ်အားတက်ကြွစေတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

သင့်ရဲ့ ရည်ရွယ်ချက်ကို လွယ်ကူရိုးရင်းတဲ့ စာကြောင်းတစ်ခုဖြစ်အောင် လုပ်ပြီး သင့်ကိုယ်သင် သင့်ရဲ့ တကယ့်တာဝန်ကို မြင်လာအောင် သတိပေးဖို့အတွက် အသုံးပြုပါ။

လုပ်ငန်းရှင်တိုင်းလိုလိုမှာလည်း ကုန်ကျစရိတ်တွေကို ပေးရတဲ့ အခြေခံလိုအပ်ချက်တွေ ရှိပါတယ်။

ဒါပေမယ့် သူတို့အတွက် ငွေကြေးဟာ အဓိက တွန်းအားဖြစ်စေတဲ့ တစ်ခုတည်းသောအရာမဟုတ်ဘူး။

ကျွန်တော်ဆိုရင် စာတွေဖတ်တယ်၊ ရေးတယ်။ နိုင်ငံတကာမှာ ပတ်ပြီး သင်တန်းတွေတက်တယ်၊ ပြန်လည်ဝေမျှတယ်။

ကိုယ့်ကြောင့် လူတွေ ပြောင်းလဲသွားတယ်ဆိုရင် ကျေနပ်တယ်။ အဲဒါက ကျွန်တော့်ကို တွန်းအားဖြစ်စေတယ်။

အကယ်၍ သင့်အနေနဲ့ သင့်လုပ်ငန်းကို ၂ ဆ တိုးတက်ချင်ပြီး တာရှည်ခံတဲ့ လုပ်ငန်းတစ်ခု ဖြစ်ချင်တယ်ဆိုရင် သင့်ရဲ့ လုပ်ငန်းအတွက် အဓိက တွန်းအားဖြစ်စေတဲ့ ရည်ရွယ်ချက်ကို ရှာပြီး ဖွင့်ထုတ်ဖို့ လိုပါတယ်။

စိတ်အားတက်ကြွမှုဟာ တောင်တွေကိုတောင် ရွေ့စေနိုင်တယ်ဆိုတဲ့ စကားရှိပါတယ်။

ပြီးတော့ သင်သာ သင့်ရဲ့ တကယ့်ရည်ရွယ်ချက်ကို သိလာပြီဆိုရင် လူပင်ပန်းရင်တောင် စိတ်က ခံနိုင်တယ်။ လေ့လာသင်ယူရမယ်ဆိုရင်လည်း တက်တက်ကြွကြွရှိမယ်။ လုပ်ငန်းအစီအစဉ်တွေ ဆွဲရတာလည်း သဘောကျလိမ့်မယ်။

ပြီးတော့ အရစ်ရှည်တဲ့ ဖောက်သည်မျိုးတွေ၊ ဆက်ဆံရခက်တဲ့ ဖောက်သည်မျိုးတွေဆိုရင်တောင် ပိုပြီး စိတ်ရှည်လက်ရှည်နဲ့ ဆက်ဆံနိုင်လာလိမ့်မယ်။

ရလဒ်ကတော့ သင့်လုပ်ငန်းကို ပိုပြီး တိုးတက်လာစေလိမ့်မယ်။

၃။ အစီအစဉ် (Plan) တွေကို ချရေးထားပါ။

အကယ်၍ သင်ဟာ အပျော်တမ်း အပြေးသမားတစ်ယောက်ဖြစ်ပြီး လာမယ့် ၁၂ လမှာ မာရသွန်ပြေးပွဲတစ်ခု ဝင်ပြေးဖို့ ဆုံးဖြတ်တယ်ဆိုပါစို့။

ဝါသနာအရ ပြေးတာကနေ မာရသွန်ပြေးတဲ့သူဖြစ်လာဖို့အတွက် လူအများစုဟာ လမ်းပြ (Coach) ငှားကြလိမ့်မယ်။

ပြီးတော့ Professional Coach တွေဟာ သင့်ကို လေ့ကျင့်ချိန် တစ်ချိန်နဲ့ တစ်ချိန်ကြားမှာ ဘာတွေလုပ်ရမယ်ဆိုတဲ့ ချရေးထားတဲ့ အစီအစဉ် မပေးပဲနဲ့ လေ့ကျင့်ချိန်ကို အဆုံးသတ်မှာ မဟုတ်ဘူး။

သင့်လုပ်ငန်းကို ဆနဲ့ ချီပြီး တိုးတက်ဖို့ဆိုတာကလည်း တူတူပါပဲ။

တိတိကျကျ သတ်မှတ်ချရေးထားတာ မရှိပဲနဲ့ အဲဒါကို လုပ်ဖို့ဟာ အရမ်းကို ခက်ခဲပြီး မဖြစ်နိုင်သလောက်ပါပဲ။

သင့်ရဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း တိတိကျကျ ချရေးထားရမယ်။

ဥပမာ အားဖြင့် အချို့ကို ဖော်ပြရမယ်ဆိုရင် ဘာတွေကို ရေးသင့်လဲဆိုတော့

  • ဘယ်လို ဈေးကွက်ဖော်ဆောင်ရေး နည်းဗျူဟာတွေကို သင်လုပ်ဆောင်မှာလဲ။
  • သင့်ဖောက်သည်ဖြစ်လာနိုင်သူတွေကို ဘယ်လို အခမဲ့အကြံပြုချက် ဒါမှမဟုတ် လက်ဆောင်တွေနဲ့ ကမ်းလှမ်း ဆွဲဆောင်မှာလဲ။
  • ဘာတွေကို ဘယ်လောက်တစ်ခါ အကောင်အထည်ဖော်မှာလဲ။
  • သင့်ရဲ့ ဘက်ဂျက်က ဘယ်လောက်လဲ။
  • သင့်ရဲ့ အလားအလာရှိဖောက်သည်ကို တကယ့်ဖောက်သည်ဖြစ်လာအောင် ဘယ်လိုပြောင်းလဲမှာလဲ။

၄။ အကောင်းဆုံး အထောက်အပံ့တွေကို ရှာဖွေပါ။

အကယ်၍ သင်သာ တစ်ခါမှ တောင်မတက်ဖူးပဲ တစ်ယောက်တည်းတက်ဖို့ကြိုးစားမယ်ဆိုရင် လမ်းတစ်လျှောက်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ့်အပြင် နာကျင်စရာ ဆုံးရှုံးမှုတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။

မြန်မြန်ဆန်ဆန်သာ စလို့ရရင်ရမယ်၊ လှလှပပတော့ အဆုံးသတ်နိုင်မှာမဟုတ်သလို သင်လည်း အဲဒီလိုဖြစ်ချင်မှာ မဟုတ်ပါဘူး။

အကယ်၍ သင်ဟာ ဝေးဝေးနဲ့ ထိထိရောက်ရောက်သွားချင်တယ်ဆိုရင် အထောက်အပံ့ကို ရှာဖို့ လိုပါတယ်။

သင့်လုပ်ငန်းကို ၂ ဆ တိုးတက်အောင် လုပ်ဖို့ကလည်း တူတူပါပဲ။

သင့်ကို လမ်းပြပေးမယ့် Coach တစ်ယောက်ရှာဖွေခြင်းဟာ အကောင်းဆုံး ပြင်ဆင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။

အဲဒီလိုလမ်းကို ဖြတ်သန်းထားဖူးတဲ့ Coach ကို ရှာဖွေမိဖို့တော့ သေချာအောင် လုပ်ပါ။

မှန်ကန်တဲ့ Coach တစ်ယောက်ဟာ သင့်ကို ဆုံးရှုံးမှုတွေမဖြစ်အောင်၊ နာကျင်စရာအမှားတွေ မကြုံရအောင် ကူညီပေးနိုင်ပြီး သင်သွားချင်တဲ့လမ်းကို သင့်ဟာသင်တစ်ယောက်တည်းသွားနိုင်တာထက် ပိုပြီး မြန်မြန်ရောက်အောင် ကူညီပေးနိုင်ပါတယ်။

ဘယ်သူမဆို ပြောင်းလဲနိုင်တယ်။

သူ့ကိုယ်သူတင်မကပဲ ပတ်ဝန်းကျင်ကိုပါ တိုးတက်ပြောင်းလဲနိုင်စေတဲ့ လူသားတစ်ယောက် ဖြစ်နိုင်တယ်။

အဲဒါ ကျွန်တော်လက်ခံထားတဲ့ ယုံကြည်မှုဖြစ်တယ်။

အဲဒီယုံကြည်မှုကို ကျွန်တော်ဆုပ်ကိုင်ထားတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial