ရှုံးနိမ့်မှာကို စိုးရိမ်နေမယ့်အစား ဘာတွေလုပ်သင့်လဲ

အပြောင်းအလဲတွေကို ဘယ်လိုခံယူမလဲ
July 25, 2020
သာမန်ရလဒ်တွေနဲ့ မကျေနပ်ဖို့
July 25, 2020

လူတစ်ယောက်က တစ်ခုခု အပြောင်းအလဲ လုပ်ရတော့မယ် ဆိုရင်ဖြစ်စေ ကိစ္စတစ်ခု စရတော့မယ် ဆိုရင်ဖြစ်စေ၊ စိတ်ကူးယဉ် အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ စတော့မယ်ဆိုရင် ဖြစ်စေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့ စိုးရိမ်စိတ် ပေါ်လာတတ်တယ်။ စိုးရိမ်စိတ်တွေ ပေါ်လာပြီဆိုရင် ကျွန်တော်တို့ ဘာလုပ်နိုင်လဲ။ ဘာမှ လုပ်လို့မရဘူး။ အဲဒါတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်နောက်ကို လိုက်သွားပြီဆိုရင် ထူပူပြီးတော့ ကျွန်တော်တို့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။

အဲဒီအခါမှာ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ မိတ်ဆွေတွေအတွက်ကို လက်တွေ့သုံးလို့ရမယ့် အချက်လေးတွေ ကျွန်တော့်အနေနဲ့ ဝေမျှချင်တယ်။ အရေးကြီးတာက ဘာလဲဆိုရင် ကိုယ်တကယ် ဘာလိုချင်လဲဆိုတာ သိဖို့လိုတယ်။ ကိုယ်တကယ် ဘာလိုချင်လဲ အဓိက (၆) ချက်ကို မျှဝေပေးချင်တယ်။

(၁) ကိုယ်ဘာလိုချင်တာလဲဆိုတာ သိဖို့လိုတယ်။

ကိုယ်လိုချင်တာက ဒုက္ခတွေ လိုချင်တာလား၊ စိုးရိမ်မှုနဲ့ မကောင်းတဲ့ ရလဒ်တွေ လိုချင်တာလား၊ နံပါတ် (၁) က ဘာလိုချင်တာလဲ သိဖို့လိုတယ်။ ကိုယ်လိုချင်တဲ့ ရလဒ်ကို သိတော့မှ ကိုယ်ဘယ်လိုဆက်ပြီး အကောင်အထည် ဖော်ရမှာလဲကို ဆက်ပြီး စဉ်းစားလို့ရမယ်။

(၂) အဲဒါကို ရဖို့အတွက် ကိုယ်လုပ်သင့်တဲ့ အရာတွေမှန်သမျှ ဘာတွေ ရှိမလဲ။

ဆိုလိုတဲ့သဘောက အဲဒီအရာကို ရဖို့အတွက် ကိုယ်လိုချင်တာက Profit ဘယ်လောက်လိုချင်လဲ။ ဒါမှမဟုတ် ရောင်းအား ဘယ်လိုမျိုးကို လိုချင်လဲ။ ဒါမှမဟုတ် လူတွေဘယ်လို လက်ခံတဲ့ဘဝကို လိုချင်လဲ။ အဲဒါဆိုရင် ဘယ်လိုဖြစ်ရင် ငါတော့ ဒုက္ခရောက်နိုင်တယ်ဆိုတာ မစဉ်းစားနဲ့ ၊ အဲဒါကို နောက်မှစဉ်းစား၊ အဲဒါကို အရင်စဉ်းစားလိုက်ရင် လူက ဘာဖြစ်သွားလဲဆိုတော့ Negative တွေ၊ မကောင်းတဲ့ စိတ်ခံစားမှုတွေ ၊ မကောင်းတဲ့ အတွေးတွေ ဝင်လာရော၊ ဘယ်လိုမှ ဆက်သွားလို့မရဘူး။

ကိုယ်လိုချင်တာက ဘယ်လိုရလဒ်လဲ၊ ကိုယ်လိုချင်တဲ့ ရလဒ်ကိုရဖို့အတွက် လုပ်သင့်တဲ့ အရာမှန်သမျှကို ချရေး၊ အကုန်ချရေး၊ ပေါက်ကရ Idea တွေ၊ ကောင်းတဲ့ Idea တွေ၊ မကောင်းတစ်ကောင်း Idea တွေ ၊တော်တော်ကြီးကောင်းတဲ့ Idea တွေ၊ တကယ်တကယ်တမ်း မြန်မာနိုင်ငံနဲ့ သိပ်မကိုက်ဘူး ထင်တာတွေ အကုန်လုံးချရေး၊ ချရေးပြီးရင် အဲဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အမှန်တကယ် အသုံးချနိုင်တဲ့၊ ကိုယ့်အတွက် လောလောဆယ်မှာ ကိုက်ညီမယ့် အဆင်ပြေမယ့် အချက်လေးတွေကို ဦးစားပေး တစ်ချက်ပြန်ဆွဲ။

(၃) ဦးစားပေး အစီအစဉ် ပြန်ဆွဲသင့်တယ်။

ကိုယ်ဘယ်ဟာလေးတွေ အားသန်လဲ ဦးစားပေး အစီအစဉ်ပြန်ဆွဲပြီးရင် ကျွန်တော်တို့ ဘာလုပ်သင့်လဲဆိုရင် ကိုယ်လိုချင်တဲ့ Result ရဖို့ အတွက်ကို ကိုယ်လေ့လာသင့်တာတွေ လေ့လာရမယ်။

(၄) မေးစရာရှိတဲ့ သူတွေကိုမေးရမယ်။

အခုဆိုရင် Internet မှာ Google တစ်ချက်ခေါက်လိုက်ရင်၊ ကိုယ်က English ရတယ်ဆိုရင် လေ့လာစရာတွေ အများကြီးပဲ၊ Google မှာ ရနိုင်တယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကိုယ်နဲ့ အဲဒီနယ်ပယ်မှာ သိတဲ့သူတွေကို လိုက်မေးလို့ရတယ် ဆွေးနွေးလို့ရတယ်။ စာအုပ်တွေ ဖတ်လို့ရတယ်။

(၅) လုပ်စရာရှိတာ လုပ်ပါ။

လေ့လာသင့်တဲ့ အရာတွေလည်းသတ်မှတ်ပြီးပြီ၊ ဘယ်မှာ လေ့လာလို့ရမလဲလည်း သိနေပြီ၊ ဘာတွေကို လေ့လာရမှန်းလဲ သိနေပြီဆိုရင် ဦးစားပေး အစီအစဉ်ဆွဲ၊ လေ့လာသင်ယူရမယ့် အစီအစဉ်တွေကို အမှန်အကန် အကောင်အထည်ဖော်ဖို့ လိုတယ်။ လောကကြီးက ကျွန်တော်တို့ ဘာကို သိသလဲဆိုတာကို၊ ကျွန်တော်တို့ ဘယ်လောက်သိသလဲနဲ့ ပတ်သက်ပြီး ဘာမှလုပ်ပေးမှာ မဟုတ်ဘူး၊ ကျွန်တော်တို့သိတာတွေကို ဘယ်လိုအကောင်အထည် ဖော်လဲဆိုတာ မူတည်ပြီး ကျွန်တော်တို့လိုချင်တဲ့ Result တွေပေးမှာ၊ ဒါက ကျွန်တော့်ဆရာဖြစ်တဲ့ Chicken Soup For The Soul ရေးတဲ့ Jack Canfield အမေရိကန် No.1 Success Coach ဖြစ်တဲ့သူ ပြောတာပေါ့။ လုပ်စရာရှိတာမလုပ်ဘဲနဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။

(၆) ကျွန်တော်တို့ဘာရနိုင်လဲ။

ရလဒ် (၂) မျိုး ရနိုင်တယ်။ လုပ်စရာရှိတာလုပ်ပြီဆိုထဲက ရလဒ်တစ်ခုထွက်လာမယ်။ အဲဒီရလဒ်က ကောင်းတယ်ဆိုရင် ကျွန်တော်တို့ မှန်နေပြီ၊ ပြီးရင်ပိုကောင်းအောင် ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲ။ အဲဒီတော့ ပိုကောင်းအောင် ငါတို့ဘာတွေ လုပ်ရမလဲ။ ရလဒ်မကောင်းဘူးဆိုရင် ဒီရလဒ်ကနေ ငါတို့ဘာတွေရနိုင်လဲ၊ အဲဒီတော့ ပိုကောင်းအောင် ငါတို့ ဘာလုပ်ရမလဲ၊ ဒါမှမဟုတ် ပိုပြီးကောင်းအောင် တခြားနည်းလမ်းပြောင်းပြီး ဘာလုပ်မလဲ။

ဒီနည်းလမ်းကိုပဲ ပိုပြီးကောင်းအောင် မွမ်းမံပြီး လုပ်မလား။ ဒါလေးကိုဆင်ခြင်ပါ၊ ဆင်ခြင်ပြီးသွားရင် ဘာလုပ်မလဲ၊ ထပ်လုပ်ပါ။ အဲဒီတော့ ကျွန်တော်တို့လိုချင်တဲ့ Result မရသေးဘူးဆိုရင် ကိုယ်လုပ်နေတဲ့ မဟာဗျူဟာကို ပြောင်းမယ်၊ လုပ်ပုံကိုင်ပုံ ပြောင်းမယ်။ ထပ်လုပ်မယ်၊ မရသေးဘူးဆိုရင် လုပ်ပုံကိုင်ပုံပြောင်းမယ်၊ ထပ်လုပ်မယ်။ လုပ်ရင်းနဲ့ ကိုယ်လိုချင်တဲ့ ရလဒ်ကို ရလာမယ်။

အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တစ်ခုပြောမယ်ဆိုရင် ကိုယ်က ညအိပ်ယာဝင်ခါနီးဖြစ်ဖြစ်၊ ထိရောက်တဲ့ အချိန်လေးတွေမှာ ကိုယ်လိုချင်တဲ့ ရလဒ်ရပြီးသွားတဲ့ အခါမှာ အဲဒီမှာ ဘယ်လိုမျိုး ပျော်ရွှင်မှုတွေ ရှိလဲ၊ ပြီးအောင်လုပ်ပြီးတဲ့အခါမှာ ကိုယ်ရဲ့ခန္ဓာကိုယ်၊ ကိုယ်ရဲ့ယုံကြည်မှုတွေ၊ ကိုယ်ရဲ့ပျော်ရွှင်မှုတွေ ဘယ်လိုမျိုးတွေ ရှိနိုင်မလဲဆိုတာ မြင်အောင်ကြည့်၊ ခံစားကြည့် လူတွေက ကိုယ့်ကိုယ် ဘယ်လိုချီးမွမ်းကြလဲ၊ ဒါလေးတွေကို ကျွန်တော်တို့ အသံကြားယောင်ကြည့်၊ အဲဒီလိုလုပ်ချင်းဟာ ကျွန်တော်တို့ စိတ်ထဲမှာရှိတဲ့ စိတ်ရှုပ်မှုတွေ၊ သောကတွေ ပျောက်အောင်ကုပေးနိုင်တယ်။ ဒါလေးတွေ စမ်းကြည့်မယ်ဆိုရင် လုပ်စရာရှိတာ ဘာတွေလုပ်သင့်လဲဆိုတဲ့ အချက်အလက်လေးတွေ ရလာမယ်ထင်တယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial